ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အရေပြားကင်ဆာ

Melanoma (မှဲ့ကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Melanoma (မှဲ့ကင်ဆာ ) ကဘာလဲ။ Melanoma ဆိုတာ အလွန် အရေးကြီးတဲ့ အရေပြားကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ melanin ဆိုတဲ့ အရေပြားကို အရောင်တင်ပေးတဲ့ အရာတွေကိုထုတ်ပေးတဲ့ ဆဲလ်(melanocytes) တွေ ကမောက်ကမ ဖြစ်ရာကနေ ဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။ melanoma အများစုကတော့ အသစ်ဖြစ်ပေါ်လာတဲ့ မှည့်တွေကနေ ဖြစ်တတ်ကြသော်လည်း တစ်ချို့မှာ တော့ ရှိပြီးသား မှည့်ကနေ ဖြစ်ကြပါတယ်။ melanoma က မှည့်ကနေအစပြုပြီး အနီးအနားတွေကို ပြန့်နှံ့ရကာနေ အရေပြားအတွင်းထဲသို့ဝင်သွားပြီးနောက် ပြန်ရည်ကျိတ် တွေကနေ နောက်ဆုံးမှာ အဆုတ်၊ အသည်း၊ ဦးနှောက်နှင့် အရိုးတွေထိပဲ ပျံ့နှံ့သွားနိုင်ပါတယ်။ Melanoma (မှဲ့ကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ Melanoma ဖြစ်နိင်ချေများတာကနော့ အသက် ၄၀ အောက်လူတွေ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို […]


ရင်သားကင်ဆာ

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကဘာလဲ။ Gynaecomastia ဆိုတာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးထွားခြင်းဖြစ်ပါသည်။ estrogen နှင့် testosterone ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ရာကနေ ရင်သား တစ်ရှူးတွေကြီးထွားမှုတွေ ဖြစ်တာပါ။ ပုံမှန်အားဖြင့် ၎င်းဟာရောဂါမဟုတ်ပါဘူး၊ အပြင်ပန်းလှပမှုဆိုင်ရာ ပြသနာတစ်ခုသာဖြစ်ပါသည်။ Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီကျန်းမာရေး အခြေအနေဟာ လူ့အဖွဲ့ ၃ ဖွဲ့မှာ အဖြစ်များပါတယ်။ မွေးကင်းစ ကလေးငယ်ယောင်္ကျားလေးများ အသက် ၁၂ မှ ၁၆ နှစ်ကြား ကောင်လေးများ အဖိုးအိုများ ကလေးငယ် ယောင်္ကျားလေးများတွင် ပျိုဖော်ဝင်ပြီး ၆ ပတ်ကနေ ၃ နှစ်အထိ ရင်သားက ပုံမှန်ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများGynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Gynecomastia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမျိုးသားများတွင် ရင်သားများ […]


သွေးကင်ဆာ

Chronic Myelogenous Leukemia ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကဘာလဲ။ သွေးကင်ဆာသည် သွေးဖြူဥများတွင်ဖြစ်သော ကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင် ရိုးတွင်ခြင်ဆီ ( အရိုး၏ အလယ် မှ တစ်ရှူးအပျော့) သည် သွေးဖြူဥ အများအပြားကို ထုတ် လုပ်ရပါသည်။ သွေးဆဲလ်များသည် ရိုးတွင်းခြင်ဆီတွင် ဖြစ် ပေါ်ပြီး ကြီးထွားလာပါသည်။ ထို့နောက် သွေးစီးကြောင်းတွင်း သို့ ရောက်သွားပါသည်။ သွေးကင်ဆာသည် သွေးဖြူဥ၊ သွေး နီဥ နှင့် သွေးဥမွှာများကို ထိခိုက်စေပါသည်။ သွေးကင်ဆာ အမျိုးအစားသည် ကင်ဆာဖြစ်စေသော သွေးဆဲလ် အမျိုးအစားအပေါ်မူတည်ပါသည်။ သွေးကင်ဆာ ၄မျိုး ရှိပါသည်။ နာတာရှည် lymphocyte သွေးကင်ဆာ နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ရုတ်တရက် ပြင်းထန်သော lymphocyte သွေးကင် ဆာ ရုတ်တရက် ပြင်းထန်သော ရိုးတွင်းခြင်ဆီ […]


