brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

မှိုကြိုက်တတ်တဲ့ လူကြီးတွေ မှတ်ဉာဏ်ကျဆင်းနိုင်ခြေပိုနည်း

မှိုကို တစ်ပတ် နှစ်ကြိမ်ထက်ပိုပြီး စားသုံးတဲ့လူကြီးတွေမှာ ဦးနှောက်မှတ်ဉာဏ်ကျဆင်းမှုဖြစ်လာနိုင်ခြေပိုနည်းစေနိုင်တယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။

မှိုကြိုက်တတ်တဲ့ လူကြီးတွေ မှတ်ဉာဏ်ကျဆင်းနိုင်ခြေပိုနည်း

သုတေသနမှာ အသက် ၆၀ကျော် တရုတ်လူမျိုးသက်ကြီးပိုင်းအရွယ် အယောက် ၆၀၀ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်စားသုံးမှုကို ချက်ပြုတ်ပြီးသား မှိုပမာဏ ပျမ်းမျှ ၁၅၀ ဂရမ် နဲ့သတ်မှတ်ထားပြီး နှစ်ကြိမ်စာဟာ မှိုဟင်းတစ်ပန်းကန်ရဲ့တဝက်နဲ့ညီမျှပါတယ်။

“သုတေသနလမ်းညွှန်ချက်အရသာ ပမာဏတိုင်းတာမှုနဲ့ပြောထားပေမယ့် တစ်ပတ်ကို မှိုဟင်းတစ်ကြိမ်လောက်စားရုံနဲ့လည်း ဦးနှောက်ဉာဏ်စွမ်းရည်ကျဆင်းမှုဖြစ်နိုင်ခြေ ပိုနည်းစေနိုင်ပါတယ်” လို့National University of Singapore (NUS) ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီရလဒ်ဟာ မှိုမှာပါတဲ့ergothioneine ဓါတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းအာနိသင်ကြောင့် ဖြစ်တယ်လို့NUS မှ သုတေသီDr Irwin Cheah ကပြောပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ စင်ကာပူနိုင်ငံအတွင်း လူကြိုက်များဆုံးမှိုအမျိုးအစား ၆ မျိုးကို စားသုံးမှုအပေါ်လေ့လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပါဝင်သူတွေကိုတွေ့ဆုံမေးမြန်းတာတွေ၊ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့နေထိုင်မှုအနေအထား၊ဆေးမှတ်တမ်း၊ စိတ်ကျန်းမာရေးအခြေအနေ၊ စားသောက်ပုံအမူအကျင့်၊ ခန္ဓါကိုယ်လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းတို့ကို ထည့်သွင်းလေ့လာခဲ့တာပါ။

ဦးနှောက်ဉာဏ်စွမ်းရည်ကျဆင်းမှု(MCI)ဖြစ်လာသူတွေဟာ ပုံမှန်လုပ်နေကျ နိစ္စဓူဝအလုပ်တွေကို လုပ်နိုင်နေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် သုတေသနမှာ ပါဝင်သူတွေကို ဦးနှောက်နဲ့စိတ်ပညာဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေနဲ့သေချာစစ်ဆေးခဲ့ရတာဖြစ်တယ်လို့ ဦးဆောင်သုတေသီ ပါမောက္ခFeng ကပြောပါတယ်။

ဦးနှောက်စွမ်းရည်၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်တဲ့ စစ်ဆေးမှုကိုလည်း လုပ်ဆောင်ခဲ့ပြီး ရလဒ်တွေကို စိတ်ပညာကျွမ်းကျင်သူတွေနဲ့ ဂရုတစိုက်ဆွေးနွေးအတည်ပြုခဲ့ကြတာပါ။

MCI လက္ခဏာတွေထဲမှာမေ့လျော့တတ်ခြင်းအပြင် ဘာသာစကား၊အာရုံစိုက်နိုင်စွမ်း၊ အကြောင်းအရာတွေကိုသိမြင်နားလည်နိုင်စွမ်းတို့အပါအဝင် ဉာဏ်ရည်ကျဆင်းမှုတွေပါဝင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။