မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

သတိမေ့တတ်လာတယ်ဆိုတာ တစ်နည်းအားဖြင့် မှတ်ဉာဏ်ချို့ယွင်းလာတာပါပဲ။ အဖြစ်အများဆုံး အမျိုးအစားကတော့ အယ်ဇိုင်းမား ရောဂါပါ။ အယ်ဇိုင်းမားဆိုတာ သတိချို့ယွင်းတဲ့ ရောဂါတစ်မျိုးပါ။ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ချို့တဲ့လာပြီး နောက်ဆုံးကျရင် တစ်ကိုယ်ရည်အလုပ်တွေကိုပါ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဘယ်လို ကုသကြမလဲဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။

အယ်ဇိုင်းမားဆိုတာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါပါ။ နာတာရှည်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းနေတာက လွဲပြီး ကြီးကြီးမားမား နာမကျန်းဖြစ်တာမျိုး မဟုတ်တဲ့အတွက် အိမ်မှာပဲ ပြုစုပေးလို့ရပါတယ်။ ဒါပေမယ့် အယ်ဇိုင်းမားရှိသူ ရဲ့ နေ့စဉ်အလုပ်တွေ၊ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို အစစအရာရာ ဂရုစိုက်ပေးရမှာဖြစ်တဲ့အတွက် ရေရှည်မှာ အဆင်ပြေဖို့ နည်းလမ်းလေးတွေ လိုအပ်ပါတယ်။ အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို နေ့စဉ် ပြုစုပေးရမယ်ဆိုရင် စစချင်းမှာတော့ လူနာက သူ့ဟာသူ အလုပ်လုပ်နိုင်ဦးမှာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ မှတ်ဉာဏ်ထိခိုက်လာတာနဲ့အမျှ တစ်ကိုယ်ရည် အလုပ်တွေ လုပ်ဖို့တောင် အခက်အခဲ ရှိလာမှာပါ။ ဒါဆိုရင် ဘေးလူက ကူပေးရပါပြီ။ အလုပ်တွေကို အစဉ်လိုက် လုပ်ပေးပါ။ ဥပမာ ရေချိုးပြီးရင် အဝတ်လဲမယ် ။ပြီးရင် ထမင်းစားမယ် စသဖြင့်။ ဒါမှ လူကြီးတွေလည်း မှတ်ရလွယ်မှာပါ။ လူကြီးမှာ […]

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ ကို ရှာဖွေမည်။

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်

ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာ သတိထားမိမှာပါ။ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကို ငါးနဲ့ ရေညှိလို အပင်တွေကနေ ရရှိနိုင်တာဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်တည်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးပါလှပါတယ်။ သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ် တွေမှာ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ Rush Institute for Health Aging နဲ့ MIND Center for Brain Health တို့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့သုတေသနအရ တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့သိရပါတယ်။ ဆော်လမွန်၊တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံအာဟာရထဲမှာ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ကိုယ့်နာမည်တောင်မေ့ချင်သလိုဖြစ်နေတဲ့ မေ့တတ်သူလေးတွေအတွက် နည်းလမ်းကောင်း(၅)ခု

