အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အစွန်အဖျား အာရုံကြောစနစ်ကို ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးက ထွက်လာတဲ့ အာရုံကြောငယ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လူ့ခန္ဓာကိုယ်မှာ ဗဟိုအာရုံကြောစနစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်သွယ်ထားဖို့ ဒီစနစ်က အရေးပါပါတယ်။ အစွန်အဖျား အာရုံကြောစနစ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကုသနည်းတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)

အာရုံကြောစနစ်မှာ ပင်မအာရုံကြောမကြီးလို့ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးရယ်၊ သူတို့ကနေ ဖြာပြီးထွက်လာတဲ့ အာရုံကြောငယ်လေးတွေရယ်ဆိုပြီး ရှိပါတယ်။ ဒီအာရုံကြောလေးတွေမှာ ပြင်ပကလာတဲ့ အပူ၊ အအေး၊ တုန်ခါတာ၊ ထိသိတာကို ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိသလို ဦးနှောက်က ပို့လွှတ်လိုက်တဲ့ လျှပ်စီးလှိုင်းတွေကို ကြွက်သားတွေကို ပို့ဆောင်ပေးနိုင်တဲ့ အာရုံကြောတွေရယ်ဆိုပြီး ရှိပါတယ်။ အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါဆိုတာ အာရုံကြောတွေမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်သွားပြီဆိုရင် ပုံမှန်လုပ်နေကြအတိုင်း မလုပ်နိုင်တော့ပါဘူး။ ဥပမာ အာရုံကြောငယ်တစ်ချောင်း လုံးဝပျက်စီးသွားမယ်ဆိုရင် (ဒါမျိုး ဖြစ်တာ ရှားတော့ ရှားပေမယ့်) သူထောက်ပံ့ပေးနေတဲ့ ကြွက်သားက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူက ဦးနှောက်နဲ့ ကြွက်သားကြားကို လျှပ်စီးကြောင်းကို အသယ်အပို့ လုပ်နေတာကိုး။ အများစုကတော့ လုံးလုံး ပျက်စီးတာမျိုး မဟုတ်ဘဲ အာရုံကြောအားနည်းတာ၊ ထိခိုက်တာကြောင့် ကြွက်သားတွေ အားပျော့တာလောက်ပဲ […]

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ ကို ရှာဖွေမည်။

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကဘာလဲ။ မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။ Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၆နှစ်နဲ့ ၆၀ကြားမှာ အဖြစ်များတာ တွေ့ရပါတယ်။ Bell အာရုံကြောချို့ယွင်းခြင်း ဆိုတဲ့ နာမည်ကတော့ ဒီပြသနာကို စတင်ဖော်ထုတ်ခဲ့တဲ့ စကော့လူမျိုး ခန္ဓါဗေဒပညာရှင် ချားလ်စ်ဘဲလ်ကို အစပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

စိုင်ယာတီကာ အကြောနာသည် အန္တရာယ်ရှိပါသလား

စိုင်ယာတီကာ အကြောနာသည် စိုင်ယာတစ် အာရုံကြော ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း ကြောင့် ဖြစ်သော နာကျင်မှုတစ်မျိုးဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။) စိုင်ယာတီကာ အကြောနာ သည် အလွန်နာကျင်သော်လည်း အာရုံကြော အမြဲတမ်း ထိခိုက်ပျက်စီး စေသည်အထိတော့ ဖြစ်တာ ရှားသည်။ အများအားဖြင့် ထိုအခြေအနေသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ပြန်ကောင်းသွားတတ်သည်။   ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်များ · အသက်အရွယ် ။ ။ အသက်အရွယ်အလိုက် ကျောရိုးမကြီး ပြောင်းလဲမှုများ ဥပမာ ။ ။ ကျောရိုးအဆစ်ပြား ကျွံခြင်း နှင့် ကျောရိုးအတက်ထွက်ခြင်းသည် စိုင်ယာတီကာ အကြောနာ၏ အဖြစ်အများဆုံး အကြောင်းရင်းများ ဖြစ်သည်။ · အလုပ်အကိုင် ။ ။ သင့်ခါးကို အလွန်တရာ လိမ်ရသော […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

