ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ

ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတမျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။ အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလင်းဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာပါပဲ။ နှလုံးကျန်းမာရေး ကိုလင်းပမာဏများခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဖောလိတ်နဲ့ ကိုလင်းဟာ ဟိုမိုစစ်စတိန်းလို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို မီသိုင်အိုနင်းဆိုတဲ့ ပစ္စည်းအနေနဲ့ ပြောင်းလဲပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတိန်းများနေခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်နွယ်နေပါတယ်။ ကိုလင်းဟာ အဆိုပါ အမိုင်နိုအက်ဆစ်ကို လျော့နည်းစေပါတယ်။ ဦးနှောက်ကျန်းမာရေး အက်ဆီတိုင်းကိုလင်းလို့ ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း

သက်သတ်လွတ်စားခြင်းဟာ ကောင်းတဲ့အလေ့အထတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်အလေးချိန် များခြင်း၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားတချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ ဒါပေမယ့် အာဟာရဓာတ်တချို့ကိုတော့ အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ပမာဏ တွေ့ရှိနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာများကိုသာ စားသုံးသူများအဖို့ အာဟာရဓာတ်အချို့ လိုအပ်ခဲ့ရင် ဖြည့်စွက်စာများ အနေနဲ့ စားပေးဖို့ လိုအပ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အပင်များကနေ မရရှိနိုင်တဲ့ အာဟာရဓာတ်များအကြောင်း ဖြစ်ပါတယ်။ ၁။ ဗီတာမင် B12 ဗီတာမင် B12 ကို အသားငါး အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး စတာတွေပဲ အများဆုံး တွေ့နိုင်ပါတယ်။ ဗီတာမင် B12 ဟာ သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာနဲ့ ဦးနှောက်နဲ့ အာရုံကြော လုပ်ငန်းတွေကို ပုံမှန်ထိန်းသိမ်းပေးရာမှာ အရေးပါပါတယ်။ အသားမစားသူတွေမှာ ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ

ဦးနှောက်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်ရာ ပင်မနေရာပဲ ဖြစ်ပါတယ်။ သင့်နှလုံး ပုံမှန်ခုန်စေဖို့၊ သင့်အဆုတ်တွေ ပုံမှန်အသက်ရှူဖို့၊ သင်လှုပ်ရှား တွေးတော ခံစားတတ်ဖို့ ဦးနှောက်က အဓိက ကျပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု စတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။ ၁။ အဆီဓာတ်ကြွယ်ဝသောငါးများ ဦးနှောက်ကို အကျိုးပြုတဲ့ အစားအစာတွေအကြောင်းပြောရင် အဆီကြွယ်ဝတဲ့ ငါးများကို ထိပ်ဆုံးက ဖော်ပြရမှာ ဖြစ်ပါတယ်။ ဆယ်လ်မွန်၊ ထရောက်ငါး၊ ငါးသေတ္တာ စတဲ့ငါးတွေ ဖြစ်ပါတယ်။ သူတို့မှာ Omega 3 ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ဦးနှောက်ဟာ Omega 3 ကို ဦးနှောက်ဆဲလ်များ၊ အာရုံကြောဆဲလ်များ တည်ဆောက်ရာမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒူးရင်းဩဇာရွက် ရေနွေးကြမ်း

ဒူးရင်းဩဇာသီးက စားလို့ရတယ်၊ အာဟာရ ကြွယ်ဝသလို ဆေးဖက်လည်း ဝင်တယ်ဆိုတကို တော်တော်များများက သိထားပြီး ဖြစ်ပေမယ့် ဒူးရင်းဩဇာရွက် ကိုအခြောက်ခံ​ပြီး ရေနွေးကြမ်းလို သောက်လို့ရတယ်။ ဒီလို သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို သိသူ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ဒူးရင်းဩဇာရွက်ကို အခြောက်ခံပြီး ရေနွေးလုပ်သောက်တာကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒုးရင်းဩဇာရွက်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ဒူးရင်းဩဇာရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ သံဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကယ်လ်ဆီယမ် အမျှင်ဓာတ် ပရိုတင်း ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဗီတာမင် K တို့ ပါဝင်နေပါတယ်။ ဒူးရင်းဩဇာရွက် ရေနွေးကြမ်း နဲ့ ကျန်းမာရေး ဒူးရင်းဩဇာရွက်ကို ရေနွေးကြမ်း လုပ်သောက်မယ်ဆိုရင် အိပ်ပျော်စေတယ် ဒူးရင်းဩဇာရွက်ကို ရှေးယခင်ကာလတွေကတည်းက အိပ်မပျော်တာကို သက်သာစေဖို့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒူးရင်းသီးစေ့ ကို လွှင့်ပစ်နေမိဆဲလား..............