ဟိုမေ့ဒီမေ့နဲ့ ကိုယ့်နာမည်တောင် ရုတ်တရက် စဉ်းစားရင် မေ့ချင်သလိုလိုဖြစ်နေတာမျိုး ကြုံဖူးကြလား။ အသက်တွေတောင် သိပ်မကြီးသေးဘဲမှတ်ဉာဏ်တွေက မကောင်းတော့တာကို ဘယ်လိုလုပ်ရမလဲနော်။ မေ့တတ်လာတာ၊တွေးခေါ်နိုင်စွမ်းကျလာတာနဲ့ပတ်သက်ပြီး လူတိုင်းစိုးရိမ်တတ်ကြပါတယ်။ တချို့မှာတော့ အသက်ကြီးတာတောင် ဉာဏ်ထက်မြက်နေကြပြီး တချို့က ငယ်ငယ်လေးနဲ့ မှတ်ဉာဏ်မကောင်းတော့တာလဲဆိုတာ သိကြရဲ့လား။ မျိုးဗီဇနဲ့ ဆိုင်တယ်ဆိုပေမယ့်နေထိုင်မှုပုံစံနဲ့လည်း အရမ်းကိုဆက်နွှယ်နေတယ်ဆိုတာ သိထားဖို့လိုပါတယ်။ မှတ်ဉာဏ်ပြန်ကောင်းအောင် ဘာတွေလုပ်ရမလဲ (၁) ဦးနှောက်အတွက်အကျိုးပြုတဲ့ အစားအစာတွေစားပါ သစ်ကြားသီး - မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အချက်အလက်တုံ့ပြန်အသုံးချနိုင်တဲ့မြန်နှုန်းတို့မှာ တိုးတက်ကောင်းမွန်စေပါတယ်။ ဘလူးဘယ်ရီ- ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်အလုပ်လုပ်နိုင်စွမ်း၊ ဦးနှောက်ကိုသွေးရောက်ရှိမှုနဲ့ ဉာဏ်စွမ်းအသုံးချနေချိန် ဦးနှောက်ရဲ့လှုပ်ရှားမှုတို့ကိုကောင်းစေပါတယ်။ Lutein -ကိုက်လန်နဲ့ ဟင်းနုနွယ်၊ထောပတ်သီးနဲ့ ကြက်ဥတို့မှာတွေ့ရလေ့ရှိတဲ့ ဓါတ်ဖြစ်ပါတယ်။ သူက အသက်အရွယ်ကြောင့် ဦးနှောက်ဉာဏ်ရည်ကျဆင်းမှုကို ခုခံပေးနိုင်ပြီးလေ့လာနိုင်စွမ်းနဲ့ မှတ်ဉာဏ်တို့ကိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ထောပတ်သီး၊ချောကလက်၊ ကဖင်းစတာတွေလည်း စားလို့ရပါတယ်။ ဒါပေမယ့်ပြုပြင်စီမံထားတာတွေ၊ ပြည့်ဝဆီ၊အသွင်ပြောင်းဆီတွေနဲ့အချိုများတာတွေကိုရှောင်ပါ။ အကျိုးပြုအဆီဓါတ် Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုတာ ဘာလဲ

အခုလေးတင် မြင်လိုက်၊ ကြားလိုက်၊ လုပ်လိုက်တဲ့အရာတစ်ခုကို ခဏနေတော့ မေ့သွားတာမျိုး ဖြစ်ဖူးလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဒါဆိုရင်တော့ သင့်မှာ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ လက္ခဏာရှိနေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေမှာတော့ မေ့တတ်တဲ့အကျင့်ရှိတာ သိပ်ပြဿနာမရှိပေမဲ့ ဒါဟာ တခြားသော စိတ်နဲ့ခန္ဓါ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ရုတ်တရက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို မေ့သွားတတ်တာ၊ စဉ်းစားလို့ မပေါ်တော့တာကို ခေါ်တာဖြစ်ပါတယ်။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ မေးပြီးသားမေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးတတ်တာ အခုလေးတင် ထားခဲ့လိုက်တဲ့ ပစ္စည်းကို ဘယ်နားမှာထားခဲ့မှန်း စဉ်းစားရခက်တာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မေ့လွယ်တာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် မကြာခဏ မေ့တတ်လာတာလဲ။ အသက်ကြီးလာတာ၊ အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ၊ ဦးနှောက်အကျိတ်၊ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မေ့ပြန်ပြီ....မှတ်ဉာဏ်တွေမကောင်းတော့ဘူးဆိုသူတွေအတွက် နည်းလမ်း (၆) ချက်