စိုင်ယာတီကာ အကြောနာ အတွက် အစွမ်းထိရောက်သော ကုသမှုများ

စိုင်ယာတီကာ အကြောနာ ကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်သော အကြောင်းရင်းကို ကုသမှုအပေါ် အဓိက ဦးတည်ချက်ထားသည်။ သို့သော် ခွဲစိတ်မှုမပါသော ကုသမှု နှင့် ကိုယ်လက်လေ့ကျင့်ခန်း ပူးတွဲကုသမှုသည် နာကျင်မှုကို ပိုမိုသက်သာစေပါသည်။ စိုင်ယာတီကာ အကြောနာ ကုသမှု၏ ဦးတည်ချက်မှာ နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှု ကောင်းမွန်စေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။ ဆေးဝါးကုသမှု NSAID (Aspirin၊ Ibuprofen၊ Naproxen အပါအဝင်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးများသည် နာကျင် တောင့်တင်းမှုကို သက်သာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေပါသည်။ ကြွက်သားဖြေလျော့စေသော ဆေးများ ဥပမာ။ ။ Cyclobenzaprine (Flexeril) သည် ကြွက်သားတောင့်တင်ခြင်း ရုန်းခြင်းနှင့် ဆိုင်သော မအီမသာ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ယောဂသည် စိုင်ယာတီကာ အကြောနာကို ဘယ်လိုသက်သာစေသလဲ

စိုင်ယာတီကာ အကြောနာ ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ထိခိုက်ခြင်း (သို့) ဖိမိခြင်းကြောင့် ဖြစ်သော ရောဂါ အခြေအနေတစ်ရပ်ဖြစ်သည်။ (အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက်တွင် နာကျင်ခြင်း (သို့) အခြား ခံစားချက်များကို ခံစားရမည်။ ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်အထ၊ ရယ်မောခြင်း ၊ ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ယောဂလေ့ကျင့်ခန်းသည် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အချို့ ယောဂ ကျင့်စဉ် အနေအထားသည် အန္တရာယ်ဖြစ်စေနိုင်သည်။ သို့ဖြစ်ပါ၍ စိုင်ယာတီကာ အကြောနာအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို အပြည့်အဝဖော်ထုတ်နိုင်ဖို့ မှန်ကန်သော ကိုယ်ခန္ဓါ အနေအထားကို သိရှိကျင့်သုံးခြင်းသည် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) ကဘာလဲ။ Pudendal အာရုံကြော ပျက်စီးခြင်းသို့မဟုတ် ထိခိုက်ခြင်းမှအစပြုတဲ့ (နာတာရှည်) တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရောဂါအမျိုးအစားဖြစ်ပါတယ်။   pudendal အာရုံကြောက တင်ပါးဆုံမှာ အဓိကအာရုံကြော ဖြစ်ပြီး – တင်ပါး အောက်ပိုင်း – တင်ပါးနဲ့လိင်အင်္ဂါအကြားဧရိယာ (perineum) – မစင်စွန့် အင်္ဂါ (rectum) – မအင်္ဂါ , နှုတ်ခမ်းသားနဲ့ clitoris – အမျိုးသားများတွင်ကပ်ပယ်အိတ်နှင့်လိင်တံ စတာတွေကို အာရုံကြော ထောက်ပံ့မှုပေးပါတယ်။ Pudendal အာရုံကြော နာကျင်တာဟာ အလွန်မသက်မသာနဲ့စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် အကူအညီပေးနိုင်သလို ကုသမှုတွေကလည်း များစွာ ရှိပါတယ်။ Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန် အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများPudendal Nerve Entrapment […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Peripheral Neuropathy (အာရုံကြောအားနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Peripheral Neuropathy (အာရုံကြောအားနည်းခြင်း) ကဘာလဲ။ အာရုံကြောအားနည်းခြင်းဆိုတာ ဦးနှောက်နဲ့ အာရုံကြောမကြီးဆီက သတင်းအချက်အလက်များကို ခန္ဓါကိုယ်အခြားနေရာများသို့ သယ်ဆောင်ပေးတဲ့ အာရုံကြောများ ပျက်စီးခြင်းဖြစ်ပါတယ်။ အာရုံကြောများဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးကို ကြွက်သား၊ အရေပြားနဲ့ ကလီစာတွေဆီ အနုစိတ်ကွန်ယက်နဲ့ ချိတ်ဆက်ထားပါတယ်။ အာရုံကြောမကြီးဆီက ထွက်လာတဲ့အာရုံကြောတွေဟာ dermatome လို့ ခေါ်တဲ့ လိုင်းတွေအတိုင်း စီစဉ်တကျရှိနေပါတယ်။ ပုံမှန်အားဖြင့် အာရုံကြောတစ်ခုပျက်စီးလျှင် ခန္ဓါကိုယ်အစိတ်အပိုင်း အချို့ဆီသွားတဲ့ dermatome တစ်ခုထက်ပို ထိခိုက်နိုင်ပါတယ်။ ဒီအာရုံကြောတွေပျက်စီးမှုကြောင့် ဦးနှောက်နဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းများ အဆက်အသွယ်ပြတ်တောက်စေပြီး ကြွက်သားများလှုပ်ရှားမှု၊ ခြေလက်များရဲ့ပုံမှန်အာရုံခံနိုင်မှုကို ပျက်စီးစေပြီး နာကျင်မှုကို ဖြစ်စေပါတယ်။   လက္ခဏာများPeripheral Neuropathy (အာရုံကြောအားနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခန္ဓါကိုယ်ရဲ့ အာရုံကြောတိုင်းမှာ သီးသန့်အလုပ်တွေရှိတဲ့အတွက် ရောဂါလက္ခဏာတွေဟာ ထိခိုက်တဲ့အာရုံကြောအပေါ် မူတည်ပါတယ်။ အာရုံကြောအမျိုးအစားများမှာ အရေပြားမှ အပူ၊ နာကျင်မှု၊ တုန်ခါမှု၊ ထိတွေ့မှုတို့ကို သိရှိစေသော […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းများ