ကြိုက်တဲ့သူအတွက် မွှေးအီနေပြီး မကြိုက်တဲ့သူတွေအတွက်တော့ ခေါင်းကိုက်လောက်တဲ့အထိ အနံ့ဆိုးတဲ့ ဒူးရင်းသီးကို စားပြီးတိုင်း ဒူးရင်းသီးစေ့ကို လွှင့်ပစ်နေမိတုန်းပဲလား။ ဒါဆိုရင်တော့ ဒူးရင်းစေ့လေးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ ဒူးရင်းသီးစေ့က ဘယ်လို အကျိုးကျေးဇူးလေး​တွေ ပေးလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဒူးရင်းသီးစေ့ မှာပါတဲ့ အာဟာရဓာတ်များ ဒူးရင်းသီးမှာတင်မဟုတ်ဘဲ အသားချိုချို အောက်မှာရှိနေတဲ့ ဒူးရင်းသီးစေ့မှာလည်း ကစီဓာတ် အမျှင်ဓာတ် ဇင့် အဆီဓာတ် phosphorus ကယ်လ်ဆီယမ် စတာတွေ ပါဝင်နေပါတယ်။ လူတော်တော်များများက ဒူးရင်းသီး အသားကို နှစ်နှစ်ခြိုက်ခြိုက်စားကြပေမယ့် ဒူးရင်းသီး အစေ့ကိုတော့ လွှင့်ပစ်​ကြတာ များပါတယ်။ ဒူးရင်းသီး အစေ့က အစိမ်းစားရင် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ဒူးရင်းသီးစေ့ကို ပြုတ်ပြီးဖြစ်ဖြစ်၊ မီးကင်ပြီးဖြစ်ဖြစ် ဟင်းချက်ပြီးဖြစ်ဖြစ်တော့ စားသုံးလို့ရပါတယ်။ ဒီတော့ ဒူးရင်းသီးစေ့က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲ ဆိုတာကို […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့

သက်သတ်လွတ် စားတာကို ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ကျန်းမာရေး အရပဲ ဖြစ်ဖြစ် ဒီခေတ်မှာ တော်တော်များများ လုပ်လာကြပါပြီ။ သက်သတ်လွတ်စားတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်ဟာမဆို ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလေ့ ရှိတာ မို့လို့ရေရှည်စားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။ သက်သတ်လွတ်သမားတွေ အမျိုးမျိုးရှိပါတယ်။ ဗဟုသုတပြောပြရရင် -Lacto-vegetarian တွေကတော့ အသား၊ငါး၊ ဥတွေ၊ အဲ့တာတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မစားပါဘူး။ ဒါပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ စားပါတယ်။ -Ovo-vegetarian တွေကတော့ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါတယ်။ ဥတွေတော့ စားပါတယ်။ -Lacto-ovo vegetarian တွေကတော့ အသား၊ ငါး ရှောင်ပြီး ဥ၊နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပါတယ်။ -Pescatarianကတော့ ငါးကလွဲပြီး ကျန်တာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ ရေ ၈ခွက် သောက်တာ တကယ်မှန်လား။

ရေ များများသောက်နော်လို့ သူများတွေ ပြောတာ ကြားဖူးမှာပေါ့။ ဒါမှမဟုတ် တစ်နေ့ ရေ၈ခွက်သောက်နော်လို့ ပြောတာလည်း ကြားဖူးမှာပေါ့။ နည်းနည်းလောက် စဉ်းစားကြည့်ရအောင်။ ဒီရေ၈ခွက်က ကလေးလည်း ၈ခွက်၊ လူကြီးလည်း ၈ခွက်၊ ပိန်တဲ့သူလည်း ၈ခွက်၊ ဝတဲ့သူလည်း ၈ခွက်၊ ပူလွန်းတဲ့ ကန္တာရနိုင်ငံလည်း ၈ခွက်၊ အေးလွန်းတဲ့ ကိုရီးယားလည်း ၈ခွက်၊ တစ်နေကုန်ထိုင်နေတဲ့သူလည်း ၈ခွက်၊ ချွေးထွက်အောင် အလုပ်လုပ်ထားသူလည်း ၈ခွက်ဆိုရင် ဟုတ်ပါ့မလား။ ဒါက သိပ်ပြီး logicalမဖြစ်ဘူး ထင်တယ်နော်။ ဒါဆို ရေ၈ခွက်က မှားများနေတာလား။ အတူတူစဉ်းစားကြည့်ရအောင်။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါပါတယ်။ ဒါကြောင့် ရေက နေ့တိုင်း သောက်ရမှာပါ။ ဒါပေမယ့် ဘယ်လောက် သောက်ရလဲဆိုတာ သေသေချာချာ မသိကြပါဘူး။ ကယ်လိုရီလိုပဲ ရေကိုလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မူးတယ်၊ မောတယ်၊ သံဓာတ် အားနည်းတယ်ဆို ဘာစားကြမလဲ