အခြားကင်ဆာများ

Neuroblastoma ( အာရုံကြောကင်ဆာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Neuroblastoma ( အာရုံကြောကင်ဆာ ) ကဘာလဲ။ အာရုံကြောကင်ဆာ ဆိုသည်မှာ စိတ်တက်ကြွမှုကို ဖြစ်စေ သော အာရုံကြောထုံးနောက်တွင် ရှိသော အာရုံကြောဆဲလ် များ သာမန်ထက်ထူးခြားခြင်း ဖြစ်သည်။ ထိုဆဲလ်များသည် adrenal medullary ( adrenal ဂလန်း၏ အလယ်နေရာ) တွင် ကြီးထွား ဖွံ့ဖြိုးလာပါသည်။ အထူးသဖြင့် ထိုဆဲလ်များ သည် အဓိက မဟုတ်သော အာရုံကြောဆဲလ် များတွင် ကွဲပွား ကြပါသည်။ Neuroblastoma ( အာရုံကြောကင်ဆာ ) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များသည် မွေးဖွားခါစမှစ၍ ထိုအကျိတ် ရှိနိုင်ပါသည်။ သို့သော် နောက်ကျမှ အကျိတ်ရှိမှန်း သိရှိကြပါ သည်။ အာရုံကြော ကင်ဆာသည် ကလေးများတွင် သွေးကင်ဆာနှင့် ဦးနှောက်ကင်ဆာ အပြီးနောက် အဖြစ် အများဆုံး […]


အသည်းကင်ဆာ

Liver Cancer (အသည်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Cancer (အသည်းကင်ဆာ) ကဘာလဲ။ အသည်းကင်ဆာသည် အသည်းဆဲလ်များတွင် စတင်ဖြစ်ပွားပါသည်။ ဝမ်းဗိုက်၏ ညာဖက်အပေါ်ပိုင်းတွင် ရှိသော အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဗိုက်နဲ့ ရင်ခေါင်းကိုခြားပေးထားသေားကြွက်သား (diaphragm) နှင့် အစာအိမ်အောက် တွင်ရှိပါသည်။ အသည်းကင်ဆာသည် အသည်းဆဲလ်များ၏ အဖြစ်များဆုံး ကင်ဆာအကျိတ် ဖြစ်ပါသည်။ ခန္ဓါကိုယ်၏ အခြားနေရာများမှ ပျံ့နှံ့လာခြင်း မဟုတ်ဘဲ အသည်းမှ ထွက်ပေါ်လာသော အဓိကပင်မ အကျိတ်တစ်ခု ဖြစ်သည်။ အသည်းတွင်ဖြစ်သော ကင်ဆာတိုင်းကို အသည်းကင်ဆာဟု မခေါ်ပါ။ အူမကြီး၊ အဆုတ် သို့မဟုတ် ရင်သား စသော ခန္ဓါကိုယ်ရှိ အခြားနေရာများမှ ပေါ်ထွက်လာပြီးမှ အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာကို ပျံ့နှံ့ကင်ဆာ (metastatic cancer) ဟုခေါ်ပါသည်။ Liver Cancer (အသည်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အသည်းကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် […]


