ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

လက်တို့စ်ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ဒီပြဿနာကြောင့် လူတချို့ဟာ နွားနို့အပါအဝင် နို့များကို ရှောင်ကြဉ်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လက်တို့စ်မပါဝင်တဲ့နို့တွေ ထုတ်လုပ်လာကြပါတယ်။ ဒါဟာ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose intolerance) ကြောင့် ကြုံလာရမယ့် ဝေဒနာတွေကို ကာကွယ်လာနိုင်ပါတယ်။ ဒါပေမယ့် လူအများဟာ လက်တို့စ်မပါတဲ့နွားနို့ဆိုတာ ဘယ်လိုမျိုးလဲ၊ ပုံမှန်နွားနို့နဲ့ ဘာကွာသလဲ၊ သုဲးစွဲဖို့ သင့်မသင့် သေချာစွာ မသိကြသေးပါဘူး ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ လက်တို့စ်မပါတဲ့နို့နဲ့ ပုံမှန်နွားနို့အကြား ဘာကွာခြားသလဲ ဆိုတာပါပဲ။ လက်တို့စ်မပါတဲ့နို့ဆိုတာ ဘယ်လိုမျိုးလဲ သဘာဝနို့မှာပါဝင်တဲ့ လက်တို့စ်ကို ဖယ်ထုတ်ပြီး ထုတ်လုပ်ထားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ

ကြာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။ တာရှည်ခံအောင် ပြုပြင်ရာမှာ ဓာတုဆေးဝါးတွေပါဝင်လို့ အခုလို ယူဆတာပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ တာရှည်ခံအသားတွေရဲ့ ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ တာရှည်ခံအသား ဆိုတာ ဘာလဲ တာရှည်ခံအသားဆိုတာ အသားငါးများကို တာရှည်ခံနိုင်အောင် ဆားစိမ်ခြင်း၊ ကြပ်တိုက်ခြင်း၊ အခြောက်ခံခြင်း၊ စည်သွတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ပြုပြင်ထားခြင်းပဲ ဖြစ်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေကတော့ - ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဆလာမီ - ဝက်ပေါင်ခြောက် - အမဲသားဆားရေစိမ် - ကြပ်တိုက်သား - အမဲခြောက် - စည်သွတ်ဗူး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ အေးခဲထားခြင်း၊ ခုတ်ထစ်ပြုပြင်ထားခြင်း စတဲ့အသားတွေကိုတော့ မဆိုလိုပါဘူး။ ကျန်းမာရေးနှင့် မညီညွတ်ခြင်း တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ တာရှည်ခံ အစားအစာတွေကို ရေရှည်စားသုံးသူတွေကို လေ့လာကြည့်ရာမှာ ရောဂါမျိုးစုံ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးသောက်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်း

ရေသောက်တဲ့ အလေ့အထဟာ ကျန်းမာရေးအတွက် အထူး အထောက်အကူဖြစ်စေတဲ့ အလေ့အထတစ်ခုပါ။ နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ။ ဒီနေရာမှာ ပြောစရာရှိတာက တချို့အေးမြမြ ရေခဲရေလေးကိုမှ နှစ်သက်တက်ပြီး တချို့တွေကတော့ လက်ဖက်ခြောက်လေးဖြစ်ဖြစ် ခတ်ထားတဲ့ ရေနွေးကြမ်းမျိုးကိုမှ နှစ်သက်တတ်ကြပါတယ်။ ဘယ်ရေကို သောက်သည်ဖြစ်စေ သူ့လုပ်ဆောင်ချက်နဲ့သူ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမယ် ရေနွေးကို ပိုပြီးသောက်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်နော်။ ရေနွေးသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရုံသာမကပဲ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတို့ကို အထောက်အကူပြုတာနဲ့ လူကို လန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။ နေ့စဉ် မနက်စောစောနဲ့ အိပ်ရာဝင်ခါနီးတွေမှာ ရေနွေးတစ်ခွက်စီလောက် သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကို အထူးပဲ အထောက်အကူဖြစ်စေနိုင်ပါသေးတယ်။ သံပုရာသီးနည်းနည်းရောနှော မှီဝဲမယ်ဆိုရင် ဗီတာမင် C ပါ ရရှိဦးမှာပါ။ ဒါတင်ပဲလားဆိုတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

