လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် Tonsil stone တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ....... ဆိုတာကို ပြောပြပေးသွားပါမယ်။ Tonsil stones ဆိုတာ Tonsil stones ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။ Tonsil stones ဘယ်လိုဖြစ် အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။။

ခဏခဏ အာသီးရောင်လည်ချောင်းနာ၊ အာသီးကြီးနေလို့ဆိုပြီး အာသီးဖြတ်ထုတ်လိုက်ရတဲ့သူတွေရှိမှာပါ။ အာသီးဆိုတာ လည်ချောင်းထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ဖမ်းပေးတဲ့အရာဖြစ်ပေမယ့် သူက ကျန်းမာရေးကို မကြာခဏ ဒုက္ခပေးနေတဲ့အခါ ကုသမှု အနေနဲ့ အာသီးဖြတ်ထုတ်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ခုပြောပြပေးမှာက အာသီးဖြတ်ထုတ်ပြီးနောက်ပိုင်းသိသင့်တဲ့ ကျန်းမာရေးတွေ၊ လိုက်နာရမယ့် ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အာသီးဖြတ်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ရမလဲ။ အာသီးဖြတ်ြပီးနောက်ပိုင်း ဆရာဝန်က သင့်ကို ပေးတဲ့ဆေးတွေထဲမှာ အနာသက်သာဆေး - အနာသက်သာဆေးကို အစားမစားခင်တည်းက ကြိုသောက်ထားပါ။ ဒါမှ အစားစားတဲ့အချိန်ကျ နာကျင်မှုဝေဒနာသက်သာအောင်လို့ပါ။ ပြီးမှ အစားစားပါ။ အနာသက်သာဆေးတွေထဲကမှ aspirinကို ရှောင်ပါ။ aspirinဟာ အကိုက်အခဲသက်သာစေတယ်ဆိုပေမယ့် သွေးထွက်လွန်တဲ့ဘေးထွက်ဆိုးကျိုးရှိတတ်တာကြောင့် ခွဲထားတဲ့ အရာကနေ သွေးပြန်ထွက်တတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး - အစားစားတဲ့လမ်းကြောင်းဆိုတာ ပြင်ပကပိုးတွေ အများဆုံးဝင်နိုင်တာဖြစ်လို့ အနာပိုးမဝင်အောင် ပိုးသတ်ဆေးတွေ သောက်ခိုင်းတာ ဖြစ်ပါတယ်။ အာသီးဖြတ်ပြီးနောက်ပိုင်း သေးွထွက်ခြင်း။ အာသီးဖြတ်တယ်ဆိုတာ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု

ဘာမှကို မလုပ်နိုင်ဘူး၊ခေါင်းတွေတောင်ကိုက်နေပြီ။ ဖျားနေလို့လားဆိုတော့ မဟုတ်ဘူး။ အကြောင်းကတော့ လည်ချောင်းနာနေတာပါ။ လည်ချောင်းနာတာက ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ တစ်နေ့တာလုံး အလုပ်တွေကျောင်းစာတွေကိုကောင်းကောင်းအာရုံမစိုက်နိုင်တော့အောင်ကို လုပ်နိုင်တာပါ။ ဒီတော့ လည်ချောင်းနာတဲ့အခါ စိတ်ထဲမှာတွေးမိမှာတစ်ခုကမြန်မြန်သက်သာချင်လိုက်တာဆိုတဲ့အချက်ပါ။ ဘာပဲစားစား မျိုချရခက်တယ် မြန်မြန်လည်းပျောက်ချင်ပါရဲ့ ဒါပေမယ့် ဆေးသောက်ရမှာကြောက်တယ်၊ လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုပြောပြမယ်လေ။ လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်း လူတော်တော်များများယူဆထားတာက လည်ချောင်းနာတာကိုဖြစ်စေတာကအေးတာတွေစားလို့၊ အရမ်းအေးနေတဲ့ရေ၊ အချိုရည်တွေကိုသောက်လို့ စတဲ့အကြောင်းအရာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ လည်ချောင်းနာစေတာက အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ အခုလို မိုးရာသီမှာဆိုရင် ပိုအဖြစ်များပါတယ်။ လည်ချောင်းနာနေပြီ။ ဘယ်လိုသက်သာအောင်လုပ်မလဲ............... လည်ချောင်းနာနေပြီဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။ ပြည့်ပြည့်ဝဝအနားယူပါ ရေများများသောက်ပါ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးပါ ရေနွေးငွေ့ရှုပေးပါ ရေနွေးနဲ့ပျားရည်လေးသောက်ပေးပါ ဆားရည် အာလုပ်ကျင်းပေးပါ ငုံဆေးငုံပေးပါ။ လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခု ဆေးကြောက်သူတွေအတွက် လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုကတော့ ငုံဆေးငုံတာပေါ့။ ငုံဆေးတွေကဆေးလို့ ခံစားရမှုကိုနည်းစေနိုင်တာကြောင့်လည်းဆေးကြောက်သူတွေနဲ့ အသင့်တော်ဆုံးကုထုံးတစ်ရပ်ပေါ့။ အလုပ်လည်းမပျက်ဘဲ ပါးစပ်ထဲမှာ […]


