ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သိမ်းဆည်းကြမယ်

တချို့ အစားအသောက်တွေက ဝယ်လာပြီးပြီးချင်း လတ်လတ်ဆတ်ဆတ် စားသုံးရမှာတွေရှိသလို တချို့ကျတော့ ကြာရှည်အထားခံအောင် သိမ်းဆည်းထားရတာတွေ ရှိပါတယ်။ အခုတစ်ခေါက်တော့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် စနစ်တကျသိမ်းဆည်းရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ အရင်ဆုံး ကိုယ့်ရဲ့ရေခဲသေတ္တာအပူချိန်ကို သေချာထိန်းသိမ်းရပါမယ်။ အစားအသောက်တွေ သိမ်းဆည်းတဲ့ ရေခဲသေတ္တာအပူချိန်ကို အမြဲတမ်း ၅ ဒီဂရီ စင်တီဂရိတ် (ဒါမှမဟုတ်) ဒီထက်နည်းတဲ့ အပူချိန်မှာပဲ ထားပါ။ တချို့ရေခဲသေတ္တာတွေက အတွင်းပိုင်းအပူချိန်ကို ဖော်ပြပေးတဲ့ ဒစ်ဂျစ်တယ်စနစ် ပါဝင်တာကြောင့် အပူချိန်ထိန်းညှိဖို့ ပိုအဆင်ပြေစေပါတယ်။ အစားအသောက် လက်ကျန်တွေထဲက ဘယ်ဟာတွေကို လွှင့်ပစ်မလဲ၊ ဘယ်ဟာတွေကို သိမ်းဆည်းမလဲဆိုတာ တစ်ပတ်တစ်ခါ စစ်ဆေးပေးပါ။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အစားအသောက်တွေကို ၃ လတစ်ကြိမ်လောက် အကုန်ထုတ်ပြီး  ရေခဲသေတ္တာကို သေချာ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အအေးခန်း (freezer) ထဲတွင် သိမ်းဆည်းခြင်း  အစားအသောက်အတော်များများကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေဖရုံရွက် နဲ့ ကျန်းမာရေး

ကြော်ချက်ပဲ ချက်စားစား၊ ဟင်းချိုပဲ ချက်ချက်၊ ဟော့ပေါ့ထဲပဲ ထည့်စားစား စားရတာ ချိုချိုလေးနဲ့ အရသာရှိတဲ့ ရွှေဖရုံညွန့်လေးကို ကြိုက်တဲ့သူတွေရှိလား....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အရမ်းကြိုက်တဲ့ ဟင်းတစ်ခွက်က ကျန်းမာရေးကို ဘယ်လို အကျိုးပြုနေသလဲ ဆိုတာကိုပါ။ ရွှေဖရုံညွန့်ကပေးတဲ့ အာဟာရ အဝါရောင်သန်းပြီး အရသာချိုချိုလေးနဲ့ စားလို့အရသာရှိလှတဲ့ ရွှေဖရုံသီးတွေသီးတဲ့ ရွှေဖရုံပင်ရဲ့ အရွက်လေးတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် များစွာပါဝင်နေပါတယ်။ သံဓာတ် ဗီတာမင် B6 မဂ္ဂနိစ် Phosphorus ကော့ပါး ဗီတာမင် A ဗီတာမင် C အမိုင်နိုအက်ဆစ် Tryptophan Threonine Isoleucine Leucine နဲ့ Lysine တို့ ပါဝင်နေပါတယ်။ ရွှေဖရုံရွက်ကပေးတဲ့ ကျန်းမာရေး စားလိုက်ရင် အရသာရှိတဲ့ ရွှေဖရုံရွက်က ကင်ဆာ ကာကွယ်ပေးတယ် ကမ္ဘာတစ်လွှားမှာ သေဆုံးမှုနှုန်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အသားအရေအတွက် အကောင်းဆုံးဗီတာမင်များ

သင့်ရဲ့အသားအရေကို ဂရုစိုက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်အရေပြားဟာ သင့်ကိုယ်ခန္ဓာရဲ့ အကြီးမားအကျယ်ပြန့်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။ အသားအရေကို မပျက်စိးအောင် ထိန်းသိမ်းဖို့ဆိုရင် အများစုအနေနဲ့ ပြောနေကြကတော့ ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်း မရှိအောင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ဖို့၊ အပြင်ထွက်တဲ့အခါ အကာအကွယ်တွေ သေချာဝတ်ဆင်သွားဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာင်ခြည်ဟာ ဆိုးကျိုးပဲပေးတာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၀-၁၅ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ ဗီတာမင် D ကို ရရှိစေပါတယ်။ ဗီတာမင် D အပါအဝင် ဗီတာမင် C၊ ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အသားအရေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့ ဗီတာမင်တွေပဲ ဖြစ်ပါတယ်။ ယခုဆက်လက်ပြီး သင့်အသားအရေကို အထောက်အကူပြုတဲ့ အကောင်းဆုံး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံလွင်သီး စားဖြစ်လား

