အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယာဉ်မောင်းခြင်းနှင့် ကျန်းမာရေး

“ဦးလေးက တက်လို့လာတဲ့ဦးမြင့်(အမည်လွှဲ) နော်” “ဟုတ်ပါတယ်ဆရာ” “အခုသက်သာနေပြီဆိုတော့ဦးလေးကို နည်းနည်းရှင်းပြစရာရှိလို့ပါ။” ဒေါက်တာကျော်ဆက်ရှင်းပြနေသည်။ “ဦးလေးအလုပ်အကိုင်က အဝေးပြေး ကားမောင်းတာလို့သိရပါတယ်။ အခုဦးလေးမှာ ဖြစ်တဲ့ရောဂါက အတက်ရောဂါပါ။ အတက်ကျဆေးပုံမှန်စွဲသောက်ရပါမယ်။ အတက်ရောဂါက ပြန်ပြန်တက်နိုင်ခြေရှိလို့ ဦးလေးကားဆက်မောင်းဖို့သိပ်အဆင်မပြေလောက်ဘူး။” “ဟာဆရာကလည်း၊ ကျွန်တော်က ငယ်ငယ်ကလေးထဲက ကားမောင်းလာတာပါ။ အခုမှကားမမောင်းလို့ ကျွန်တော်ဘာနဲ့သွားစားမလဲ။” “အဲ့သလိုဆိုပေမယ့်ဦးလေးရောဂါအရ တက်တာက ပြန်ဖြစ်နိုင်ခြေများတော့ကားမောင်းရင်းတက်ရင် ဦးလေးရော ဦးလေးကားပေါ်က လူတွေ အကုန်လုံးရော ဒုက္ခရောက်သွားမှာ စိုးလို့ပါ။ ပြီးတော့ ဦးလေးမောင်းနေတာက အဝေးပြေးကားဆိုတော့ပိုတောင်ဆိုးသေးတယ်။ တခြားအလုပ်တစ်ခုခုပြောင်းဖို့ လိုမယ်။ ” “ဒုက္ခပါပဲ ဆရာရယ်၊ ကျွန်တော်ဘာလုပ်ရမလဲတောင်စဉ်းစားရဦးမယ်။” “စိတ်တော့မကောင်းပါဘူးဦးလေးရယ်၊ အသက်အန္တရာယ်ဖြစ်နိုင်တဲ့အနေအထားမို့ပြောနေရတာပါ။” “ကျွန်တော်တစ်သက်လုံးကားမမောင်းရတော့ဘူးလားဆရာ” “အဲ့လိုတော့မဟုတ်သေးဘူး၊ ဦးလေးထပ်တက်သေးလား မတက်လားရယ်၊ ဦးလေးမောင်းမယ့် ကားအမျိုးအစားပေါ်တော့မူတည်မယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ဦးလေးတက်တာ လုံးဝထပ်မဖြစ်တော့တာသေချာပြီဆိုရင် ၆လ ဆို ပြန်မောင်းလို့ရပြီ။ ကားကြီးတွေ ဘတ်စ်တွေကျတော့မတက်တာ ၁၀ နှစ်လောက်ပေါ့။ ဒေါက်တာကျော်တစ်ယောက်လူနာကို ရှင်းပြခဲ့သော်လည်း ရင်ထဲ မရှင်းဘဲကျန်ခဲ့သည်။ လူနာက တကယ်လိုက်နာပါ့မလား။ လတ်တလောမမောင်းသေးလျှင်တောင် နောက်ပိုင်းပြန်မောင်းလျှင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားတဲ့အခါ ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြဖို့လိုမလဲ