လည်ချောင်းပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းက ခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲက နာသလိုတွေ ဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာတွေတောင် ဖြစ်တတ်ပါသေးတယ်။ ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာ ပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။ ဒီအချက်တွေကြောင့် လည်ချောင်းနာ တာ၊ ချောင်းဆိုးတာဖြစ်နိုင်ပါတယ် လည်ချောင်းနာ တာကို ဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ - တုပ်ကွေးြဖစ်တာ အအေးမိဖျားနာဖြစ်တာ ရေကျောက်ပေါက်တာ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တာကြောင့် သင့်ကျန်းမာရေး ဘယ်လိုတွေ ထိခိုက်နိုင်သလဲ ။ ။

လည်ပင်းကြီးရောဂါအကြောင်း အားလုံးကြားဖူးကြမှာပါ။ လည်ပင်းကြီးတယ်လို့သာ ပြောကြတာပါ ။ တကယ်တော့ လည်ပင်းကြီးတာ မဟုတ်ပါဘူး။ လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း လေးကြီးလာတာကြောင့် လည်ပင်းကြီးသလို ဖြစ်ရတာပါ။ သိုင်းရွိုက်ဂလင်းဆိုတာဘာလဲ ။ ။ သိုင်းရွိုက်ဂလင်းဆိုတာ ကိုယ်တွင်း အစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်း တွေ ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ ။ သိုင်းရွိုက် ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿာနာနှစ်ခုရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာ ( Hyperthyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတာပါ။ ( hypothyroidism) သူတို့နှစ်ခုပေါ် […]


လည်ချောင်းပြဿနာများ

ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

ရာသီဥတုမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရောဂါလက္ခဏာ မပြင်းထန်တဲ့တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဝေဒနာကို ခံစားနေရတဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါဆိုရင် လည်ချောင်းနာတာနဲ့ ပတ်သက်ပြီး ကာကွယ်ပုံတွေ၊ ဖြစ်ရခြင်းအကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ လည်ချောင်းနာခြင်း လည်ချောင်းနာတယ်ဆိုတာ ပုံမှန်အားဖြင့် လည်ချောင်းက ယားယံပြီး နေရခက်တာ၊ နာကျင်တာ၊ အထူးသဖြင့် အစာ၊ ရေမြိုချလိုက်တဲ့အခါမှာ ပိုပြီးတော့ နာကျင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ အအေးမိ တုပ်ကွေးရောဂြါဖစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါပဲ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာက သူ့အလိုလို သက်သာပျောက်ကင်းသွားမှာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း ဝေဒနာ - Strep throat (streptococcal infection) ကတော့ အဖြစ်နည်းတဲ့ ရောဂါလက္ခဏာမျိုးပါ။ ကိုယ့်လည်ချောင်းနာတဲ့ […]


လည်ချောင်းပြဿနာများ

အာသီးရောင် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ။ ။

လည်ချောင်းနာတယ်၊ အာသီးရောင်တယ်ဆိုတာ လူတိုင်းဖြစ်ဖူးနေကျ အရာတစ်ခုပါ။ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ပိုတောင်ဖြစ်နိုင်ပါသေးတယ်။ အာသီးရောင်၊ လည်ချောင်းနာရခြင်းဟာ ဗိုင်းရပ်စ်ပိုး ( သို့မဟုတ်) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတာပါ။ သူတို့တွေကြောင့် လည်ချောင်းနဲ့အာသီးက ကြွက်သားတွေရောင်ပြီး နာလာပါတယ်။ မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ဆားရည်နွေးနဲ့ ပလုတ်ကျင်းခြင်း။ ။ လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ြဖစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓါကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။ ဒီအချက်တွေကြောင့်လည်ချောင်းနာနိုင်ပါတယ် လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ - တုပ်ကွေးြဖစ်တာ အအေးမိဖျားနာဖြစ်တာ ရေကျောက်ပေါက်တာ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ အသံကုန်ဟစ်ထားခဲ့တာ ဆေးလိပ်သောက်တာ Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။ လည်ချောင်းနာတာကြောင့်တစ်နေ့တာအလုပ်တွေအနှောင့်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့ လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာဝေဒနာကို သက်သာစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းအချို့