သံလွင်သီး ကို ဒီမှာတော့ ဟင်းလျာထဲ ထည့်ချက်တာ သိပ်မရှိကြပါဘူး။ သံလွင်ဆီကိုတော့ အစားများကြပါတယ်။ ဒါပေမယ့် ပီဇာ စားတဲ့အခါမျိုးမှာတော့ သံလွင်သီးက ပါတတ်စမြဲပါ။ ဒီ သံလွင်သီးလေးက ဘာတွေများ ကောင်းကျိုးများလဲ ဆိုတာကို ​ကြည့်လိုက်ရအောင်လား။ သံလွင်သီး ကပေးတဲ့ ကျန်းမာရေး သံလွင်သီးက မြေထဲပင်လယ်ဒေသရဲ့ အစားအစာတစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုးအပြင် ကျန်းမာရေး အာနိသင်ပါကြွယ်ဝပါတယ်။ သံလွင်သီး စားသုံးပေးတာက နှလုံးကျန်းမာစေသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာအပြင် ဘယ်လိုများ ကျန်းမာရေး အကျိုးထူးတွေ ပေးစွမ်းသလဲဆိုတာကို ကြည့်လိုက်ရအောင်လား.......... ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ နှလုံး ကျန်းမာစေနိုင်တယ် သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖလံတောင်ဝှေး နဲ့ ကျန်းမာရေး

မိုးလေးကျလာပြီဆိုရင် ဖလံတောင်ဝှေးလေးတွေက အစို့လေးတွေထွက်လို့ အပြိုင်အဆိုင် ကြီးထွားလာကြပါပြီ။ မိုးအေးအေးမှ ဖလံတောင်ဝှေးကို ထုပြီး ပုစွန်ခြောက်လေးနဲ့ ဖြစ်ဖြစ် ပုစွန်ဆိတ်လေးနဲ့ဖြစ်ဖြစ် ကြော်စားတာက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပေါ့။ ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးက စားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။ ဖလံတောင်ဝှေးဆိုတာ ဘာလဲ........ အစိမ်းရောင် အရိုးတံရှည်ရှည်လေးတွေရှိနေတဲ့ တစ်တောင်သာသာလှီးဖြတ်ထားတဲ့ ဖလံတောင်ဝှေးလေးတွေက မြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါ။ ဖလံတောင်ဝှေးက စားကောင်းတဲ့ ဟင်းတစ်ခွက်ဆိုတာထက် ဆေးဖက်ဝင် အပင်တစ်မျိုးဆိုရင် ပိုမှန်ပါမယ်။ ချက်ပြုတ်စားတဲ့ ပင်စည်တင်မကပဲ အမြစ်ကစလို့ ပွင့်လာမယ့် ပန်းအထိ အကုန်လုံးက ဆေးဖက်ဝင်ပါတယ်။ ဖလံတောင်ဝှေးအမြစ်ကို သဘာဝ သန်ချဆေးအဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေး အဆီကို ချောင်းဆိုးတာ၊ပန်းနာရင်ကြပ်နဲ့ […]


ကျန်းမာစွာ စားသောက်ခြင်း

ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

ကန်စွန်းရွက်ကြော် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။ ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ ကန်စွန်းရွက်ကြော် စားတာက- သွေးတွင်းကိုလက်စထရော ကျစေတယ် ကန်စွန်းရွက် က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်ကြော် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသည်း အတွက် ကောင်းတယ် ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်နံနံဖျော်ရည်၏ ကျန်းမာရေးအကျိုးပြုပုံ