ခေါင်းနည်းနည်း မူးတယ်၊ အသက်ရှူ မဝသလို မောတယ်၊ ရင်တုန်တယ်၊ လှုပ်လိုက်တာနဲ့ အားကုန်၊ အားမရှိသလို နုံးနေတယ်ဆိုရင် သံဓာတ် အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ သံဓာတ် ပြည့်ဝအောင် မစားခြင်း၊ အူရောင်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆင်းများခြင်း စသဖြင့် သံဓာတ်အားနည်းခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းက အများကြီးရှိနိုင်တယ်လေ။ ဒါပေမယ့် ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ အချိန်မီ ပြန်လည်ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် နောက်ဆုံးကျ ကျန်းမာရေးချုချာလာတာ၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းလာတာ၊ အလုပ်မှာ စွမ်းဆောင်ရည် ကျလာတာတွေ ဖြစ်လာနိုင်တယ်။ အားဆေး သောက်ရမလား သံဓာတ် ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပေမယ့် လွန်ကဲရင်လည်း ဘေးအန္တရာယ်တွေ ရှိနိုင်တာမို့ ကိုယ့်မှာ ချို့တဲ့နေတာ ဟုတ်မဟုတ် မသေချာရင် သံဓာတ်အားဆေးတွေကို ရမ်းမသောက်သင့်ပါဘူး။ တစ်နေ့တာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

အစားအသောက် ကို ဘယ်လောက် ဆင်ခြင်တယ်ပဲ ဆိုဆို တစ်ခါတလေ တော့ ကိုယ်ကြိုက်တာလေးတွေ မြင်ရင် ထဝုန်းမိတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာတွေက အဆီများ တာတွေ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ်က diet လုပ်နေတဲ့သူ ဒါမှမဟုတ် ကျန်းမာရေး အတွက် အစား ဆင်ခြင်နေတတ်သူ တစ်ယောက် ဆိုရင် တစ်ခါတလေ cheat မိတဲ့ အစားအသောက် ကြောင့် ဘေးဖြစ်မှာကို စိုးရိမ်မိမှာပဲ။ ဒီလို အနေအထားမျိုး မှာ အစာခြေစနစ် ကိုရော၊ ခန္ဓာကိုယ် အတွက်ရော ဝန်မပိစေ၊ ဘေးမဖြစ်စေအောင် အကူအညီ ဖြစ်စေမယ့် အကြံဉာဏ်လေး တွေ ပြောပြချင်ပါတယ်။ အဆီများ တာတွေ စားပြီးရင် - (၁) ရေနွေးနွေး သောက်ပါ။ အဆီများတဲ့ အစားအသောက်တွေ စားပြီးရင် ရေနွေး(ရေနွေး အဖြူ ဖြစ်ဖြစ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညီညွတ်မျှတသော စားသောက်မှုပုံစံ (Balanced Diet) အကြောင်း

အာဟာရ ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ဘယ်လိုမျိုးလဲ ညီညွတ်မျှတသော စားသောက်မှုပုံစံ ဆိုတာ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးနိုင်တဲ့ စားသောက်ပုံမျိုး ဖြစ်ပါတယ်။ အာဟာရဓာတ်ကို သင့်တော်ကောင်းမွန်စွာ ရရှိနိုင်ဖို့ - လတ်ဆတ်သော အသီးအနှံများ - လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ - မပြုမပြင်ထားသော အစေ့အဆန်များ - ပဲအမျိုးမျိုး - အခွံမာသီးများ - ပရိုတိန်း စတာတွေကို နေ့စဉ် စားသုံးနိုင်ဖို့ လိုပါတယ်။ ကယ်လ်လိုရီအကြောင်း ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ကို ကယ်လ်လိုရီအနေနဲ့ အစားအစာတွေဆီကနေ ရရှိပါတယ်။ နေ့စဉ် လမ်းလျှောက်ခြင်း၊ တွေးခေါ်ခြင်း၊ အသက်ရှူခြင်း စတဲ့ တနေ့တာ လုပ်ဆောင်ချက်တွေအတွက် ကယ်လိုရီကို လိုအပ်ပါတယ်။ လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၂၀၀၀ ခန့် စားသုံးဖို့ လိုပါတယ်။ အသက်အရွယ်၊ ကျား/မ၊ လှုပ်ရှားမှု စတာတွေပေါ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း