လည်ချောင်းနာဖူးလား။ မနားဖူးဘူးတဲ့လူတော့မရှိလောက်ဘူးလေနော်။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလို ပူစပ်ပူလောင်ကြီးဖြစ်ပြီး ဘာစားစားအဆင်မပြေပါဘူး။ စကားပြောရတာတောင် အခက်အခဲဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာက တစ်ခါတလေမှာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး အပေါင်းအဖော်တွေနဲ့အတူတူလာတတ်ပါသေးတယ်။ လည်ချောင်းနာတဲ့ဝေဒနာက ခံရခက်လွန်းလို့ ဘယ်သူမှတော့ ကြာကြာရှည်ရှည်ရောဂါမွေးမထားချင်လောက်ပါဘူး။ ဒီတော့ လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေပြောပြမယ်ဆိုရင် စိတ်ဝင်စားကြလား။ လည်ချောင်းနာတဲ့အခါ လည်ချောင်းနာတဲ့အခါ အခန့်မသင့်ရင်ခေါင်းတောင်ကိုက်လာတတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်ရောလေ။ ဒီပြဿနာတွေကကင်းဝေးဖို့ဆိုရင် - ကောင်းကောင်းအနားယူပါ - လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်ကိုပြည့်ပြည့်ဝဝအနားယူပေးပါ။ တတ်နိုင်သမျှစကားနည်းနည်းပဲပြောပါ။ ရေများများသောက်ပါ -ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓါကိုယ်အတွက်ရေဓါတ်ရရှိစေမယ့်သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊ လက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။ ရေနွေးကြမ်းသောက်ပါ -ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာ၊ရေကျက်အေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်နဲ့သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ - လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)

သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး) Radioiodine Therapy ဆိုတာဘာလဲ Radioiodine therapy ဆိုတာ သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre) ဖြစ်နေတဲ့ လည်ပင်းကြီးရောဂါခံစားနေရသူတွေ သို့မဟုတ် Graves’ disease ပြန်ပေါ်တဲ့ဝေဒနာရှင်တွေကို ကုသလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အစားအသောက်တွေထဲက ရရှိတဲ့ အိုင်အိုဒင်းကို အသုံးပြုပြီး ဟော်မုန်းထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Radioiodine therapy မှာ ရေဒီယိုသတ္တိကြွအာနိသင်ရှိတဲ့ အိုင်အိုဒင်းအမျိုးအစားကိုသုံးတာဖြစ်ပါတယ်။ အဲဒီအိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေထုတ်လုပ်မှုနည်းစေဖို့ သိုင်းရွိုက်ဂလင်းထဲမှာစုစည်းပြီး သိုင်းရွိုက်တစ်ရှူးရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာအများစုက " ရေဒီယိုသတ္တိကြွ " ဒါမှမဟုတ် "ဓါတ်ရောင်ခြည်"ဆိုတာကြားလိုက်တာနဲ့ ကုသမှုခံယူဖို့ စိုးရွံ့ကြောက်လန့်တတ်ကြပါတယ်။ အမှန်တော့ ဒီကုထုံးဟာ အသုံးများတဲ့အပြင် အများကလက်ခံထားပြီးသားကုသမှုပုံစံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တည်းက လူနာသန်းပေါင်းများစွာအတွက် […]


လည်ချောင်းပြဿနာများ

သိုင်းရွိုက်ရောဂါများ(၁)- လည်ပင်းကြီးရောဂါ(Hyperthyroidism)

သိုင်းရွိုက်ရောဂါများ (၁) - လည်ပင်းကြီးဟော်မုန်းများရောဂါ(Hyperthyroidism) သိုင်းရွိုက်ဘယ်လိုအလုပ်လုပ်လဲ။ သိုင်းရွိုက်ဂလင်းဟာ သန္ဓေသားဘဝတည်းက ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါသလို လူကြီးတွေအတွက်လည်း နှလုံး၊ဦးနှောက်၊ အသည်းနဲ့အရေပြားလုပ်ဆောင်ချက်တွေအတွက် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သိုင်းရွိုက်ဟော်မုန်းတွေကို အိုင်အိုဒင်းရဲ့ အကူအညီနဲ့ထုတ်လုပ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းက T4 နဲ့ T3 ဆိုပြီး နှစ်မျိုးရှိပါတယ်။ T3 က ခန္ဓါကိုယ်ထဲက သက်ရောက်မှုတွေရှိနေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်တာများနေတဲ့လည်ပင်းကြီးရောဂါ (Hyperthyroidism) သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲတဲ့ရောဂါဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေတွေကတော့ (၁) ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို ပြန်တိုက်ခိုက်တဲ့ရောဂါ (Graves' disease) Graves’ disease ဟာမျက်လုံးကို ထိခိုက်နိုင်ပြီး မျက်စိခြောက်တာ၊ နီရဲတာ၊ အမြင်အာရုံတွေဝေဝါးတာနဲ့ နှစ်ထပ်မြင်တာ၊ အခြေအနေဆိုးရင် မျက်လုံးတွေပြူးထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းက Graves’ disease မှာဖြစ်တဲ့ မျက်စိများပြူးထွက်နေခြင်းနဲ့ အဓိကဆက်နွယ်မှုရှိနေပါတယ်။ ဒါကြောင့် Graves’ disease ဖြစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ရပါလိမ့်မယ်။ (၂) သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း