လူတိုင်းက ဖျားနာမှုနဲ့ကင်းဖို့ သိပ်တော့မလွယ်လှပါဘူး။ ဖျားနာတဲ့အခါမှာလည်းသေသေချာချာဂရုစိုက်ပေးမှာ ခန္ဓါကိုယ်က ကျန်းမာအားပြည့်လာမှာပါ။ တစ်ခါတလေမှာ ဖျားနာကကောင်းကောင်းအနားယူလိုက်ရုံ၊ အာဟာရြပည့်ဝအောင်စားသုံးလိုက်ရုံနဲ့ပြန်လည်ကျန်းမာလာတာမျိုးလည်းရှိတတ်ပါတယ်။ ဖျားနာတယ်ဆိုတာက ကိုယ်ခံအားနည်းနေတဲ့အခါ ဗိုင်းရပ်စ်တွေက နှာခေါင်း လည်ချောင်းတို့ကနေတဆင့် ခန္ဓါကိုယ်ထဲဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တာပါ။ အထူးသဖြင့်ရောဂါပိုးတွေပိုမိုရှင်သန်နိုင်တဲ့အေးမြစိုစွတ်တဲ့ရာသီဥတုအခြေအနေမျိုးမှာ ပိုမိုဖျားနာလွယ်ကြပါတယ်။နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးတွေတော်တော်လေးတော့များပါတယ်။ ဒါကြောင့် ဖျားနာမှုက ကင်းစင်ဖို့ဆိုရင် လိုက်နာပေးသင့်တဲ့အချက်လေးတွေရှိနေပါတယ်။ ဖျားနာမှု ကင်းစင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဖျားနာမှုကြောင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်သူတွေအနေနဲ့ ဒီအချက်တွေကို သတိထားပေးဖို့ပြောပါရစေ။ အိပ်ရေးဝဝအိပ်ပါ အာဟာရြပည့်ဝအောင်စားသုံးပါ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ လက်ကို စင်ကြယ်စွာဆေးကြောပေးပါ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပေးပါ ဆေးလိပ်ြဖတ်ပါ အရက်၊ဘီယာေသာက်သုံးမှုကိုရှောင်ကြဉ်ပါ နေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ထားပေးပါ။ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် အအေးမိဖျားနာတဲ့အခါ များသောအားဖြင့် အအေးမိဖျားနာတာကပြည့်ပြည့်ဝဝအနားယူရုံနဲ့ သက်သာသွားတတ်ကြပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး တစ်ရက်ကနေ ၃ ရက်အတွင်းမှာ အခုလိုမျိုး လက္ခဏာတွေတွေ့ရတတ်ပါတယ်။ နှာစေးမယ် နှာမွှန်မယ် ချောင်းဆိုးမယ် […]