ဒီနေ့ဘာတွေလုပ်စရာရှိလဲ မေ့တတ်နေပြီလား။ ဘာပြီးရင်ဘာလုပ်မယ် အစီအစဉ်တွေအကုန်ပျောက်၊ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိဖြစ်နေတတ်လား။ ဒါဆို မှတ်ဉာဏ်ပြဿနာရှိနေပါပြီ။ အခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းတွေက ခေတ်မီလွန်းတော့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေ၊ လုပ်စရာအစီအစဉ်တွေကို ဖုန်းထဲ၊ကွန်ပျူတာထဲ မှတ်သားလာကြပါတယ်။ စက်ပစ္စည်းအားကိုးနဲ့ ဦးနှောက်ကိုအလုပ်မပေးတာတွေ၊ ဒါမှမဟုတ် စိတ်ဖိစီးမှု၊ အလုပ်တာဝန်တွေများလို့ မေ့တတ်လာသူတွေအတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်နည်းလမ်း (၆) ခုကို ဖော်ပြပေးလိုက်မယ်နော်။ (၁) အာရုံထားပါ စာဖတ်နေတာပဲဖြစ်ဖြစ်၊အရေးကြီးတဲ့ဧည့်သည်နဲ့ဆွေးနွေးနေတာဖြစ်ဖြစ်၊ ညွှန်ကြားချက်ကိုနားထောင်နေတာပဲဖြစ်ဖြစ် တစ်ခုတည်းကိုအာရုံစိုက်ထားပါ။ တခြားအာရုံတွေကို အဝင်မခံပါနဲ့။ (၂) မြင်ယောင်ပုံဖော်ကြည့်ပါ တစ်ခုခုကို မမှတ်မိရတဲ့အကြောင်းက တကယ်တမ်းကိုယ်တိုင်မမြင်ရတဲ့အတွက် ကိုယ်မှတ်မိချင်တဲ့အရာကို မှတ်မထားနိုင်တာလည်းပါပါတယ်။ စိတ်ထဲကနေ ပုံဖော်မြင်ယောင်ကြည့်ပါ။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ထိရောက်ပါတယ်တဲ့။ (၃) မနက်ဖြန် မေ့နိုင်လောက်တဲ့အရာတွေအတွက် အစီအစဉ်ဆွဲပါ နောက်တစ်နေ့မှာ ဟိုမေ့ဒီမေ့ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်သိနေမှာပါ။ အခုလောလောဆယ် သေချာသတိထားမှတ်နေတဲ့အရာကို နောက်နှစ်ရက်လောက်ဆို ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေရလောက်ပြီ။ ဆိုတော့ ကြိုစဉ်းစားပြီး စာရွက်နဲ့ဖြစ်ဖြစ်မှတ်ထားလိုက်ပါ။ (၄) မှတ်ဉာဏ်မကောင်းတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်ပြောနေတာ ရပ်ပါ နာမည်တွေမမှတ်မိတဲ့ပြဿနာက […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မနာလိုစိတ်ပုပ်တတ်သူတွေ အသက်ကြီးလာရင် အယ်ဇိုင်းမားဖြစ်နိုင်ခြေ နှစ်ဆပိုများ

ရုပ်ရှင်တွေထဲမြင်ဖူးမှာပေါ့၊ မင်းသမီးကို အမြဲတမ်းဘလိုင်းကြီးဂျေဝင်၊ စိတ်ပုပ်ပြီးချောက်ချတတ်တဲ့ ဗီလိန်မလေးတွေ။ ရုပ်လေးချောနေရင်တောင် အဲ့ရုပ်ရှင်ကြည့်နေရင်း သူ့ကိုမုန်းလာတာ၊ ကျိန်ဆဲမိကြတာဖြစ်ဖူးတယ်မလား။ပြင်ပလောကမှာလည်း ဒီလိုမျိုးလေးတွေရှိတတ်ပေမယ့်ဂျေဝင်တာကို သိပ်မသိသာဘူးလေနော်။ သူ့စိတ်ထဲရှိနေတာကို ရုပ်ရှင်ထဲမှာလို လူတိုင်းကမြင်နေရမှာမှမဟုတ်တာ။ ဒါပေမယ့်ဂျေမမတို့အတွက် သတိထားသင့်တဲ့အန္တရာယ်ရှိလာပါပြီ။ အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာ၊ စိတ်အပြောင်းအလဲမြန်တာ၊သောကတွေအမြဲပိုက်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ခြေ ပိုများတယ်လို့ နှစ် ၄၀ နီးပါး ကြာ သုတေသနလေ့လာမှုတစ်ခုကNeurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကိုလေ့လာခဲ့တဲ့ University of Gothenburg ရဲ့ သုတေသနအရ အမြဲလိုလို ကာလကြာရှည်စိတ်ထဲဖိစီးမှု၊ ပူလောင်မှုတွေခံစားရတာဟာ ဒီစိတ်တွေနည်းတဲ့ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကိုတွေ့ရပါတယ်။ အဖြစ်များဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမားကြောင့် မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊မြင်နိုင်စွမ်းတို့မှာ ချွတ်ယွင်းလာစေတာပါ။ တဖြည်းြ်ဖည်းချင်းအဆင့်တက်လာတတ်တဲ့ ဒီရောဂါကို […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ဦးနှောက်သိပ်မကောင်းတော့ဘူး..တစ်ခန်းတွေလွတ်နေပါပြီနော်