ရာသီဥတုက သိပ်ပူလာတဲ့အခါ တစ်နေ့တစ်နေ့ ရေတွေ မကြာခဏသောက်မိကြတာ သဘာဝပါပဲ။ ချွေးတွေမကြာခဏထွက်တာမို့ ရေဓာတ်ဖြည့်တင်းပေးဖို့ ရေ မကြာခဏသောက်ပေးတာဟာ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခုလို ပူပြင်းတဲ့ရာသီဥတုမျိုးမှာ အေးမြနေတဲ့ ရေခဲရေတွေ၊ ရေခဲသေတ္တာထဲမှာ အချိန်အတော်ကြာ အအေးခံထားတဲ့ အချိုရည်တွေကို သောက်သုံးရတာကို လူအတော်များများက နှစ်သက်တတ်ကြပါတယ်။ ပူလောင်နေတဲ့ နွေခေါင်ခေါင်ကြီးထဲ ရေခဲရေအေးအေး လေး ရင်ထဲကို အေးကနဲစီးဝင်သွားတဲ့အခါ ခံစားရတဲ့ စိတ်ကျေနပ်မှုကို ဘာနဲ့မှမတူဘူးမဟုတ်လား။ ဒါပေမယ့် သတိထားရမှာကတော့ အလွန်ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ရေခဲရေလို အလွန်အေးတဲ့ရေမျိုးတွေကို သောက်သုံးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားတာပါပဲ။ ရေခဲရေအေးအေး ဘာလို့မသောက်သင့်တာလဲ လူတော်တော်များများက အရမ်းတွေ ရာသီဥတု ပူလောင်လာပြီဆိုရင် ဒါမှမဟုတ် နေပူပူ အပြင်တစ်နေရာရာကနေ ပြန်လာပြီဆိုရင် အရင်ဆုံးပြေးကြတာက မီးဖိုချောင်က ရေခဲသေတ္တာဆီကိုပဲ မဟုတ်လား။ ရေခဲသေတ္တာလေးကို ဖွင့်ပြီး ရေခဲရေအေးအေး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ

တချို့က ပိန်ချင်ကြတယ်၊ တချို့ကျ ဝချင်ကြတယ်။ လူတွေရဲ့ စိတ်က ဆန်းကျယ်တယ်ပဲ ဆိုရမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ဖြစ်နေပေမယ့် ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ထင်နေတာမျိုးလည်းရှိတယ်။ ဒီလောက်ဆို စိတ်နဲ့ ကိုယ်အလေးချိန် ဆက်စပ်မှုရှိတယ်ဆိုတာကို နားလည်လောက်ရောပေါ့။ လူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြတာကြာပါပြီ။ ဒီကနေ့ခေတ်လို ပိန်မှ လှမယ်ဆိုတဲ့ အယူအဆ ကြီးစိုးတဲ့ ခေတ်မျိုးမှာဆိုရင် ကိုယ်အလေးချိန် လျှော့ချမှုမလုပ်ခင် စိတ်ပိုင်းဆိုင်ရာ အရလည်း မာကျောအားကောင်းနေဖို့ လိုအပ်ကြောင်း သတိပေးမှုတွေ ရှိနေပါတယ်။ ယျေဘုယျအားဖြင့်တော့ ကိုယ်အလေးချိန်ကို လျှော့ချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးပွားစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာကတော့ ဒီလုပ်ငန်းစဉ်ဟာ အသွား နှစ်ဖက်ပါတဲ့ ဓားသွားတစ်ခုဆိုတာကိုပါပဲ။ အသွားနှစ်ဖက်ပါတဲ့ ဓား မီဒီယာတွေနဲ့ တီဗီ၊ ရုပ်သံ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးဖျော်ရည် သောက်ကြမယ်

ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။ သရက်သီးဖျော်ရည်မှာ ဘယ်လို အာဟာရဓာတ်တွေပါဝင်နေလဲ....... သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း အကျိုးပြု ကိုလက်စထရော ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် phosphorus သံဓာတ် selenium ဆိုဒီယမ် တို့ ပါဝင်ပါတယ်။ သရက်သီးဖျော်ရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင် ကင်ဆာ ကာကွယ်ပေးတယ် သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။