အခြေခံကျန်းမာရေး

စပ်ဆေးအန္တရာယ်သတိပြုဖွယ်

“အမေကြီးမှာ ရင်ကြပ်ရောဂါအပြင်ဆီးချိုနဲ့သွေးတိုးပါရှိနေတယ်။” “ဆရာ အရေးကြီးလားဆရာ” “အရေးကြီးပါတယ်။ အခုလတ်တလော ရင်ကြပ်နေတဲ့အပြင်သွေးကလည်း ၂၀၀/၁၄၀ ဖြစ်နေပြီးဆီးချိုကလည်း ၃၀၀ ကျော်နေတော့အကုန်လုံးကိုလိုက်ထိန်းပေးနေပါတယ်။ ဒါနဲ့ရင်ကြပ်အတွက်ကဘာဆေးတွေ ပုံမှန်သုံးနေတာလဲ။” “များသောအားဖြင့်တော့အမေက ရင်ကြပ်အတွက်ဆေးဆိုင်က ဆေးစပ်သောက်တာများတယ်။ ရင်အရမ်းကြပ်ရင်တော့ဆေးသွားထိုးရတယ်ဆရာ။ သွေးတိုးဆီးချိုက အရင်ကမရှိပါဘူးဆရာ”“ဆရာ့အမြင်ကတော့ဆီးချိုနဲ့သွေးတိုးကတော့ရင်ကြပ်အတွက်သောက်တဲ့ဆေးတွေကြောင့်ဖြစ်နိုင်တယ်။ စပ်ဆေးတွေထဲမှာ Prednisolone လိုDexa လိုဆေးမျိုးတွေ ပါလို့ဖြစ်တာ။ သွေးတိုးဆီးချိုက အရင်က မရှိဘူးဆိုတာ မစစ်ဖူးလို့ဖြစ်နိုင်တယ်။ အဲ့ဒါတွေကလည်း သေချာမထိန်းရင်လေဖြတ်တာ နှလုံးထိတာတွေပါဖြစ်နိုင်တယ်။”“အမေက ခါးလည်း နာ နာ နေတတ်တယ်ဆရာ” “အဲ့ဒါဆို ခါးဆစ်ရိုးပါ ဆေးကြောင့်ထိပြီလားမသိဘူး။ အရိုးကျိုးမကျိုး ရင်ကြပ်တာသက်သာရင်ဓါတ်မှန်ရိုက်ကြည့်ပေးပါမယ်။” ဒေါ်မြအေး (အမည်လွှဲ) တစ်ယောက်ဆေးရုံတက်ရစဉ်သူ့သမီးနှင့်ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ ဒေါ်မြအေးတစ်ယောက်ရင်ကြပ်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ ဆေးရုံလည်းခဏခဏတက်ဖူးသည်။ ဆေးရုံက ဆင်းဆင်းချင်းတွင်တော့ဆေးရုံမှညွှန်လိုက်သော ရှူဆေးများကိုရှူလေ့ရှိသော်လည်း ကြာလာလျှင်ဆေးဖိုးဈေးကြီးသည်၊ ဆေးထပ်မဝယ်ဖြစ်တော့ဟုဆိုကာ ရင်ကြပ်လာမှစပ်ဆေးသွားဝယ်သောက်လေ့ရှိသည်။ စပ်ဆေးများတွင်အများအားဖြင့်Prednisolone, Dexamethasone စသည့်ဆေးများပါတတ်သည်။ အဆိုပါဆေးများ၏ ထူးခြားချက်မှာ သောက်လိုက်လျှင်ဝေဒနာတော်တော်များများကို ချက်ချင်းသက်သာသွားစေနိုင်သည်။ ရင်ကြပ်ကိုသက်သာစေသည်။ အဖျားကိုကျစေသည်။ နာကျင်ကိုက်ခဲမှုကိုသက်သာသွားစေသည်။ အစားအသောက်ကိုစားစေသည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရေးပေါ်အခြေအနေတွေမှာ အဆုံးအဖြတ်ဖြစ်စေနိုင်တဲ့ အချိန်အပိုင်းအခြား (Golden Hour)

လုပ်ငန်းတိုင်း ကဏ္ဍတိုင်းအတွက် အရေးပါတဲ့အချိန်တွေဆိုတာ သူ့နေရာနဲ့သူရှိပါတယ်။ ကျောင်းသားတွေ အတွက်ဆို စာမေးပွဲဖြေနေရတဲ့ အချိန်တွေကအရေးကြီးအချိန်တွေ။ ကုမ္ပဏီတွေအတွက်ဆိုလည်း ပရောဂျက်တွေ၊ တားဂတ်တွေ ပြည့်မီအောင် လုပ်ရတဲ့ အချိန်ကအရေးကြီးအချိန်။ အဲဒီလိုပဲ ဆေးပညာမှာလည်း အရေးကြီးတဲ့အချိန်ဆိုတာရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Golden Hour မြန်မာလိုဆိုရင်တော့ အရေးပေါ်အခြေအနေများမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အဖိုးအတန်ဆုံးအချိန်ပါ။ ဆေးလောကရဲ ့ Golden Hour ဆိုတာဘာလဲ။ Golden Hour ဆိုတာ အသက်ဆုံးရှုံးခြင်း (သို့) တစ်သက်လုံး ပြန်ပြင်ဆင်မရနိုင်တော့တဲ့ ချို့ယွင်းမှြုဖစ်ခြင်းမှ ကယ်တင်နိုင်အောင် အချိန်မီခံယူသင့်တဲ့ ဆေးကုသမှု အချိန်ကိုခေါ်ပါတယ်။ ရောဂါ တစ်ခုခုဖြစ်ပြီဆို အချိန်မီ ဆေးကုသမှု ခံယူနိုင်ရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်တဲ့ အပြင် နောက်ဆုံး အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေကလည်း ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံရောက်လာတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ်