အခုတလော ဘာလုပ်လုပ် အဆီအငေါ်မတည့်ဖြစ်နေတာ၊ ဟိုမေ့ဒီမေ့နဲ့၊ အတွေးအကြံကောင်းတွေလည်းမထွက်တာ ဘာကြောင့်များလဲ။ခေါင်းတွေလည်းမကောင်းတော့ပါဘူး၊ လွတ်နေပြီလို့တွေးမိဖူးလား။ ဗန်းစကားအခေါ်ဆို ပလပ်ကျွတ်တယ်ပေါ့။ အဲဒါတွေက ဘာကြောင့်ဖြစ်တာလဲ။ အသက်ကြီးလို့လား (လူငယ်တွေလည်းဖြစ်တာပဲ)၊ အရက်သောက်လို့လား( မိန်းကလေးတွေကျ ဘယ်လိုပြောမလဲ)၊ အလုပ်တွေပိလို့လား( အလုပ်မည်မည်ရရမလုပ်တဲ့သူတွေမှာလည်း ဒီလိုဖြစ်တတ်တာပဲ)။ ဒါဆို ဘာကြောင့်လဲ.... (၁) မနက်စာ လွတ်တယ် နေ့တစ်နေ့ရဲ့အစမှာ ခန္ဓာကိုယ်အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ်စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင်သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင်ပိုအသုံးပြုတာဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓာတ်တွေရဲ့ ၂၀%အထိ ယူသုံးနိုင်ပါတယ်။ ဦးနှောက်မှာ အာဟာရမလုံလောက်တာ ပုံမှန်လိုဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှုဖြစ်လာပြီး ဦးနှောက်ရဲ့တုံ့ပြန်နိုင်စွမ်းကို ယိုယွင်းလာစေပါတယ်။ ဦးနှောက်ဆဲလ်ေတွက မကျန်းမာတော့ဘဲ မြန်မြန်သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာလွတ်ရင် အစာအိမ်ပဲထိခိုက်မယ်မထင်လိုက်ပါနဲ့။ (၂) အိပ်ရေးပျက်ခံတယ် အိပ်ရေးပျက်ထားတယ်ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ်လေးဖင့်နေပြီး ဟိုမေ့ဒီမေ့ဖြစ်၊ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာလား။ ။

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ ။အတိတ်မေ့သွားပြီး ကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့သူတွေကို ကာလတိုတစ်ခုလောက် သတိမရတော့တာမျိုး။ ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာလား။ အပြင်မှာရော ဒီလို ခဏတာ အတိတ်မေ့သွားတဲ့သူတွေရှိလား။ ရှိပါတယ်။ အပြင်မှာလည်း ဒီလိုမျိုး ခဏလောက် အတိတ်မေ့သွားပြီး ဘာကိုမှသတိမရတော့တာမျိုးတွေရှိပါတယ်။ ဆေးပညာအရဆို ဒါကို short term amnesia (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း ) လို့ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း )short term amnesia အကြောင်းလေးပြောပြပေးချင်ပါတယ်။ ရုပ်ရှငိထဲမှာပဲ မဟုတ်။ အပြင်မှာလည်း ဒီလိုမျိုး အတိတ်မေ့တာတွေရှိတယ်ဆိုတာလေး ပြောပြချင်တာပါ။ လတ်တလော မှတ်ဉာဏ်ဆိုတာ ဘာလဲ ။ ။ လတ်တလော မှတ်ဉာဏ် ဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ခုလတ်တလော တွေးနေတဲ့ အတွေးတွေကို ဦးနှောက်က […]