ရင်သားကင်ဆာ

Breast Cancer (ရင်သားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Breast Cancer (ရင်သားကင်ဆာ) ကဘာလဲ။ ရင်သားကင်ဆာဆိုသည်မှာရင်သားဆဲလ်များတွင် စတင်ဖြစ်ပွားသော အန္တရာယ် များသောအကျိတ်အဖုထွက်ခြင်း ဖြစ်ပါသည်။ ကင်ဆာဆဲလ် အုပ်စုများသည် ပတ်ဝန်းကျင် တစ်ရှူးများသို့ လျင်မြန်စွာ ကြီးထွားဝင်ရောက်၍ ကိုယ်ခန္ဓါ အနှံ့ ပြန့်နှံ့ပါသည်။ အမျိုးသမီးများတွင် အဓိက ဖြစ်ပွားပြီးအမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ Breast Cancer (ရင်သားကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အများအပြားတွေ့ရပါသည်။ အမျိုးသမီး ၈ယောက် တွင် ၁ ယောက်နှုန်း ဖြစ်ပွားပါသည်။ အန္တရာယ်ဖြစ်စေ နိုင်သောအချက် များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများBreast Cancer (ရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်သားကင်ဆာသည် ရောဂါလက္ခဏာများစွာကို ဖြစ်စေပါသည်။ ရင်သားကင်ဆာ၏ ရောဂါ လက္ခဏာများမှာ ပတ်ဝန်းကျင်တစ်ရှူးများနှင့်ကွဲပြားစွာခံစားရသောရင်သားအလုံးအကျိတ် နို့သီးခေါင်းမှ သွေးထွက်ခြင်း ရင်သား၏ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အသွင်အပြင် ပြောင်းလဲမှု ရင်သားအပေါ်မှအရေပြားပြောင်းလဲမှု […]


ဆီးအိမ်ကင်ဆာ

Bladder Cancer (ဆီးအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bladder Cancer (ဆီးအိမ်ကင်ဆာ) ကဘာလဲ။ ဆီးအိမ်ကင်ဆာဆိုသည်မှာဆီးများကိုသိုလှောင်သောတင်ပဆုံနေရာရှိ ပူဖေါင်းပုံဆီးအိမ် တွင် ဖြစ်ပွားသောကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ဆီးအိမ်ကင်ဆာသည် ဆီးအိမ်အတွင်းနံရံကိုကာထားသောဆဲလ်များတွင် စတင်ဖြစ်ပွားလေ့ရှိပါသည်။ ဆီးအိမ်ကင်ဆာအများစုသည် ကုသ၍လွယ်သောအစောပိုင်းအဆင့်တွင် ရောဂါ အဖြေရှာသိရှိနိုင်ပါသည်။ သို့သော် အစောပိုင်းအဆင့်ဆီးအိမ် ကင်ဆာသည်လည်းထပ်မံဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ဆီးအိမ် ကင်ဆာပျောက်ကင်းသူမျာသည် နောက်ဆက်တွဲ စစ်ဆေးမှုများကိုရောဂါပျောက်ပြီး နှစ်အနည်းငယ် ကြာသည် အထိ ပြုလုပ်ရန် လိုအပ်ပါသည်။ Bladder Cancer (ဆီးအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ကင်ဆာသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက်ကြီးသောလူများတွင် ပိုဖြစ်ပွားတတ်ပါသည်။ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းအရတစ်နှစ်တွင် အမျိုးသား ၄၅၀၀၀ နှင့် အမျိုးသမီး ၁၇၀၀၀ သည် ဤရောဂါ ဖြစ်ပွားပါသည်။ သို့သော်လည်း အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများBladder Cancer (ဆီးအိမ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးအိမ်ကင်ဆာဝေဒနာသည်များသည် […]