ခေါင်းစဉ်ကိုဖတ်ပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဆိုတာကရှိမှမရှိဘဲ ဘယ်လိုဖြစ်နိုင်မှာလဲလို့များတွေးနေလား။ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ရပါတယ်။ လိုအပ်တဲ့လုပ်ဆောင်စရာတွေတော့ရှိတာပေါ့။ ဘာတွေများဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ဖန်တီးရအောင် ခြင်လုံဇကာတပ်ဆင်အသုံးပြုပါ -နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေတပ်ဆင်ပြီးနေအိမ်ထဲကိုခြင်တွေမဝင်ရောက်နိုင်အောင်ကာကွယ်ပါ။ခြင်လုံဇကာတပ်ဖို့အဆင်မပြေဘူးဆိုရင်ခြင်ထောင်အသုံးပြုပေးလည်းရပါတယ်။နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ပြီးလေအေးပေးစက်ဖွင့်ထားလို့လည်းရပါတယ်။လေအေးပေးစက်မရှိဘူးဆိုရင် ပန်ကာဖွင့်ထားလို့ရပါတယ်။ ငှက်မွေးပါ -နေအိမ်မှာ ငှက်ကလေးတွေမွေးထားတာကလည်းခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေကခြင်ကိုအစားအစာအဖြစ်စားသုံးကြပါတယ်။ ငှက်ကို သီးသန့်မမွေးနိုင်ဘူးဆိုရင်နေအိမ်အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက်လာဖွဲ့တဲ့ငှက်လေးတွေကခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။ ရေဝပ်နေတဲ့နေရာတွေထဲကိုကော်ဖီမှုန့်တွေဖြူးပေးပါ -ကော်ဖီမှုန့်မှာခြင်သားလောင်းလေးတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ကော်ဖီကြိုက်တတ်သူတွေဆိုရင်တော့ ဒီနည်းလမ်းကအဆင်ပြေတာပေါ့နော်။ သုံးပြီးသားကော်ဖီမှုန့်တွေကိုနေအိမ်အနီးအပါးမှာရှိနေတဲ့ရေဝပ်နေတဲ့နေရာတွေမှာဖြူးပေးလိုက်ပါ။ ဒီနည်းလမ်းက အသုံးတည့်မယ့် ခြင်ကောင်ရေလျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်ပါ။ ခြင်ပြေးစေတဲ့အပင်တွေစိုက်ပါ - တိုက်ခန်းနဲ့နေသူတွေဆိုရင်တော့ ဝရံတာဒါမှမဟုတ် အခန်းတွင်းမှာ၊ခြံနဲ့နေသူတွေဆိုရင်တော့နေအိမ်အနီးဝန်းကျင် နဲ့ ခြံထဲမှာခြင်ပြေးစေတဲ့အပင်တွေစိုက်ထားပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလို့ရပါတယ်။ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင်၊ ပူစီနံပင်၊ကြောင်ဆေးပင်၊ ပင်စိမ်းပင်နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့စိုက်ထားလို့ရပါတယ်။ ခြင်နိုင်ဆေးသုံးပါ -ခြင်ပြေးအောင်အသုံးပြုလေ့ရှိတဲ့ အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ခြင်နိုင်ဆေးဆိုတဲ့နေရာမှာလည်းခြင်ဆေးခွေကိုအသုံးပြုနိုင်သလိုခြင်ပြေးစက်၊ခြင်ဆေးစပရေးဆိုပြီး အမျိုးအစားတွေကို စုံလင်နေတာပါပဲ။ ကလေးငယ်ရှိသူတွေအနေနဲ့ကတော့ခြင်ဆေးထက် စပရေးကပိုအဆင်ပြေပါတယ်။ စပရေးကခြင်တင်မကဘဲ […]