တရုတ်နံနံပင် (celery) ဟာ ဖျော်ရည်လုပ်သောက်လို့ရတဲ့ အရွက်ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့အတွက် သင်နေ့စဉ်သုံးစွဲသင့်တဲ့ အစားအသောက်ထဲ တခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ ကယ်လိုရီများစွာပါဝင်ခြင်းမရှိဘဲ ၄၀ ကယ်လိုရီသာ ပါဝင်ပါတယ်။ အာဟာရဓာတ်အားဖြင့် - ဗီတာမင် A - ဗီတာမင် K - ဗီတာမင် C - ဘီတာကယ်ရိုတင်း - Flavonoid - အပင်များမှရရှိသော phytonutrient အာဟာရဓာတ်များ - ကယ်လ်ဆီယမ် - သံဓာတ် - မဂ္ဂနီဆီယမ် - ဖော့စဖရပ်စ် - ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။ တရုတ်နံနံဖျော်ရည်မှာ အရွက်အနေအထားမှာ ရှိခဲ့တဲ့ အမျှင်ဓာတ်တွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ တရုတ်နံနံဖျော်ရည်ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးတိုးကျစေခြင်း သုတေသနအချို့အရ တရုတ်နံနံအစေ့ဟာ သွေးတိုးကျစေတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရသာခါးပေမယ့် သင့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာများ

ခါးသက်သော အစားအစာကို ကျန်တဲ့အရသာရှိ အစားအစာတွေထက် လူကြိုက်နည်းပါတယ်။ အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်နေကြတဲ့ အစားအစာမျိုးစုံကြားမှာ များသောအားဖြင့် ခါးတဲ့အစာတွေကို ရွေးချယ်မှုနည်းတတ်ပါတယ်။ ဒါပေမယ့် ခါးတဲ့အစားအစာတွေဟာလည်း အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးအာနိသင်များစွာ ပေးစွမ်းနိုင်ပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ကျန်းမာရေးကို အကျိုးပြုမယ့် ခါးသက်တဲ့အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ၁။ ကြက်ဟင်းခါးသီး ကြက်ဟင်းခါးသီးကို အာရှ၊ အာဖရိကနဲ့ ကရစ်ဘီယန်ပင်လယ်ဒေသတဝိုက်က နိုင်ငံတွေမှာ စားသုံးမှုများပါတယ်။ ကြက်ဟင်းခါးသီးဟာ အတော်လေးကို ခါးသက်တဲ့အရသာ ရှိပါတယ်။ ထူးခြားချက်ကတော့ triterpenoid၊ polyphenol နဲ့ flavonoid ဆိုတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အဟန့်အတားဖြစ်စေတဲ့ အထောက်အထားတွေ ရှိနေပါတယ်။ တိုင်းရင်းဆေးပညာတချို့မှာ ကြက်ဟင်းခါးသီးကို ဆီးချိုဝေဒနာသည်တွေမှာ သွေးတွင်းအချိုဓာတ် လျှော့ချဖို့ အသုံးပြုကြပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

အခုလို မိုးအေးအေးနဲ့ရာသီဥတုမှာ ရေနွေးပူပူလေးတခွက်နဲ့ ဇိမ်ကျနေဖူးပါသလား။ တကယ်တော့ ရေနွေးပူပူလေးတခွက်ဟာ သင့်ကိုနွေးထွေးစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ အစာကြေခြင်း၊ နှာစေးသက်သာစေခြင်း၊ လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။ ရေနွေးတခွက်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီဖာရင်ဟိုက်အကြားပဲ ရှိသင့်ပါတယ်။ ဒီထက် ပူသွားရင် လျှာက အရသာခံအဖုလေးတွေကို ထိခိုက်သွားနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ရေနွေးသောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ နှာစေးနှာပိတ်ခြင်းကို သက်သာစေခြင်း ရေနွေးပူပူကထွက်တဲ့ အငွေ့ဟာ နှာစေးနှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ထွက်လာတဲ့အငွေ့များကို နိုင်သလောက်ရှူပေးခြင်းအားဖြင့် နှာပိတ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ရေနွေးကို သောက်လိုက်တဲ့အခါ လည်ချောင်းတလျှောက်မှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေပါတယ်။ အစာကြေစေခြင်း ရေနွေးသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အရည်ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် အညစ်အကြေးများကို စွန့်ထုတ်ဖို့လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆန်လုံးညို နဲ့ ကျန်းမာရေး

နေ့စဉ် စားနေကျ ထမင်းစားရင် ကစီဓာတ်များတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ဆန်လုံးညို ပြောင်းစားမလား စဉ်းစားတယ်။ ဒါပေမယ့် ဆန်လုံးညိုက တကယ်ကော ကောင်းကျိုးများရဲ့လား သိချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရင် ဆန်လုံးညို စားသင့်လား၊ မစားသင့်လားဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ သေချာပါတယ်။ ဆန်လုံးညိုကပေးတဲ့ ကျန်းမာရေး စားလိုက်ရင် တဖောက်ဖောက်နဲ့ စားကောင်းတဲ့ ညိုတိုတိုအရောင် ဆန်လုံးညိုလေးက သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဆန်လုံးညိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးတယ် ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝတာကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း