ရင်သားကင်ဆာ

နို့ဂလင်းဆဲလ်များ ပုံမမှန်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက် နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဆိုတာ ဘာလဲ။ ရင်သားအတွင်းပိုင်းတစ်နေရာက နို့ဂလင်းတွေထဲ ပုံမမှန်ဆဲလ်တွေ ဖြစ်ပေါ်တဲ့ အခြေအနေကို ဆေးပညာအရ lobular carcinoma in situ (LCIS) လို့ ခေါ်ပါတယ်။ LCIS ဟာ ကင်ဆာမဟုတ်ပေမယ့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို ပိုမိုမြင့်တက်စေပါတယ်။ LCIS ကို mammogram မှာ တွေ့ရမှာမဟုတ်ဘဲ သံသယဖြစ်ဖွယ် ရင်သားအကျိတ်ပေါ်ခြင်း၊ mammogram ရိုက်ပြီး ပုံမှန်အဖြေမထွက်ခြင်း စတဲ့ အခြားအကြောင်းပြချက်တစ်ခုခုကြောင့် ရင်သားအသားစယူစစ်ဆေးရာကနေ တွေ့ရှိကြတာများပါတယ်။ LCIS ရှိတဲ့သူတွေမှာ ခန္ဓါကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ပျံ့ပွားနိုင်တဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ပိုများတဲ့အတွက် သင့်မှာ ဒီရောဂါရှိနေကြောင်း အဖြေရှာအတည်ပြုနိုင်ခဲ့ရင် ရင်သားကင်ဆာစစ်ဆေးမှုတွေပါ ဆက်လက်ပြုလုပ်ဖို့နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးမယ့် ကုသမှုတွေခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အဖြစ်များတဲ့ရောဂါတစ်ခု မဟုတ်ပါဘူး။ အသက် ၄၀နဲ့ ၅၀ ကြား […]


အခြားကင်ဆာများ

အဆီတစ်ရှူးကင်ဆာ

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆီတစ်ရှူးကင်ဆာဆိုတာ ဘာလဲ။ အဆီဆဲလ်တွေမှာစတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အဆီတစ်ရှူးကင်ဆာ တနည်းအားဖြင့် liposarcoma လို့ခေါ်ပါတယ်။ Liposarcoma ကို ပျော့ပျောင်းတဲ့တစ်ရှူးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆီတစ်ရှူးကင်ဆာဟာ ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပြီး ခြေ၊ လက် ကြွက်သားတွေနဲ့ ဝမ်းဗိုက်ထဲမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အဆီတစ်ရှူးကင်ဆာဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အဖြစ်နည်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထ ပိုများပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကင်ဆာဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။ လက်နဲ့ခြေထောက်တွေမှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ အရေပြားအောက်တွင် အလုံးအကျိတ်စမ်းမိခြင်း နာကျင်ခြင်း ရောင်ရမ်းခြင်း ကင်ဆာဖြစ်သည့် ခြေ၊လက် အားနည်းခြင်း ဝမ်းဗိုက်မှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း ဝမ်းဗိုက်ဖောရောင်ခြင်း အစာနည်းနည်းစားရုံနှင့် ပြည့်အင့်ခြင်း ဝမ်းချုပ်ခြင်း ဝမ်းထဲသွေးပါခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်သို့ကင်ဆာပျံ့နှံ့ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ဦးနှောက်သို့ကင်ဆာပျံနှံခြင်း ဆိုတာ ဘာလဲ။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အခြားအင်္ဂါများမှ စဖြစ်လာသော ကင်ဆာသည် ဦးနှောက်သို့ ပျံနှံလာခြင်းကို ခေါ်ပါသည်။ ဦးနှောက်အသားမှ စဖြစ်သော ကင်ဆာ (ဦးနှောက်ကင်ဆာ) မဟုတ်ပါ။ ဤသည်ကို အများစု ရောထွေးကြပါသည်။ ဥပမာ အားဖြင့် အဆုတ်ကင် ဆာသည် ဦးစွာ အဆုတ်၏ အသားတွင် စတင်၍ ဖြစ်ပွားပါသည်။ ထိုကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ သည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော မှတစ်ဆင့် ဦးနှောက် အပါအဝင် အခြားသော ကိုယ်တွင်း အင်္ဂါများသို့ ရောက်ရှိနိုင်ပါသည်။ အခြားသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက မူလဖြစ်ပွားသော နေရာရှိ ကင်ဆာဆဲလ်များကိုသာ တွေ့ရှိရမည်ဖြစ်ပါသည်။ (ကိုယ်တွင်း ကလိစာများ၏ ဆဲလ်ဖွဲ့စည်းပုံသည် အင်္ဂါတစ်ခုနှင့် တစ်ခုမတူညီ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း