ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

မာလာရှမ်းကောထဲမှာပါတဲ့ မက်ခါသီး

မာလာရှမ်းကော စားတဲ့အခါ ခပ်ထုံထုံ အရသာကိုပေးတဲ့ အရာလေးဖြစ်သလို ဟင်းကို အနံ့အရသာ တိုးစေတဲ့ မက်ခါသီးလေးက ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါများစွာထွက်တဲ့ ဒေသထွက် ဟင်းခတ် အမွှေးအကြိုင်လေးပါ။ ငရုတ်ကောင်းလိုပဲ ဟင်းလျာတွေထဲမှာ အနံ့အရသာတိုးစေဖို့ ထည့်တတ်ကြပါတယ်။ ဒီလို အထုံအရသာပေးစွမ်းတဲ့ မက်ခါသီးလေးက စားကောင်းရုံတင်ပဲလား။ ကျန်းမာရေး အကျိုးကျေးဇူးရော ရှိလား သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ မက်ခါသီးမှာပါတဲ့ အာဟာရ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်တဲ့ မက်ခါသီးလေးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုတက်ဆီယမ် ဗီတာမင် A သံဓာတ် manganese ဇင့် copper phosphorous တို့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါသေးတယ်။ မက်ခါသီး နဲ့ ကျန်းမာရေး ခပ်ထုံထုံ ခပ်မွှေးမွှေး မက်ခါသီးလေးက လန်းဆန်းစေတယ် မက်ခါသီးက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ မက်ခါသီးမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဥပုသ်စောင့် တာ ဝိတ်ကျစေမလား။

ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ရင် ကုသိုလ်ရအောင်ဆိုပြီး သီလယူ ဥပုသ်စောင့် ကြတယ်နော်။ ဥပုသ်စောင့်တာက မွန်းလွဲညစာ မစားဘဲ ကုသိုလ် ဘာဝနာ ပွားများရတာပါ။ ဒီတော့ သေချာတာက နေ့လယ် ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားဖြစ်တော့ဘူး ဆိုတာပါ။ ဝိတ်ချဖို့ဆိုရင် ညနေ ၅ နာရီ နောက်ပိုင်း ဘာမှ မစားနဲ့ဆိုတော့ နေ့လယ်၁၂ နာရီ နောက်ပိုင်း ဘာမှ မစားရတဲ့ ဥပုသ်စောင့်တာက ဝိတ်ကျမလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ဒီအဖြေလေးကို သေချာ သိစေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။ ဥပုသ်စောင့် တာက ကုသိုလ်လည်းရ ဝိတ်လည်းကျ ဥပုသ်စောင့်ဖို့အတွက် ညနေစာ မစားဘဲနေခြင်းက ကိုယ်အလေးချိန် ကျစေဖို့ အထောက်အပံ့ ပေးနိုင်သလို ကျန်းမာရေး အတွက်လည်း အကျိုးများပါတယ်။ ဥပုသ်စောင့်တာကြောင့် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်းကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ငွေကုန်ခံပြီးသာ လုပ်ရတယ်။ ကိုယ့်အတွက် သိပ်မထိရောက်ဘူး၊ ဝိတ်လည်း ကျမလာဘူးလို့ ခံစားရရင် ကိုယ့်အခြေအနေကိုယ် ဒီအချက်တွေနဲ့ တိုက်ကြည့်လိုက်ပါဦး…  (၁) ketosis အဆင့်ကို မရောက်သေးတာ ကီတိုစားသောက်နည်းမှာ အရေးပါတဲ့ ketosis အဆင့်ကို မရောက်သေးတာက ကာဗိုဟိုက်ဒရိတ် စားသုံးတာ များနေလို့ဖြစ်နိုင်ပါတယ်။ ကီတိုနည်းနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ကို မမြင်ဖူးရင်သာ ရှိမယ်၊ မကြားတဲ့သူ ဆိုတာ မြန်မာနိုင်ငံမှာ ခပ်ရှားရှားရယ်။ အနည်းဆုံးတော့ ပေါင်မုန့်မှာ ပါတာ တွေ့ဖူးကြမှာပါ။ ယူတို့ စားနေကျ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို သိတယ် ဟုတ်။ သူ့ကို ပြုလုပ်တဲ့ နေရာမှာ ဆွမ်းမွှေးရွက်ပါဝင်တယ်နော်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ရနံ့လေး မွှေးဖို့ နဲ့ ဆိုးကျိုးကင်းတဲ့ သဘာဝအရောင်ဆိုးဆေး အဖြစ် သုံးဖို့ ဆွမ်းမွှေးရွက်ကို အစားအသောက်တွေမှာ ထည့်သွင်းကြတာပေါ့။ ပူတင်းပေါင်မုန့်၊ ကိတ်မုန့်၊ ပေါင်မုန့် စတာတွေမှာ ထည့်သွင်းပြုလုပ်ကြသလို ထမင်းနဲ့ ဟင်းလျာတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။ ဆွမ်းမွှေးရွက် ရဲ့ အကျိုးကျေးဇူးများ အစားအသောက်တွေမှာ အနံ့အရသာ ပြည့်စုံစေဖို့ ဆွမ်းမွှေးရွက်ကို ထည့်သွင်းလေ့ ရှိကြပေမယ့် တကယ်တမ်း သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရင် ပိုတောင် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်စေဖို့ ကြက်ပေါင်းရည် သောက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