အခြေခံကျန်းမာရေး

ခြင်နိုင်ဆေးနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆ(၄) ခု

ခြင်တွေက စိတ်ရှုပ်စရာကောင်းပါတယ်၊သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ဆင်ခြေထောက်ရောဂါတို့လို ဆိုးရွားပြင်းထန်တဲ့ရောဂါတွေ ကူးစက်ရရှိနိုင်တဲ့အန္တရာယ်လည်းရှိတယ်လို့ လူတိုင်းလက်ခံထားပါတယ်။ ခြင်မကိုက်အောင် ကာကွယ်ဖို့က နည်းလမ်းအမျိုးမျိုးရှိပေမယ့် တချို့က ဘာနည်းလမ်းမှမသုံးဘဲ ယပ်လေးခတ်ပြီးမောင်းထုတ်ရုံ၊ လက်နဲ့တဖြန်းဖြန်းရိုက်ရုံ၊စောင်ခေါင်းမြီးခြုံထားရုံနဲ့ခြင်အန္တရာယ်ကာကွယ်နိုင်မယ်လို့ထင်နေကြပါတယ်။ခြင်ဆေးမသုံးတာ အန္တရာယ်ကင်းတယ်လို့တွေးပြီးခြင်ကိုက်ခံပစ်လိုက်တာမျိုးလည်း ရှိပါတယ်။ ခြင်တွေကို သွေးလှူတာ ကုသိုလ်ရတယ်လို့တောင်ပြောကြပါသေးတယ်။ အမှန်ကခြင်ကိုက်ခံရရင်သွေးစုပ်ခံရတာ၊ခြင်ကိုက်ဖုထွက်တာထက် ပိုအန္တရာယ်များပြီး အသက်ပါသေစေနိုင်တဲ့ရောဂါပိုးတွေရရှိနိုင်တာ ပိုကြောက်ဖို့ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားမှုကာကွယ်ရေးတွေမလုပ်တဲ့အပြင် ခြင်ဆေးသုံးတာနဲ့ပတ်သက်ပြီး တလွဲအယူအဆတွေနဲ့ကြောက်ရွံ့နေတာထက်ခြင်အန္တရာယ်နှိမ်နင်းနိုင်မယ့်နည်းလမ်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။ အဲဒီတော့ခြင်ဆေးေခွထွန်းမလား၊ အိမ်တွင်းထောင့်တွေနဲ့အိမ်ပြင်ဝန်းကျင် ခြင်ဆေးဖျန်းမလား၊ အိမ်ထဲမှာ ဆေးရည်ပါ ခြင်ပြေးစက်သုံးမလား နည်းလမ်းမျိုးစုံရှိတယ်။ ဉာဏ်ရှိသလို သုံးဖို့တော့လိုပါတယ်။ နည်းစနစ်တကျ အသုံးချရင် ဘေးဥပါဒ်မရှိဘဲ ခြင်အန္တရာယ်ကင်းဝေးနိုင်မှာ သေချာပါတယ်။ ခြင်ပြေးရင်ပြီးရော တစ်အိမ်လုံးခြင်ဆေးခွေပတ်ထွန်းထားတာမျိုး၊ အိမ်အလုံပိတ်ထဲမှာခြင်ဆေးဖျန်းပြီး မရှောင်ဘဲထိုင်ရှူနေတာမျိုး၊ခြင်ဆေး လိမ်းဆေးတွေ အညွှန်းထက်ပိုလူးတာမျိုး၊ခြင်ဆေးခွေရောဖျန်းဆေးရော ဘာညာ နှစ်မျိုးမက သုံးထားတာမျိုးတော့ မလုပ်သင့်မှန်းသိရပါမယ်။ တကယ်ကိုထိရောက်မှုရှိပြီး အသုံးဝင်တဲ့ခြင်နိုင်ဆေးတွေဈေးကွက်မှာ ရနိုင်ပါလျက်နဲ့ စနစ်တကျမသုံးတဲ့သူတွေ ဘာလို့ရှိနေတာလဲ။ အကြောင်းရင်းကတော့ခြင်ဆေးနဲ့ပတ်သက်တဲ့ အယူအဆမှားေတွ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။

ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲဖြစ်ဖြစ် ၊ အားဆေးသောက်တာပဲဖြစ်ဖြစ် ၊ ပိန်ချင်လို့ပဲပိန်ဆေးသောက်တာပဲဖြစ်ဖြစ်၊ ဆေးထိုးရမှာကြောက်တဲ့ လူ အများစုက ဆေးသောက်ကြပါတယ်။ ။ အဲလို သောက်ပြီဆိုရင် ဆေးလုံးနင်တာ ဆေးလုံးလည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးကမျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေသောက်ချရတာနဲ့တင် ဗိုက်ကြီးအယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့အိပ်ခါနီးသောက်ရတဲ့ဆေးတွေပေါ့။ အိပ်လည်းအိပ်ချင်နေပြီ ဆေးကလည်းမျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒါကြောင့် ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန်အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲဖြစ်ပါတယ်။ ဆေးသောက်ရမှာ မကြောက်ရတော့ဘူးပေ့ါ။ ဆေးသောက်ရင် လိုက်နာသင့်တဲ့ အချက်များ။ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မသောက်ဘဲ ရိုးရိုးရေများများနဲ့သောက်ပါ။ ဆေးသောက်ရင် ကိုယ်ကို ရှေ့ကို အနည်းငယ် […]