နေမကောင်းဖြစ်ပြီဆိုရင် အရမ်းစိတ်ညစ်ရတယ်နော်။ ကလေးတွေဆိုရင်လည်း ကျောင်းပျက်ရတယ်၊ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့လည်း မကစားရဘူး။ လူကြီးတွေဆိုရင်လည်း အလုပ်ပျက်ရတော့ ကိုယ့်ရဲ့ တာဝန်တွေ လစ်ဟင်းကုန်တယ်။ မိသားစုဝင်တွေဆိုရင်လည်း ကိုယ့်ကို ပြုစုစောင့်ရှောက်ဖို့ သူတို့မှာ နဂိုရှိတဲ့ အလုပ်ထက် ပိုလုပ်ပြီး ဂရုစိုက်ပေးရတာပေါ့။ ဒါကြောင့် အကောင်းဆုံးကတော့ မဖျားမနာအောင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်ပေးဖို့ပါပဲ။ ဒါပေမယ့်လည်း ဘယ်လောက် ကျန်းမာနေတဲ့ လူပဲ ဖြစ်နေပါစေ၊ အနည်းဆုံး တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ဖျားကြတာပါပဲ။ အပြင်မှာက လူပေါင်းစုံ၊ အရာဝတ္ထုပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အခါ ကိုယ့်ကို ရောဂါပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး များတာပေါ့။ နေမကောင်းဘူးဆိုရင် ရေများများသောက်ဖို့၊ အာဟာရပြည့်ဝဖို့ လိုအပ်တာလဲဆိုတာ  တွေးမိနေမယ်ဆိုရင် ဒီဆောင်းပါးက နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရေဓာတ်နဲ့ အာဟာရဓာတ်ဆိုတာ လူတစ်ယောက် ကျန်းမာလာစေဖို့ လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

အဆီဆိုတာနဲ့ လူအတော်များများဟာ မကောင်းတဲ့ဖက်က မြင်ကြပါတယ်။ ဒါပေမယ့် အဆီဓာတ်ဟာလည်း ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်ဖို့ စတဲ့လုပ်ငန်းတွေအတွက် အဆီဓာတ်ကို လိုအပ်ပါတယ်။ နောက်ပိုင်းမှာ စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များနဲ့ သကြားများကို အဆီနေရာမှာ အစားထိုးသုံးလာကြရာမှာ ကယ်လိုရီအများအပြား ပါဝင်လာတဲ့အပြင် အာဟာရဓာတ်လည်း မယ်မယ်ရရ မရှိပါဘူး။ ပြည့်ဝဆီ ဆိုတာဘာလဲ ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) နှစ်ခုနဲ့ မဟုတ်ဘဲ တင်းကြပ်စွာပူးကပ်နေတဲ့ အဆီဓာတ်တွေကို ပြည့်ဝဆီလို့ခေါ်ပါတယ်။ များသောအားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲအနေနဲ့ တွေ့ရပါတယ်။ ပြည့်ဝဆီရဲ့ရင်းမြစ်တွေကတော့ - အမဲသား၊ သိုးသားများထဲမှ အဆီခဲများ - ဝက်သား၊ ကြက်သားများမှပါသော အဆီများ - ခရင်မ်၊ နို့၊ ထောပတ်၊ ဒိန်ခဲ စသည့် နို့ထွက်ပစ္စည်းများ - အုန်းဆီ၊ ဆီအုန်းဆီ စတာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တေါများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား.............. သံပုရာသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ......... အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C သံဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B6 Thiamine ပိုတက်ဆီယမ် niacin folate phosphorus riboflavin မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးလေးက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သံပုရာသီးမှာတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရုံးဖွင့်ချိန်မှာ မနက်စာ မလွတ်စေဖို့

သိပ်မကြာခင်မှာ ရုံးတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကိုယ်စီကိုယ်ငှ ရုံးပြန်တက်ကြရတော့မယ်။ Stay homeမှာ ညဘက်ကို နောက်ကျတဲ့ထိ နေပြီး မနက်ကို နောက်ကျမှ ထခဲ့တော့ ခုဆို တော်တော်အကျင့်ပျက်နေပါပြီ။ ဒီတစ်ခါ ရုံးပြန်ဖွင့်ရင် အရင်လိုပဲ ရုံးကို အချိန်မီရောက်ဖို့ ရုန်းကန်ရဦးမှာပါ။ မနက်ကလည်း မထချင် ရုံးကိုလည်း အချိန်မီသွားချင် ကြားထဲက မနက်စာ လွတ်တာတွေ ရှိလာတော့မှာပါ။ တခြားအချိန်ဆို မပြောလိုပေမယ့် ကိုဗစ်ကာလမှာတော့ ကိုယ်ခံအား ကောင်းနေမှ ဖြစ်မှာ မို့လို့ မနက်စာကိုတော့ သေသေချာချာလေး စားစေချင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်။ မနက်စာ စားခြင်းရဲ့ ကျေးဇူးများ တစ်နေ့တာရဲ့ ပထမဆုံးအစားအစာဖြစ်တဲ့ မနက်စာက လူ့ခန္ဓာကိုယ်အတွက် တော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မနက်စာက တစ်ညလုံး ဆာလောင်သမျှကို ပြေပျောက်စေပါတယ်။ သကြားဓာတ်ကို ပြန်သိုလှောင်ပေးပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း