“နေမကောင်းဘူးလား…ကြက်ပေါင်းရည် သောက်လေ” “စာမေးပွဲနီးပြီ စာတွေ ကျက်ရတာ ပင်ပန်းနေပြီလား လန်းသွားအောင် ကြက်ပေါင်းရည် သောက်ပါလား” ဆိုတာတွေက တော်တော်လေး နားယဉ်နေမယ့် စကားဖြစ်မယ် ထင်ပါတယ်။ ဒီလို ကြားဖူးနေမှုနဲ့အတူ ကြက်ပေါင်းရည် သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ထွေထွေးထူးထူး ပြောပြနေစရာမလိုဘဲ တော်တော်များများသိထားပြီး ဖြစ်မှာပါ။ အာရှတိုက်သားတွေ အထူးသဖြင့် တရုတ်လူမျိုးတွေက ကြက်ပေါင်းရည်ကို အားဖြစ်စေမယ့် ဟင်းလျာတစ်ခု အဖြစ် ရှေးယခင်ကာလတွေကတည်းက စားသုံးလာခဲ့ကြတာပါ။ နာလန်ထ လူနာတွေကို မြန်မြန်အားပြည့်စေဖို့၊ နေမကောင်းသူတွေကို မြန်မြန်နေကောင်းစေဖို့၊ ကလေးတွေကို စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ဖို့၊ နို့တိုက်မေမေတွေကို ကိုယ်ခံအားကောင်းပြီး ဘေဘီလေးကို နို့ဝဝတိုက်နိုင်စေဖို့ဆိုပြီး ပြင်ဆင်ပေးလေ့ရှိတဲ့ ကြက်ပေါင်းရည်က တကယ်ရော ကောင်းရဲ့လား။ ဘာလို့များ ဒီလောက်တောင် ညွှန်းနေကြတာလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။ ကြက်ပေါင်းရည် တကယ်ကောင်းသလား။ ကြက်ပေါင်းရည်က ကျန်းမာရေးအတွက် ကောင်းသလားဆိုတာ မပြောခင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သားက အဆီမပါတဲ့ အသား တစ်မျိုးဖြစ်ပြီး ကြက်သားလိုပါပဲ။ ဟင်းချက်စားတာ၊ ကြော်စားတာ၊ ကင်စားတာတွေ လုပ်လို့ရပါတယ်။ အဆီ ပါဝင်မှု နည်းပြီး ပရိုတင်းပါဝင်မှုများတာက ယုန်သားရဲ့ အားသာချက်တစ်ခုလို့ ဆိုရပါမယ်။ ကိုယ်အလေးချိန် ချချင်သူတွေအတွက်ရော ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်သူတွေအတွက်ပါ တော်တော်လေး အဆင်ပြေစေမှာပါ။ ယုန်သား အာဟာရ များတယ်လား.............. ယုန်သားက လူစားနည်းပေမယ့် တော်တော်လေး အာဟာရ များတယ် ဆိုရပါမယ်။ ယုန်သားမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း သံဓာတ် ပိုတက်ဆီယမ်  magnesium  phosphorus ဇင့် selenium ကယ်လ်ဆီယမ် ဗီတာမင် B12 thiamin (ဗီတာမင် B1) riboflavin (ဗီတာမင် B2) niacin (ဗီတာမင် B3) ဗီတာမင် B5 ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ်က မြန်မာလူမျိုးတွေ အကြိုက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အချိုပွဲ အနေနဲ့တော့ ပေါင်မုန့်နဲ့ သုတ်ပြီးဖြစ်ဖြစ် သကြားမပါတဲ့ cracker လေးနဲ့ဖြစ်ဖြစ် တွဲစားလို့ ရပါတယ်။ မြေပဲအရသာနဲ့ ချိုချိုမွှေးမွှေးလေး စားလို့ကောင်းတဲ့ မြေပဲထောပတ်က စိတ်ကျေနပ်စေတဲ့ အရသာကိုတင် ပေးတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးပါသေးတယ်။ မြေပဲထောပတ်မှာပါတဲ့ အာဟာရ အရသာရှိလှတဲ့ မြေပဲထောပတ်မှာ ကြွက်သား နဲ့ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ပရိုတင်း ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့ မဂ္ဂနီဆီယမ် အရိုးတွေကို သန်မာစေပြီး ဆဲလ်တွေကို အင်အားတွေထုတ်လုပ်အောင် ကူညီပေးနိုင်တဲ့ phosphorus အရိုးတွေ သန်မာစေတဲ့ ကယ်လ်ဆီယမ် ကိုယ်ခံအား ကောင်းစေတဲ့ ဇင့် နှလုံး နဲ့ ကိုယ်ခံအား စနစ်ကို ကျန်းမာစေတဲ့ ဗီတာမင် B6 အစာခြေစနစ်ကို ကျန်းမာစေတဲ့ အမျှင်ဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာ စစ်စစ် ပုန်းရည်ကြီးကို ကြိုက်ကြလား။ သတ်သက်လွတ်ပဲ စားစား၊ ဝက်သား၊ ကြက်သားစတဲ့ အသားတွေနဲ့ပဲ ရောချက်ချက် ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာ အပြင် ကျန်းမာရေးအတွက် အကျိုးပြု သလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။ ပုန်းရည်ကြီးရဲ့ အာဟာရ ခပ်ညိုညိုလေးနဲ့ အရသာရှိတဲ့ ပုန်းရည်ကြီးမှာ ပရိုတင်း ကယ်လ်လိုရီ အဆီ ဆိုဒီယမ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ကယ်လ်ဆီယမ်  သံဓာတ် စတာတွေ ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝတဲ့အပြင် ပဲကို အချဉ်ဖောက်ပြီး လုပ်ထားတဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ ကော်ဖီကို ဘယ်လိုဆန်းသစ်မလဲဆိုတာတွေ ဖော်ပြပေးသွားမှာပါ။ ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သစ်ကြံပိုးခေါက်မှုန့် ထည့်ပါ ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ […]


အဝလွန်ခြင်း

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ဝမ်းဗိုက်မှာ အဆီပိုတွေ စုဝေးနေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ ကိုယ်အလေးချိန် သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ သကြားဓာတ်များသော စားသောက်ဖွယ်ရာများ လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။ သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း