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းတွင် ဖြစ်နေသော လက္ခဏာများထက် ဖြစ်စေသော အကြောင်းရင်းက ပိုအရေးပါပါသည်။ ထို့ကြောင့် ကုသမှုများပြုလုပ်ရာတွင်လည်း ဖြစ်နေသော လက္ခဏာများသက်သာစေရန်ထက် နာကျင်မှုကို ဖြစ်စေသော အဓိကအကြောင်းရင်းများကို ပျောက်ကင်းစေရန် ဦးတည်ပါသည်။ အောက်ပါတို့သည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို အဖြစ်များစေသော အခြေအနေ ၆ခု ဖြစ်ပါသည်။ ခါးဆစ်များကျွံခြင်း ခါးဆစ်များကျွံခြင်းဟုဆိုရာတွင် အာရုံကြောများညှပ်ခြင်း၊ ခါးဆစ်များ နေရာချော်ခြင်း၊ မညီလာဘဲ ဖောင်းထွက်ခြင်း၊ ပျက်စီးခြင်း၊ ပဲ့ကျိုးခြင်း တို့အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခါးဆစ်များအထဲပိုင်းတွင်ရှိသော ပစ္စည်းများသည် အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်အလွှာကို ကျွံပြီး ဖောက်ထွက်လာခြင်းကြောင့် အာရုံကြောများကို ထိခိုက်ခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ခါးဆစ်ကျွံခြင်းကြောင့် အများဆုံးဖြစ်ရပါသည်။   ခါးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးသွားခြင်း ယင်းဖြစ်စဉ်သည် အသက်ကြီးလာခြင်းကြောင့်ဖြစ်သော သဘာဝဖြစ်စဉ်တခုဖြစ်ပြီး အချို့လူများတွင် အာရုံကြောများထိုခိုက်မှုကြောင့် နာကျင်မှု ဝေဒနာများခံစားရနိုင်ပါသည်။ အဆိုပါချပ်ပြားများသည်အသက်ကြီးလာသော အခါ အားနည်းလာပြီး လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး တပြိုင်နက်တည်းမှာပင် ထိုချပ်ပြားများထဲမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပရိုတင်းဓါတ်များထွက်လာပြီး […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

