Fenistil® ကို အရေပြားရောင်ရမ်းသော ရောဂါများ၊ အင်း ဆက်ကိုက်မှုများ၊ မီးလောင်ဒဏ်ရာနှင့် ဓါတ်မတည့်မှုကြောင့် ဖြစ်သော ယားယံခြင်းတို့ကို သက်သာစေရန် အသုံးပြုပါသည်။ ၎င်းတွင် ထုံစေသော အစွမ်းလည်း ရှိသည်။
ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူ ညွှန်ကြားသည့်အတိုင်း Fenistil® ကို သောက်ပါ။
Fenistil® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fenistil® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Fenistil® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Fenistil® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ဤဆေးကို Dimethindene နှင့် ဓါတ်မတည့်သော လူနာများတွင် ရှောင်ကြဉ်သင့်သည်။ ပွင့်ဟနေသော ဒဏ်ရာ ရှိသည့် လူနာများ နှင့် အဆင့် ၃ သို့မဟုတ် အဆင့် ၄ မီး လောင်ဒဏ်ရာ ရှိသော လူနာများတွင်လည်း ရှောင်ကြဉ် သင့်သည်။ မျက်လုံး သို့မဟုတ် အမြှေးပါး အနီးအနားတွင် မသုံးသင့်ပါ။
ဆရာဝန် ညွှန်ကြားမထားပါက အသက် ၂နှစ်အောက် ကလေးများတွင် ရှောင်ကြဉ်သင့်သည်။
ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သောကြောင့် ဤဆေးကို ခန္ဓါကိုယ် နေရာ အများအပြားတွင် မသုံးပါနှင့်။
ဤဆေး သုံးထားစဉ် နေပူထဲ အထွက်များခြင်းကို ရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်အရေပြားသည် ပုံမှန်ထက် နေရောင်ကို ပို၍ အထိမခံနိုင်သောကြောင့် ဖြစ်သည်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Fenistil® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Fenistil® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Streptase® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
နို့တိုက်စဥ်
Fenistil® အဆီပျစ် သို့မဟုတ် ခရင်မ်ကို ရင်သားပေါ်တွင် လိမ်းထားစဉ် ကလေးနို့တိုက်ခြင်းကို ရှောင်ပါ။
Fenistil® သုံးနေစဉ် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုး များမှာ-
Fenistil® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
Fenistil® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Fenistil® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ဆေးကို တစ်နေ့ တစ်ကြိမ် သောက်သင့်သည်။ အစာ နှင့် ဖြစ်စေ အစာမပါဘဲ ဖြစ်စေ သောက်နိုင်သည်။ အရွယ်ရောက် ပြီးသူများတွင်သာ သုံးသင့်သည်။
ပါးစပ်မှသောက်ပါ။ ၁-၂ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်
ထိခိုက်သော နေရာတွင် Fenistil® ကို တစ်နေ့ ၂-၄ ကြိမ် ပါးပါးလိမ်းပေးပါ။ အဆီပျစ် သို့မဟုတ် ခရင်မ်ကို ခန္ဓါကိုယ်နေရာ အများအပြားတွင် မလိမ်းပါနှင့်။
တစ်နေ့လျှင် ၃၀-၆၀ မီလီလီတာ ( စားပွဲတင်ဇွန်း ၃-၆ ဇွန်း)
အသက် ၂-၆ နှစ် ကလေးများ။ တစ်နေ့လျှင် ၃ကြိမ် ၁၀ စက်
အသက် ၆-၉ နှစ် ကလေးများ။ တစ်နေ့လျှင် ၃ ကြိမ် ၁၅ စက်
အသက် ၉-၁၂ နှစ် ကလေးများ။ တစ်နေ့လျှင် ၃ ကြိမ် ၂၀ စက်
မှတ်ချက်။ အစက်၂၀ တွင် Dimethindene ၁ ဂရမ် ပါဝင်သည်။
အစားအစာသည် အနည်းငယ် နွေးပါက မစားမီ အစာထဲ သို့ ဆေးစက် ထည့်နိုင်သည်။ အခြား အရည်များဖြင့် မရောဘဲ ဇွန်းဖြင့် သောက်နိုင်သည်။
အသက် ၁နှစ် အောက် ကလေးများ။ တစ်နေ့ ၅-၁၅ မီလီ လီတာ ( လက်ဖက်ရည်ဇွန်း ၁-၃ ဇွန်း)
အသက် ၁-၃ နှစ် ကလေးများ။ တစ်နေ့ ၁၅-၂၀ မီလီလီတာ ( လက်ဖက်ရည်ဇွန်း ၃-၄ ဇွန်း)
အသက် ၃ နှစ်အထက် ကလေးများ။ တစ်နေ့ ၂၀-၃၀ မီလီ လီတာ ( လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း)
အသက် ၁၂ နှစ် အထက် ကလေးများ။ တစ်နေ့ ၃၀-၆၀ မီလီ လီတာ ( လက်ဖက်ရည်ဇွန်း ၃-၆ ဇွန်း)
Fenistil® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
အဆီပျစ်ဆေး။ အပေါ်ယံလိမ်းဆေး။ Dimethindene
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
Fenistil® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