ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစိမ်းမစားသင့်သော အစားအစာများ

တချို့သူတွေဟာ အသားစိမ်း၊ ငါးစိမ်း စသဖြင့် အစားအစာတွေကို ကျက်အောင် ချက်ပြီးစားသောက်တာထက် အစိမ်းစား ရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျက်အောင်မချက်ဘဲ အစိမ်းမစားသင့်သော ၊ စားရင် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ အစားအစာလေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ အစိမ်းမစားသင့်သော အစားအစာများ ၁။ အသားစိမ်း၊ ငါးစိမ်းများ အသားတွေ၊ ငါးတွေမှာ Salmonella, E.coli, Campylobacter, Clostridium, Listeria စတဲ့ ပါလာနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားကပ်ပါးကောင်တွေအများကြီး ရှိပါတယ်။ အသား၊ ငါးတွေကို အစိမ်းစားမယ်ဆိုရင် အဲဒီပိုးမွှားလေးတွေကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း နဲ့ အစာအဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပိုးမွှားအမျိုးအစားအပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ၁ရက်မှ ရက်ပေါင်းများစွာအထိ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်။ အဲဒီပိုးမွှားလေးတွေဟာ သေသေချာချာ ကျက်အောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

ဒါက ရေဓာတ်ခမ်းခြောက်တာလိုမျိုး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ ရေသောက်တဲ့ နေရာမှာလည်း တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ နည်းရင်လည်း ဘေးဖြစ်သလို များလွန်းရင်လည်း ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်။ ခုပြောပြမယ့် အကြောင်းအရာကတော့ ရေသောက်များခြင်းကြောင့် ဆန့်ကျင်ဘက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်သွားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ရေဆိပ်သင့်ခြင်း ဆိုတာ ဘာလဲ။ ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး ရေအများအပြား သောက်မိလိုက်တဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ရေကို အလွန်အကျွံ သောက်မိတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရေပမာဏ အလွန်များသွားပြီး သွေးထဲက ဆိုဒီယမ်ဓာတ်ကို ကျဲသွားစေပါတယ်။ ဆိုဒီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်း ဆဲလ်တွေရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်မှာ ရှိတဲ့ အရည်ပမာဏကို ထိန်းညှိပေးတာကြောင့် ဆိုဒီယမ်ဓာတ် ကျဲ (နည်း) သွားတဲ့အခါ […]


အဝလွန်ခြင်း

အစားအသောက်တွေကို အလွန်အကျွံစားမယ်ဆိုရင်

ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ အစားအသောက် တွေကလည်း ပုံစံအမျိုးမျိုး၊ အရသာမျိုးစုံ နဲ့ ရွေးချယ်စရာ အတော်ကို စုံလင်လာပါတယ်။ စုံလင်လှတဲ့ စားသောက်ဆိုင်တွေအပြင် နောက်ပိုင်းမှာ buffet လို့ခေါ်တဲ့ အဝစားဆိုင်တွေလည်း များပြားလာတဲ့ အခါ လူတွေကို အစားအသောက်တွေကို အတော်လေးပိုပြီး စားဖြစ်လာကြပါတယ်။ စိတ်ညစ်ရင်စားတယ်၊ ပျော်ရင်စားတယ်၊ အလိုလို နေရင်းစားတယ် စသဖြင့် အချိန်တိုင်းမှာ စားလာကြတာကို တွေ့ရပါတယ်။ အစားအစာက လူနဲ့တည့်တယ်၊ စားသင့်တယ်ဆိုတာ မှန်ပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံစားမိမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အစားအစာတွေကို ခဏခဏ အလွန်အကျွံစားမိမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ အစားအသောက်တွေကို မကြာခဏ လိုတာထက်ပိုပြီး အလွန်အကျွံစားမယ်ဆိုရင် ၁။ ပျို့အန်ချင်လာမယ်။ ဒါကတော့ ရေရှည်မှ မဟုတ်ဘဲ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Baby pineapple လေးတွေကို စားသင့်လား

