ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပြင်းထန်တဲ့ ဝေဒနာပါ။ အထူးသဖြင့် ခဏခဏ ခေါင်းကိုက်တတ်ရင် ပိုခံစားရပါတယ်။ ဘာတွေကများ ခေါင်းကိုက်စေတာလဲ။ ဘယ်လိုကာကွယ် ကုသကြမလဲ။ ခေါင်းကိုက်ခြင်း အမျိုးမျိုးအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကို ရှာဖွေမည်။

ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲ

ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း စတဲ့ အကြောင်းရင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်သလို လေဖြတ်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ လေဖြတ်ပြီးနောက် ဘာကြောင့်ခေါင်းကိုက်ရသလဲ ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်တွင်း သွေးလှည့်ပတ်မှု ပြောင်းလဲခြင်းတို့ကြောင့် အချို့လူနာတွေဟာ လေဖြတ်ပြီးနောက်မှာ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။ ဦးနှောက်သွေးယိုခြင်းကြောင့် လေဖြတ်တဲ့လူနာတွေမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပါတယ်။ လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာ (၄) မျိုး ရှိပါတယ်။ ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - အကိုက်အခဲပျောက်ဆေး အလွန်အကျွံအသုံးပြုသူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ကြွက်သားတင်းအားကြောင့်ဖြစ်သည့် ခေါင်းကိုက်ဝေဒနာ - ဒါကတော့ ကုသရလွယ်ကူတဲ့ ခေါင်းကိုက်ဝေဒနာ အမျိုးအစားဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်သည့်ဝေဒနာ - အလွန်ဆိုးရွားပြင်းထန်တဲ့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ဝေဒနာ ဆောင်ရန် ရှောင်ရန်များ။

ခေါင်းကိုက်ြခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။ အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့ အလုပ်ခွင်မှာလည်း သေချာအာရုံစိုက်ပြီး အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်ခဲတာ အစရှိသဖြင့် ခေါင်းကိုက်လက္ခဏာ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင် အနည်းဆုံး ၄ နာရီမှ အများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။ မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။ ခေါင်းကိုက်တာကို စတင်ခံစားရပြီဆိုတာနဲ့ ဝေဒနာအမြန်သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သို့မဟုတ် ခေါင်းကိုက်ပျောက်ဆေး တစ်လုံး အမြန်ဆုံး […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ကဘာလဲ။ သင်၏ဦးခေါင်းပေါ်တွင် ဝတ်ဆင်သော မည်သည့် အရာ မဆို ဦးရေပြားပေါ်တွင် တောက်လျှောက် တင်းကျပ်စေပါက အပြင်မှ ဖိအားကြောင့် ခေါင်းကိုက်ခြင်း ကို ဖြစ်စေသည်။ အားကစား ပြုလုပ်ရာတွင် ဦးထုတ်ဆောင်းရသော ၊ မျက်လုံးအကာအကွယ် အသုံးပြုရသော အားကစား သမားများအနေနှင့် ပိုမို ခံစားရသည်။ တစ်ခါတစ်ရံတွင် ခေါင်းကိုက်စေသော ပစ္စည်းကို အစွဲပြုကာလည်း ခေါ်သည်။ ဥပမာအားဖြင့် ရေကူးမျက်မှန် ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းနှင့် ဘောလုံးဦးထုတ်ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း တို့ဖြစ်သည်။ External compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများExternal compression headaches (အပြင်မှဖိအားကြောင့်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုခေါင်းကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှု ကို သက်ရောက်သော ဖိအား၊ တင်းကျပ်မှုကို မူတည်ပြီးဖော်ပြလေ့ရှိတယ်။ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကဘာလဲ။ အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ခံစားရသော ခေါင်းကိုက်ခြင်းကို ခေါ်သည်။ အပြေးအားကစား ၊ လှေလှော် အားကစား ၊ တင်းနစ် ၊ ရေကူးခြင်း နှင့် အလေးမခြင်းတို့က လည်း ထိုသို့ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။ ဆရာဝန်များက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို နှစ်မျိုး ခွဲထားသည်။ ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အဓိကဖြစ်သော ခေါင်းကိုက်ခြင်း သည် ပုံမှန်အား ဖြင့် အန္တရာယ် မရှိပါ ။ အခြားဖြစ်စေသော အကြောင်းများနှင့် တွဲမနေသော ကြောင့် ဆေးဖြင့်ကုသကာကွယ်နိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း သည် ပြင်းထန်သော ဦးနှောက်ရောဂါများနှင့် ဆက်နွယ်နေသည်။ ဥပမာအားဖြင့် ဦးနှောက်အတွင်းသွေးထွက်ခြင်း ၊ ဦးနှောက်ကင်ဆာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ) ကဘာလဲ။ အမြင်အာရုံဆိုင်ရာ လက္ခဏာများ ပါဝင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရိုးရိုးခေါင်းတခြမ်းကိုက်ရောဂါလို နာကျင်ခြင်းမျိုး ရှိချင်မှရှိပါလိမ့်မယ်။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်လျှင် သင့်မျက်လုံးထဲမှာ အလင်းရောင်ပြိုးပြိုးပြက်ပက်များ၊ အကွေ့အကောက်လိုင်းများ၊ ကြယ်များကို မြင်နေပါလိမ့်မယ်။ အချို့ကလည်း ထင်ယောင်မြင်မှား ဖြစ်နေတယ်လို့ပြောကြပါတယ်။ သင့်မြင်ကွင်းရဲ့ တစ်နေရာရာကို မမြင်ရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်လူနာ ၅ယောက်မှာ ၁ယောက်ဟာ အမြင်အာရုံဆိုင်ရာ လက္ခဏာများခံစားနေရပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ စာရေး၊ စာဖတ်၊ ကားမောင်းစတဲ့ အလုပ်များလုပ်နိုင်စွမ်းကို ကျဆင်းစေတတ်ပါတယ်။ ရောဂါလက္ခဏာများဟာ ယာယီသာဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါနဲ့မှားတတ်ပါတယ်။ တကယ်တော့ ဒီရောဂါနှစ်ခုဟာ မတူပါ။ မြင်လွှာထိခိုက်သော ခေါင်းတခြမ်းကိုက်ရောဂါဟာ ရှားပါးပြီး မျက်လုံးတစ်ဘက်တည်းမှာ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဘက် မမြင်ရတော့ခြင်းဟာ အရေးကြီးတဲ့ရောဂါလက္ခဏာဖြစ်လို့ အကြောင်းရင်းကိုသိဖို့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

သင်ခံစားနေရတဲ့ခေါင်းကိုက်ခြင်းကို သာမန်ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းလို့ပဲထင်နေကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် အန်ချင်လောက်သည်ထိ ရင်ထဲမကောင်းဖြစ်နေသလား၊ အလင်းရောင်တွေကြောင့် ပိုကိုက်နေသလား၊ ဒါဆိုရင်တော့ migraine လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်နေပါပြီ။ Migraine ခေါ်ပြင်းထန်ခေါင်းကိုက်ခြင်းခံစားရမယ်ဆိုရင်၊၊ တခါတလေမှာ ကာကွယ်ဖို့ခက်ခဲပေမယ့် ပိုဆိုးမလာအောင်ကာကွယ်ဖို့ လက္ခဏာတွေသိထားဖို့တော့လိုပါမယ်။ Migraine ဆိုတာဘာလဲ ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းသာကိုက်တတ်ပါတယ်။ ခေါင်းထဲမှာ တဆစ်ဆစ်ထိုးကိုက်နေတတ်ပြီး နေ့စဉ်လုပ်ငန်းတွေလုပ်ရခက်သည်ထိ ဖြစ်တတ်တယ်။ ဘာကြောင့်ဖြစ်ရသလဲမသေချာပေမယ့် migraine ဖြစ်ခြင်းကို အားပေးတဲ့အချက်တွေတော့ရှီပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အာရုံကြောလှုံ့ဆော်မှု၊ ကယ်မီကယ်၊ ဦးနှောက်ရှိသွေးကြောများကို ကယောက်ကမဖြစ်စေတဲ့ ဦးနှောက်အလုပ်ပုံမှန်မဟုတ်ခြင်းလို့ ထင်ကြပါတယ်။ Migraine ခေါင်းကိုက်ခြင်းဟာ မှန်းထားလို့မရပါဘူး။ ကံကောင်းစွာနဲ့ သတိပေးတဲ့အချက်တွေတော့ရှိပါတယ်။ ကြိုတင်ကာကွယ်နိုင်အောင် အချက်ပြတဲ့လက္ခဏာတွေကိုကြည့်လိုက်ရအောင်။ Migraine အဆင့်များ လေးဆင့်ရှိတယ် - မတိုင်မီအဆင့် ၊ ခံစားချက်၊ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ပြီးအဆင့် တို့ဖြစ်တယ်။ အဆင့်တိုင်းကိုခံစားချင်မှခံစားရမှာပါ။ မတိုင်မီအဆင့် ခေါင်းမကိုက်မီအဆင့်ဖြစ်တယ်။ ခေါင်းမကိုက်ခင် တစ်ရက်၊ နှစ်ရက်ခန့်လောက်မှာ လက္ခဏာတွေစပေါ်လာတတ်ပြီး ပြောင်းလဲမှုလေးတွေကြုံရတတ်ပါတယ်။ · […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ကဘာလဲ။ များသောအားဖြင့်မျက်လုံးတဝိုက်ကိုက်ခဲတတ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်တယ်။ အလွန်ပြင်းထန်ပြီး အဆိုးဆုံးခေါင်းကိုက်ခြင်းလည်းဖြစ်တယ်။ ရက်သတ္တပတ်များစွာ (၄ ပတ်မှ ၁၂ ပတ်ခန့်ထိ) ကြာအောင် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်နေတတ်သော ခေါင်းကိုက်ခြင်းမျိုးလည်းဖြစ်တယ်။ Cluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သိပ်တော့ဖြစ်လေ့မရှိပါဘူး။ ခေါင်းကိုက်ခြင်းဖြစ်စေတဲ့ အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး အသက် ၂၀ ကျော်ရင်အဖြစ်များပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများCluster Headache (အုံဖွဲ့ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ – ကိုက်ခဲခြင်း – အလွန်ပြင်းထန်ပြီး၊ အချွန်နဲ့ထိုးသကဲ့သို့ ဒါမှမဟုတ် မီးစနဲ့ထိုးသကဲ့သို့ စူးရှပြင်းထန်တဲ့ ကိုက်ခဲခြင်းမျိုးဖြစ်တယ်။ ခေါင်းတစ်ခြမ်းသာဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့်တော့ မျက်လုံးတစ်ဖက်တဝိုက်မှာ စတင်ကာ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ ပုခုံးတွေကို ပျံ့သွားပါတယ်။ ကြိုအချက်မပြဘဲ ရုတ်တရတ်ထကိုက်တတ်တယ်။ ခေါင်းကိုက်ချိန်မှာနေထိုင်မရဖြစ်တတ်၊ စိတ်တိုတတ်တယ်။ မျက်လုံးနီရဲရောင်ရမ်းတတ်တယ်။ ခေါင်းကိုက်တဲ့ဘက်မှာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ကဘာလဲ။ လူတိုင်းမှာတော့ ခေါင်းကိုက်ဝေဒနာ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ ရက်ပေါင်းများစွာ ကြာတဲ့ထိ မပျောက်သေးရင် ဒါမှမဟုတ် နေ့စဉ်ခေါင်းကိုက်ခြင်းကို ကာလကြာရှည်ခံစားနေရရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ နေ့စဉ်ခေါင်းကိုက်တာက ကာလကြာရှည်ခံစားခဲ့ရမယ်ဆိုရင် ဒီသဘာဝကပဲ အခြားသောခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးစေပါလိမ့်မယ်။ အစပိုင်းကုသမှုတွေလုပ်ပြီး ဆက်လက်ကုသမှုခံယူ၊ အချိန်ယူပြီး ထိန်းချုပ်ကာမှ နာကျင်မှုတွေကို လျော့ပါးစေပြီး ခေါင်းကိုက်လည်း သက်သာစေနိုင်မှာပါ။ Chronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Headache (နာတာရှည်ခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့အတိုင်းဆိုတော့ ကာလရှည်နေ့စဉ်ခေါင်းကိုက်ခြင်းဟာ ၁၅ရက် သို့မဟုတ် ၁လနဲ့ အထက် ကစလို့ အနည်းဆုံး ၃လလောက်ထိကြာနိုင်ပါတယ်။ အခြေခံအဆင့် နာတာရှည်ခေါင်းကိုက်ခြင်းဟာ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ

နာတာရှည် ခေါင်းကိုက်ခြင်းတွေဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ သင့်ရဲ့ ပညာရေးနဲ့ အလုပ်ကို ထိခိုက်စေရုံသာမက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းဟာ ကုသရခက်ခဲပြီး ကုသမှုအတော်များများနဲ့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမယ့် ၂၀၁၀ မှစပြီး သိပ္ပံပညာရှင်တွေဟာ အစွမ်းထက်တဲ့ ကုသနည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Botox injection ပဲ ဖြစ်ပါတယ်။ Botox ဘိုတောက်စ်ဘက်တီးရီးယား ဆိုတာ ဘာလဲ။ Clostridium botulinum ဟာ အစာတွေထဲမှာ ပါဝင်ပြီး သေစေနိုင်တဲ့ အဆိပ်ကို ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အနည်းငယ်သာ အသုံးပြုမယ်ဆိုရင် ဒီအဆိပ်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူ့ကို Botox နာမည်နဲ့ ထုတ်လုပ်ကြပါတယ်။ Botox ကို အောက်ပါအခြင်းအရာတွေ ကုသဖို့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကဘာလဲ။ နဖူး၊ခေါင်းနဲ့လည်ပင်းနောက်ကျောတစ်ဝိုက် တောင့်တင်းနေမယ်၊ဦးခေါင်းတစ်ခုလုံးတင်းကျပ်ပြီးနာနေမယ်၊ညှစ်ထားသလိုနာနေမယ်ဆိုရင်တင်းအားများခေါင်းကိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ တစ်လမှာဖြစ်တဲ့အကြိမ်၁၅ကြိမ်ထက်နည်းမယ်ဆိုရင် လတ်တလောရုတ်တရက် ခေါင်းကိုက်ခြင်းလို့ သတ်မှတ်ပြီးဒီထက်ပိုမယ်ဆိုရင်တော့နာတာရှည်ခေါင်းကိုက်ခြင်းလို့သတ်မှတ်ပါတယ်။ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပြီးဘယ်အရွယ်မဆိုဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေကိုလျှော့ချခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ ခေါင်းအရှေ့ခြမ်း၊ထိပ်(သို့)ဘေးဘြက်ခမ်းတွေမှာတင်းငြ်္ပီးနာခြင်း အိပ်ရေးမဝခြင်း မောပန်းခြင်း ဆတ်ဆတ်ထိမခံဖြစ်ခြင်း အာရုံစိုက်မရဖြစ်ခြင်း အသံ၊အလင်းဒဏ်ကိုမခံနိုင်ခြင်း ကြွက်သားများနာခြင်း ခေါင်းတစ်ခုလုံးထုံထိုင်းနေခြင်း နဖူးကြောများတင်းနေခြင်း နဖူးနှင့်ဦးရေပြားများအထိမခံနိုင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်တွေထဲကတစ်ချက်ချက်ရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘဝကိုထိခိုက်လာမယ်ဆိုရင် တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီးခေါင်းကိုက်ပျောက်ဆေးသောက်နေရမယ်ဆိုရင် ခေါင်းကိုက်တဲ့ပုံစံရုတ်တရက်ကြီးပြောင်းသွားမယ်ဆိုရင် ရုတ်ချည်းဆိုးရွားသွားရင် ဖျားတာ၊ဇက်ကြောတက်တာ၊စိတ်ရှုပ်ထွေးတာ၊တက်တာ၊နှစ်ထပ်မြင်တာ၊အားနည်းတာ၊ထုံတာ၊စကားပြောရခက်တာတွေဖြစ်လာမယ်ဆိုရင် ထိခိုက်ဒဏ်ရာရပြီးနောက်မှခေါင်းကိုက်တာမျိုး(သို့)ပိုဆိုးလာတာမျိုးဆိုရင်သွားပြသင့်ပါတယ်။ အကြောင်းရင်းများTension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျမသိရသေးပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေကိုရင်မဆိုင်နိုင်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ အလုပ်၊ကျောင်းစာ၊မိသားစု၊သူငယ်ချင်းဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်စိတ်ဖိစီးနိုင်ပါတယ်။ ဦးခေါင်း၊ လည်ပင်းနောက်ခြမ်း တောင့်တင်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းရင်းတွေကတော့ ပြည့်ပြည့်ဝဝအနားမယူရခြင်း ကိုယ်နေဟန်ထားမမှန်ခြင်း စိတ်ဖိစီးမှုများခြင်း၊စိတ်ဓါတ်ကျခြင်း စိုးရိမ်စိတ်များခြင်း မောပန်းနွမ်းနွယ်ခြင်း ဆာလောင်မွတ်သိပ်ခြင်း သံဓါတ်ချို့တဲ့ခြင်း   ဖြစ်နိုင်ခြေများငါ့ဆီမှာ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အကြောင်းအများကြီးရှိပါတယ်။ အမျိုးသမီးတွေ (အမျိုးသမီးထုရဲ့ ၉၀ရာခိုင်နှုန်းမှာတွေ့နေရပါတယ်။) သက်လတ်ပိုင်းအရွယ်တွေမှာပိုဖြစ်နိုင်ပါတယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း