brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

Endocrine system ဆိုတာက သိပ်မရင်းနှီးနိုင်တဲ့ စကားရပ် ဖြစ်နေနိုင်ပါတယ်။ ဒီ မရင်းနှီးသေးတဲ့ စနစ်လေးက ဘာလဲ၊ ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ ဆိုတာကို မသိချင်ဘူးလား။

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

ခန္ဓာကိုယ် ကျန်းမာပြီး ရောဂါကင်းဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဒီ စနစ်က ဘာလဲ။ ဘယ်လို တာဝန်တွေကို ထမ်းဆောင်ပေးသလဲ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ ဘာလဲ ………………

Endocrine system ဆိုတာက ကိုယ်တွင်းက ဂလင်းတွေ စုဖွဲ့ထားတဲ့ စနစ် တစ်ရပ်ပါ။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ဆဲလ်တွေကို ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အားလုံး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံး နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံးအတွက် တာဝန်ရှိတဲ့ စနစ် တစ်ရပ်ပါ။ဒီစနစ်က ဂလင်းတွေကို စုစည်းထားပြီး ဟော်မုန်းတွေကို ထုတ်လုပ်ပေးမှုနဲ့အတူ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတယ်။ တစ်ရှူးတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို အားဖြည့်ပေးတယ်။ မျိုးပွားနိုင်စွမ်းကို ထောက်ပံ့ပေးတယ်။ အိပ်ပျော်စေတယ်။ စိတ်ခံစားမှုကို ထိန်းညှိပေးတယ်။

Endocrine System (ဟော်မုန်းစနစ်)မှာ ဘာတွေပါလဲ …………..

ခန္ဓာကိုယ်အတွက် အရေးပါတယ်လို့ ပြောရတဲ့ endocrine system မှာ

Endocrine System (ဟော်မုန်းစနစ်) က ဘာတွေလုပ်ပေးလဲ …………………..

ကိုယ်တွင်းက endocrine system က

  • စိတ်ခံစားမှုကို ထိန်းညှိပေးဖို့၊ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စေဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့၊ ကိုယ်အင်္ဂါတွေ ကျန်းမာစေဖို့ နဲ့ မျိုးပွားနိုင်စေဖို့ ထိန်းကွပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတယ်။
  • ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိပေးတယ်။
  • ဟော်မုန်းတွေကို သွေးကြောကနေတဆင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ရောက်ရှိစေဖို့ သွေးကြောတွေထဲကို ဟော်မုန်းတွေ ရောက်ရှိစေတယ်။

Endocrine System မကျန်းမာရင် ဘာတွေ ခံစားရနိုင်လဲ …………….

တကယ်လို့ endocrine systemက မကျန်းမာဘူးဆိုရင်

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။