အခြေခံကျန်းမာရေး

ခြင်ကိုက်ခံရရင် ဒီနည်းလေးတွေလုပ်ကြည့်ပါ

နေရာတကာမှာရှောင်မရအောင်ကြုံတွေ့နေရတာခြင်အန္တရာယ်ပါ။ ဘယ်လိုရှောင်ရှောင် ခြင်ကိုတော့ရှောင်ဖို့ခက်တယ်နော်။ ညဘက်များဆိုတော်တော်လေးကိုဆိုးပါတယ်။ခြင်ကိုက်တဲ့အခါ အရေပြားပေါ်မှာ ကျန်နေခဲ့တဲ့ အဖုတွေက ယားယံတဲ့အပြင်ကြည့်ရတာလည်း အရမ်းရုပ်ဆိုးပါတယ်။ ဒီဆောင်းပါးလေးထဲမှာခြင်ကိုက်ဖုတွေဖြစ်ရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ ခြင်ကိုက်ဖုတွေဖြစ်ခဲ့ရင် ခြင်အပါအဝင် အင်းဆက်ကိုက်ခံရတဲ့အခါ အရေပြားပေါ်မှာ ယားဖုသေးသေးလေးတွေဖြစ်လာပြီး တစ်ခါတလေ အရည်ကြည်ဖုလေးတွေတောင်ဖြစ်လာပါတယ်။ အချို့ယားဖုတွေက နာရီပိုင်းအတွင်းမှာပျောက်ကင်းသက်သာသွားတတ်ပေမယ့် လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ပုံချင်းကတော့ မတူပါဘူး။ တကယ်လို့အသားအရေက တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင် အရေပြားမှာ ယားဖုဖြစ်တာက ရက်တော်တော်လေးကြာတဲ့အထိဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ဖုတွေက စိတ်ညစ်စရာကောင်းသလို အရေပြားယားယံမှုကိုဖြစ်စေပါသေးတယ်။ အခန့်မသင့်ရင် အရေပြားမှာ ကြည့်ရဆိုးတဲ့ အမာရွတ်တွေနောင်ကျန်ရစ်ခဲ့စေနိုင်ပါသေးတယ်။ ဒါကြောင့်အလှပျက်စေမဲ့ခြင်နဲ့အင်းဆက် ကိုက်ဖုလေးတွေမဖြစ်အောင် သူတို့ကိုကြိုတင် ကာကွယ်ထားရပါမယ်။ ခြင်ဆေးထွန်းမယ် -ခြင်ကိုက်မခံရအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတစ်ခုကခြင်ဆေးထွန်းထားတာပါ။ ဒါကြောင့် သင့်မိသားစုကိုခြင်အန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးဖို့အရည်အသွေးအပြည့်အဝရှိတဲ့ အမှတ်တံဆိပ်တွေကိုသုံးရင်းကာကွယ်နိုင်ပါတယ်။ ခြင်ဖျန်းစပရေးအသုံးပြုမယ် -နေအိမ်မှာ ကလေးငယ်လေးတွေရှိလို့ဖြစ်ဖြစ်၊လေအေးပေးစက်တပ်ထားလို့ဖြစ်ဖြစ်ခြင်ဆေးခွေသုံးဖို့အဆင်မပြေသူတွေအတွက် ခြင်ဖျန်း စပရေးကိုအသုံးပြုပေးလို့ရပါတယ်။ ဘယ်လိုသက်သာအောင်လုပ်မလဲ ခြင်ကိုက်တာနဲ့အခြားအင်းဆက်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားဖုတွေဖြစ်လာခဲ့ရင် အရင်ဆုံးလိုက်နာရမယ့် အချက်က ယားဖုတွေကို မကုတ်ဖို့ပါ။ ယားဖုတွေကိုကုတ်တဲ့အခါ ပိုဆိုးလာနိုင်သလိုရောဂါပိုးကူးစက်တာတွေဖြစ်နိုင်ပါတယ်။ (၁) သွားတိုက်ဆေး သွားတိုက်ဆေးမှာ ပူရှိန်းပါဝင်တာကြောင့် အရေပြားမှာဖြစ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သားစားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သားတွေစားခဲ့ရမှာ သေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။ ကြက်သားစားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲတွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ပရိုတင်းကြောင့်ပါ။ အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကိုနှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C ၊ ကယ်လ်စီယမ်ဓာတ်တွေလိုပဲ ပရိုတင်းရဲ့သက်ရောက်မှုကလည်း မသေးပါဘူး။ လူ့ခန္ဓာကိုယ်ဟာ ကြွက်သား၊ အရေပြားနဲ့ […]


အခြေခံကျန်းမာရေး

သကြားလုံးတိုင်း ကျန်းမာရေးအတွက် ဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး ။

ချိုစိမ့်စိမ့် ငုံထားလို့ရတဲ့ သကြားလုံးဟာ လူတိုင်းရဲ့ သည်းခြေကြိုက် စားစရာ တစ်ခုပါ ။ ဒါပေမယ့် သကြားလုံးလို့ဆိုလိုက်တာနဲ့ သွားပိုးစားတယ်၊ အချိုများတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးစတာတွေပဲ ပြေးမြင်တတ်ကြပါတယ်။ သကြားလုံးတိုင်း မကောင်းဘူးဆိုတာ ဟုတ်ပါ့မလား ။ ။ ပါဝင်တဲ့ပစ္စည်းတွေ ပေါ်မူတည်ပြီးတော့သာ ကျန်းမာရေးအတွက် ကောင်းတယ် မကောင်းဘူး ကွဲပြားသွားတာပါ။ ကလေးတွေကြိုက်ကြတဲ့ အချိုကဲတဲ့ သကြားလုံးလေးတွေက ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့် အခြား ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ သကြားလုံးလေးတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ ငုံဆေးပြား( ဆေးသကြားလုံး) တွေပဲ ဖြစ်ပါတယ်။ သကြားလုံးလိုပဲ ငုံထားရတယ် ဆိုပေမယ့် ဆေးပြားဆိုကတည်းက သူ့မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပစ္စည်းတွေပါမယ်ဆိုတာ သံသယဖြစ်စရာလိုမယ် မထင်ပါဘူး။ ဒီတော့ ငုံဆေးပြားတွေက ဘယ်လို ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာလဲ ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း