အာရုံကြောထိခိုက်နာကျင်ခြင်း

သင့်အာရုံကြောစနစ်ဟာ အသက်ရှူတာကို ထိန်းချုပ်ခြင်းကစလို့ ကြွက်သားတွေကို ထိန်းချုပ်ပေးပြီး အပူအအေး အာရုံခံစားမှုအထိ ကိုယ်ခန္ဓါက ပြုလုပ်သမျှ အရာအားလုံးပါဝင်ပါတယ်။ ကိုယ်ခန္ဓါမှာ အာရုံကြော သုံးမျိုးပါဝင်ဖွဲ့စည်းထားပါတယ်။ ၁။ Autonomic nerves - ဒီအာရုံကြောတွေဟာ ကိုယ်ခန္ဓါက ထိန်းချုပ်လို့မရတဲ့ (သို့) တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်လို့ရတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အစာခြေခြင်းနဲ့ အပူချိန် ထိန်းညှိပေးခြင်းတို့ ပါဝင်ပါတယ်။ ၂။ Motor nerves - ဒီအာရုံကြောတွေကတော့ ဦးနှောက်နဲ့ ကျောရိုးမက သတင်းအချက်အလက်တွေကို ကြွက်သားတွေဆီကို သယ်ပို့ပေးပြီး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ၃။ Sensory nerves - ဒီအာရုံကြောအမျိုးအစားဟာ အရေပြားနဲ့ ကြွက်သားတွေက သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးမကို သက်ပို့ပေးပါတယ်။ ဒီသတင်းအချက်အလက်တွေက တစ်ဆင့် နာကျင်မှုနဲ့ အခြားခံစားမှုတွေကို […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ကဘာလဲ။ Trigeminal neuralgia သည် အလွန်ရှားသည့်ရောဂါဖြစ်ပြီး Trigeminal အာရုံကြောတွင် နာကြင်မှုဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းသည်နားထင်တွင် တည်ရှိသော မျက်နှာတွင်ရှိသည့် အဓိကအာရုံကြောဖြစ်သည်။ ၎င်းသည် နာတာရှည်ရောဂါမျိုးဖြစ်ပြီး အလွန်ပြင်းထန်သည့်နာကြင်မှုမျိုးကြောင့် အားအင်ကုန်ခမ်းမှုကို ဖြစ်စေနိုင်သည်။ လက္ခဏာများသည် ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များ၊ လများစွာကြာအောင် ရှိနေတတ်ပြီးနောက် လများနှစ်များကြာသည်အထိ ပျောက်သွားတတ်ပြန်သည်။ Trigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင် ဖြစ်နိုင်၏။ သို့သော် ၎င်းသည်အသက် ၅၀ ကျော်သူများတွင် အဖြစ်များပြီး ယောက်ျားထက်မိန်းမက ပိုအဖြစ်များလေသည်။ လက္ခဏာများTrigeminal Neuralgia (ထရိုင်ဂျန်မီနယ် အာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များဆုံးလက္ခဏာသည် ၎င်းအာရုံကြော ထောက်ပံ့ပေးနေသည့် မျက်နှာအစိတ်အပိုင်းများတွင် ဓါးနှင့်ထိုးသလို ဓါတ်လိုက်သလို မခံမရပ်နိုင်အောင်နာခြင်းဖြစ်သည်။ တိုးတောင်ပြီး မခံမပ်အောင်နာခြင်းကို မေးရိုး၊ နှုတ်ခမ်း၊ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကဘာလဲ။ မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ဆိုသည် မှာတစ်ခါတည်းနှင့် အာရုံကြောများစွာထိခိုက်စေသောအာရုံကြောရောဂါ တစ်ခုဖြစ်ပါသည်။ ထိခိုက်မှုသည် အခြားရောဂါများကြောင့် ဖြစ်နိုင်ပြီးမျိုးဗီဇဆက်ခံခြင်းကြောင့် မဟုတ်ပါ။ ထို့ ကြောင့် မွေးရာပါ မဟုတ်သောအာရုံကြောများထိခိုက်မှု ရောဂါကိုတိုက်ရိုက် အဖြေရှာဖွေ လို့ရပါသည်။ မွေးရာ ပါ မဟုတ်သောအာရုံကြောများထိခိုက်မှုသည် အဖြစ်များဆုံးအာရုံကြောရောဂါများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ကိုအာရုံကြောလုပ်ငန်း ( ဥပမာ- အာရုံခံစားမှု၊ လှုပ်ရှားမှု၊ အလိုအလျောက်လှုပ်ရှားမှု) ပေါ်မူတည်၍ အမျိုးအစားခွဲခြားထားနိုင်ပါသည်။ ဖြစ်စေသောအကြောင်းရင်းသို့မဟုတ် မျိုးဗီဇအုပ်စုပေါ်မူတည်၍ အခြားအမျိုးအစားခွဲမှုများလည်းရှိသည်။ အာရုံကြောများထိခိုက်ခြင်းအမျိုးအစားအချို့မှာ Guillain-Barre syndrome (လျင်မြန်စွာ ကြွက်သားပျော့ခွေအားနည်းသောရောဂါ) ၊သွေးကြောရောဂါ ၊အရိုးဆစ် ရောင်ခြင်း၊အာရုံကြောပေါ်တွင် ဖုံးအုပ်ထားသောအလွှာများနာတာရှည်ပျက်စီးခြင်း၊ small cell carcinoma ကင်ဆာကြောင့်ဖြစ်သောအာရုံခံစားထိတွေ့မှုပျက်စီးသောရောဂါ တို့ ပါဝင်ပါသည်။ Acquired Polyneuropathy (မွေးရာပါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း