ခုတလော facebookပေါ်မှာ ခေတ်စားနေတဲ့ နာနတ်သီးသေးသေးလေးတွေ အကြောင်း သတိပေးချင်လို့ပါ။  Baby pineapple လို့ ခေါ်တဲ့ ဒီနာနတ်သီးသေးသေးလေးတွေက အခွံပါခွာထားပြီး အလုံးလိုက်လေး၊ တော်တော်ချစ်ဖို့လည်း ကောင်းပါတယ်။ စားဖူးတဲ့သူတဲ့သူတွေကတော့ တော်တော်လေး ချိုတယ်လို့ပြောကြပါတယ်။ ပြဿနာက တချို့တွေက စားပြီးလို့ သိပ်မကြာဘူး။ မူးဝေ အော့အန်ပြီး နေရတာ တစ်မျိုးကြီး ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် ဒီနာနတ်သီးလေးတွေက ဘာပြဿနာများ ရှိနေလို့လဲ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ . . . Baby pineapple လေးတွေက အဆိပ်သင့်စေသလား။ တကယ်တမ်းပြောရရင် ဒီနာနတ်သီးလေးတွေကို မလေးရှား အပါအဝင် ထိုင်ဝမ်၊ စင်ကာပူနဲ့ တခြား နိုင်ငံတွေမှာ တင်သွင်းရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ အထူးသဖြင့်   Dragon fruit လို့ ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

“An apple a day keeps the doctor away” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ အဲဒီစကားလေးအတိုင်း ပန်းသီး ဟာ တစ်နေ့တစ်လုံး ပုံမှန်လေးစားပေးမယ် ဆိုရင် ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးရရှိစေနိုင်တဲ့ သစ်သီးလေး တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းစေနိုင်တဲ့ အစွမ်းထက် ပစ္စည်းလေးတွေက ပန်းသီးအသားထက် အခွံမှာ ပိုပြီးအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဆိုရင် တချို့သူတွေက အခွံနွှာပြီးမှ စားကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသီးကို အခွံမနွှာဘဲစားသင့်တဲ့ အကြောင်း ပြောပြပေးသွားချင်ပါတယ်။ ပန်းသီးလေးတွေဟာ ဆားဓာတ်နဲ့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး မှာ ပါဝင်တဲ့ flavonoid လို့ခေါ်တဲ့ ပစ္စည်းလေးက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးအရေခွံ ကို စားသင့်လား။

ငါးစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကို အတော်များများ သိထားကြမှာပါ။ ဒါပေမယ့် တချို့က ငါးစားတဲ့အခါမှာ ငါးအရေပြားကိုပါ စားမယ်ဆိုရင် အန္တရာယ်ရှိ၊ မရှိနဲ့ စားရင် ကျန်းမာရေးအတွက် ကောင်း၊ မကောင်း သေသေချာချာ မသိကြတာမျိုးကြောင့် မစားဖြစ်တဲ့ သူတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ငါးအရေခွံ နဲ့ ကျန်းမာရေးအကြောင်းလေးကို မျှဝေပေးသွားမှာပါ။ ၁။ ငါးအရေခွံ ကို စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်လား။ ငါးတွေကို ဝယ်ပြီးတဲ့အခါမှာ စင်ကြယ်အောင် ဆေးကြောသန့်စင်ပြီး အကြေးခွံတွေကို သေသေချာချာ ဖယ်ရှားပြီးပြီဆိုရင်တော့ ဘာအန္တရာယ်မှမရှိပါဘူး။ ငါးတွေမှာ ငါးအမျိုးအစားနဲ့ မွေးမြူရာနေရာ၊ နေထိုင်ရာနေရာ အပေါ်မူတည်ပြီး အနည်းနဲ့အများ မာကျူရီလို့ခေါ်တဲ့ အဆိပ်ဓာတ်တစ်မျိုး ထိတွေ့ပါဝင်ကြပါတယ်။ အဲဒီ မာကျူရီကတော့ ငါးအရေခွံတင်မက ငါးအသားမှာလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သာမာန်လူတွေမှာ ပုံမှန်စားရုံနဲ့တော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါးထဲပဲ ထည့်စားစား၊ ချဉ်ရည်ဟင်းထဲပဲ ထည့်ချက်ချက်၊ ပဲဟင်းထဲရောချက်ချက်၊ ဘဲဥ၊ ပုစွန်ခြောက်၊ ပုစွန်ဆိတ် သေးသေးလေးတွေနဲ့ပဲ ရောကြော်ကြော် စားလို့ကောင်းတဲ့ ပဲသီးလေးကို ကြိုက်တဲ့သူ ရှိလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ပဲသီးက ဘယ်လို အကျိုးကျေးဇူးတွေပေးလဲဆိုတာကို သိရှိနိုင်တာပေါ့။ ပဲသီးလေးကပေးတဲ့ ကျန်းမာရေး နေ့စဉ်နီးပါး တစ်မျိုးမျိုးနဲ့ စားသောက်နေမိတဲ့ ပဲသီးလေးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီးလေးကို စားသုံးပေးမယ်ဆိုရင် ပရိုတင်း ရရှိစေမယ် ပဲသီး ၁၀၀ ဂရမ်မှာ ပရိတင်း ၈.၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ပဲသီးကို နေ့စဉ် စားသုံးပေးတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်တင်းရာ ရောက်ပါတယ်။ ဗီတာမင် B Complex ပါဝင်နေတယ် ပဲသီး ၁၀၀ ဂရမ်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံး အတိုင်းအတာအရ နေ့စဉ် အများဆုံး သောက်နေကြတဲ့ ဖျော်ရည်စာရင်းမှာ ကော်ဖီဟာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူ့မှာ ပါတဲ့ ကဖင်းဓာတ်ကြောင့် စိတ်ကို နိုးကြားတက်ကြွစေသလို အိပ်ချင်တာ၊ ခေါင်းမူးတာတွေ ပြေစေပြီး စိတ်ကို ရွှင်လန်းစေတယ်။ တချို့တွေကျတော့လည်း ကော်ဖီကို ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုပြီး ရှောင်ကြတယ်။ ကော်ဖီ သောက်သင့်လား၊ မသောက်သင့်ဘူးလား။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားပုံကို အမြဲတမ်း လက်စွဲကျင့်သုံးဖို့သာ လိုအပ်ပါတယ်။ ကော်ဖီမှာလည်း သူ့ရဲ့ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေနိုင်တာကြောင့် တစ်နေ့ တစ်ခွက်၊ အများဆုံး နှစ်ခွက်လောက်ပဲ သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ နေ့တိုင်း သောက်နေတာထက်လည်း တစ်ရက်ခြားစီ သောက်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ ဒီနေရာမှာတော့ ထူးခြားခြား ကော်ဖီနဲ့ ဓာတ်မတည့်တာမျိုး၊ ကော်ဖီ သောက်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီး၏ အကျိုးကျေးဇူးများ

ကီဝီသီးဟာ အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အတွင်းသားဟာ ချိုချဉ်ပြီး စူးရှပါတယ်။ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးဟာ နေရာဒေသမျိုးစုံမှာ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကီဝီသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံ ဖြစ်ပါတယ်။ ၁။ ပန်းနာရင်ကျပ်ကို သက်သာစေခြင်း ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် အထောက်အကူပြုပါတယ်။ ကီဝီသီးကို ပုံမှန်စားသုံးခြင်းဟာ အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကျိုးပြုတယ်လို့ သုတေသနအချို့အရ သိရပါတယ်။ ၂။ အစာကြေစေခြင်း ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာချေစနစ်ကို အထောက်အကူဖြစ်စေပါတယ်။ ကီဝီသီးမှာ actinidin လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမျှင်ဓာတ်များသော အစားအစာများအကြောင်း

အမျှင်ဓာတ်ဟာ လူတို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း၊ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ နေ့စဉ် စားသုံးသင့်တဲ့ ပမာဏကတော့ အမျိုးသမီးများအတွက် ၂၅ ဂရမ်ဖြစ်ပြီး အမျိုးသားများအတွက် ၃၈ ဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ တစ်ရက်မှာ ၁၅-၁၇ ဂရမ်လောက်ပဲ စားဖြစ်ကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ အမျှင်ဓာတ်ကို ပိုမိုစားသုံးနိုင်ဖို့ဆိုတာ မခက်ခဲပါဘူး။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။ ၁။ သစ်တော်သီး (၃.၁ %) သစ်တော်သီးဟာ အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်း ကောင်းမွန်တဲ့အသီး ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုအနေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း