brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Angiotensin Converting Enzyme (အန်ဂျီရိုတန်စင်ပြောင်းလဲပေးသောအန်ဇိုင်းလ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Angiotensin-converting အင်ဇိုင်း ဆိုတာဘာလဲ

Angiotensin-converting အင်ဇိုင်း (ACE) ကို Sarcoidosis ရောဂါဖြစ်ပွားမှုကို တိုင်းတာရှာဖွေရန် အသုံးပြုပါသည်။

Sarcoidosis သည် ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားအောက် granuloma နှင့် ခန္ဓါကိုယ် တစ်ခုလုံးမှ အင်္ဂါများတွင် အကျိတ်များ ပေါ်လာခြင်း ဖြစ်သည်။ အကျိတ်ပတ်လည်မှ ဆဲလ်များသည် ACE ထုတ်လုပ်မှုကို များစေ၏။ ထို့ကြောင့် ၎င်း၏ သွေးတွင်း ပမာဏသည် သင့်၌ Sarcoidosis ရှိနေပါက မြင့်တက်နေမည် ဖြစ်သည်။

ACE တိုးခြင်း ကျခြင်းသည် ဆရာဝန်အား ရောဂါ၏ ဖြစ်စဉ်ကို သိရှိစေနိုင်ပါသည်။ ထို့အပြင် ဆရာဝန်များသည် corticosteroids များ ပေးပြီး ကုသခြင်းက သက်ရောက်မှု ကောင်း၊ မကောင်းကိုပါ သိရှိနိုင်ပါသည်။

ACE တိုင်းတာခြင်းအပြင် ဆရာဝန်သည် AFB ကို ဓါတ်ခွဲတိုင်းတာခြင်း၊ သင့်၌ တဆေးမှိုရောဂါ ရှိ၊ မရှိစစ်ဆေးခြင်း များနှင့် ပေါင်းစပ်ကြည့်ရှုနိုင်သည်။ ဤကဲ့သို့ ပေါင်းကြည့်ခြင်းမှာ ၎င်းရောဂါများသည် granuloma နှင့် sarcoidosis ကို ရောသွား စေနိုင်သောကြောင့် ဖြစ်သည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Angiotensin-converting အင်ဇိုင်းကို ဘာကြောင့် စစ်ဆေးသလဲ

ACE သည် အောက်ပါ Sarcoidosis ၏ လက္ခဏာများရှိလျှင် စစ်ရန် လိုအပ်သည်။

  • အကျိတ်များ
  • ချောင်း အကြာကြီး ဆိုးခြင်း သို့မဟုတ် အသက်ရှုရခက်ခြင်း
  • မျက်လုံးနီပြီး မျက်ရည်ကျခြင်း
  • အဆစ်များနာခြင်း

၎င်းရောဂါသည် အသက် ၂၀ မှ ၄၀ နှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်သည်။ သင့်တွင် Sarcoidosis ရှိကြောင်း အဖြေထွက်ပါက သင်၏ ဆရာဝန်သည် ဤစစ်ဆေးမှုအား ရောဂါအခြေအနေ တိုးတက်မှုကိုသိရန် မှန်မှန် စစ်နေပါလိမ့်မည်။

Angiotensin-converting အင်ဇိုင်း မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

အောက်ပါတို့သည် စစ်ဆေးမှုရလဒ်ကို သက်ရောက်စေနိုင်သည်။

  • အသက် ၂၀ အောက် လူနာများတွင် ACE လယ်ဗယ်သည် ယေဘုယျအားဖြင့် မြင့်နေနိုင်သည်။
  • သွေးကွဲခြင်း သို့မဟုတ် သွေးတွင်း အဆီဓါတ် လယ်ဗယ် တက်ခြင်းသည် ACE ကို လျော့နည်းစေပြီး အဖြေမှားကို ရရှိနိုင်သည်။
  • ACE ကို လျော့ကျစေသည့် ဆေးများတွင် သွေးကျဆေးများ ဖြစ်သည့် Angiotensin-converting အင်ဇိုင်းအား တားသော ဆေးများ steroid များပါ၏။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ် သိလိုသည်များရှိလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Angiotensin-converting အင်ဇိုင်း စစ်ရန် ဘာတွေ ပြင်ဆင်ထားရမလဲ

ဆရာဝန်က သင့်အား စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာ မစားရန်လည်း မလိုအပ်ပါ။

လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Angiotensin-converting အင်ဇိုင်း စစ်ဆေးနေစဉ် ဘာတွေ ဖြစ်နိုင်မလဲ

စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့် နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့် သွေးကိုယူခြင်း
  • လိုအပ်သည့် ပမာဏ ရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

Angiotensin-converting အင်ဇိုင်း စစ်ဆေးပြီးနောက် ဘာတွေ ဖြစ်နိုင်မလဲ

အပ်စိုက်ရာတွင် နာကျင်မည် မဟုတ်ပါ။ တချို့သူများတွင် အရေပြားအား အပ်နှင့်ထိုးသည့် နာကျင်မှုကို ခံစားရနိုင်သည်။ သို့သော် အပ်က သွေးပြန်ကြောထဲ ရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကို မခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့်နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင့်ရဲ့ရလဒ်က ဘယ်လို အဓိပ္ပါယ်ရှိမလဲ

  • ပုံမှန်တန်ဖိုး

ပုံမှန် : 8-53 U / L

Index anomaly: while n

ACE မြင့်တက်နေလျှင် –

  • Sarcoidosis;
  • Gaucher disease;
  • TB ရောဂါ
  • နူနာ
  • အရက်ကြောင့် အသည်းခြောက်ခြင်း
  • Hodgkin’s disease;
  • ခြင်ဆီအကျိတ်
  • Idiopathic pulmonary fibrosis;
  • ဆီးချို
  • primary cholestatic cirrhosis;
  • Powder degenerative disease (Amyloidosis);
  • Hyperthyroidism
  • Scleroderma
  • အဆုတ်တွင် သွေးခဲပိတ်ခြင်း

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Angiotensin-converting အင်ဇိုင်း ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။