ဦးနှောက်အာရုံကြောကျန်းမာရေး

Short term memory တိုးတက်စေမယ့် နည်းလမ်းအချို့

ခုလေးတင်ပြောမလို့မေ့သွားပြန်ပြီ။ ဘာပြောနေတာလဲ ဆိုပြီးဖြစ်ဖူးလား။ လူတွေမှာ အလုပ်များလေလေ သတိမေ့လာလေလေပါ။ ငါမလည်း တစ်ချိန်လုံးကိုမေ့နေတာပဲလို့များဖြစ်နေပြီလား။ ဒါက ကာလတိုမှတ်ဉာဏ်အားနည်းလာတာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းများမရှိဘူးလားလို့ စဉ်းစားနေတာလား။ အစားအသောက်တွေ နဲ့နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်နော်။ ကာလတိုမှတ်ဉာဏ်ဆိုတာ ကာလတိုမှတ်ဉာဏ်ဆိုတာက ရုတ်တရက်ဖြစ်ပျက်တဲ့အရာတွေကို အချိန်တိုအတွင်းမှတ်ထားပေးတဲ့ မှတ်ဉာဏ်ပါ။ သတင်းအချက်အလက်တွေကို ယာယီသိမ်းဆည်းပေးထားတာပါ။ များသောအားဖြင့် ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀လောက်ပဲမှတ်ထားပေးတာပါ။ ရုတ်တရက်ဖုန်းနံပါတ်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ်၊ အရေးကြီးအချက်အလက်တွေကို ချမရေးနိုင်ခင်မှာဖြစ်ဖြစ် မှတ်ထားပေးတာပါ။ ယာယီ သိမ်းဆည်းပေးထားတဲ့သဘောပေါ့။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ ဒီလိုတွေလုပ်ပေးလို့ရပါတယ် ကာလတိုမှတ်ဉာဏ် အားနည်းလာတာက နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်တဲ့ ကိစ္စပါ။ ကာလတိုမှတ်ဉာဏ်တိုးတက်စေဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေက - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပေးပါ။ သင့်တင့်မျှတတဲ့ဖြည့်စွက်အာဟာရတွေစားသုံးပေးပါ။ ချောကလက်စားပေးပါ ချောကလက် စားသုံးပြီး ၂ နာရီ ကနေ ၃ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Dementia in head injury

အဓိပ္ပါယ်ဖွင့်ဆိုချက်။Dementia in head injury ( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း) ဆိုတာဘာလဲ။ Dementia in head injury ( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း) ဟာ ထင်ရှားတဲ့ ပြည်သူ့ကျန်းမာရေး ပြသနာတစ်ခုပါ။ အမျိုးအစားနှင့် ခေါင်းထိခိုက်ခြင်းနေရာ ပေါ်မူတည်ပြီး dementia ရဲ့ တွေ့ရပုံချင်းက ကွာပါတယ်။     ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ အခြားသော မှတ်ဉာဏ်ချို့ယွင်းခြင် များနှင့် ကွာခြားမှု ရှိပါတယ်။ ဥပမာ Alzheimer’s disease ဟာ အချိန်ကြာလာသည်နှင့် ပိုဆိုးလာပါတယ်။ သို့သော် ခေါင်းထိခိုက်ပြီး ဖြစ်သော မှတ်ဉာဏ်ချို့ယွင်းခြင် က အချိန်ကြာလာသည်နှင့် ပိုဆိုးမလာနိုင်ပါ။ ပိုတောင် ကောင်းလာနိုင်ပါတယ်။ သို့သော် ပြန်ကောင်းလာမှုက နှေးကွေးပြီး လများ၊ နှစ်များထိကြာနိုင်ပါတယ်။   ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ဦးခေါင်းထိခိုက်ရာမှ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) ကဘာလဲ။ ရုတ်တရက်ဖြစ်သော ခဏတာ အတိတ်မေ့ရောဂါကိုဆိုလိုပြီး အဖြစ်များသော အာရုံကြောဆိုင်ရာရောဂါများဖြစ်သည့် အတက်ရောဂါ (သို့)လေဖြတ်လေငန်းရောဂါများကြောင့်ဖြစ်တတ်သည်။ ထိုကဲ့သို့အတိတ်မေ့နေစဉ်တွင် သိပ်မကြာခင်မှအဖြစ်အပျက်များသည် ရိုးရိုးရှင်းရှင်းပင် ပြန်စဉ်းစားမရပဲပျောက်ကွယ်ကုန်ကာသင်သည်မည်သည့်နေရာတွင် ရောက်နေသည်(သို့)မည်သို့ရောက်လာသည်ကို ပင်မမှတ်မိနိုင်တော့ပေ။ ပိုပြောရလျှင်ယခုဖြစ်ပျက်နေသောအရာများနှင့် ပတ်သတ်ကာသင်သည် ဘာကိုမျှမှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ပြင် သင့်အားဖြေထားပြီးသောအဖြေများကိုမမှတ်မိခြင်းကြောင့် မေးပြီးသားမေးခွန်းများကိုလည်း သင်သည်ထပ်ကာထပ်ကာ မေးနေတတ်သည်။ လွန်ခဲ့သည့် တရက်၊တလ (သို့)တစ်နှစ် ကဖြစ်ပွားခဲ့သောသင့်အားမေးမြန်းပါကလည်း စိတ်ထဲတွင်မမှတ်မိပဲဟာတာတာဖြစ်နေတတ်သည်။ ထိုအတိတ်မေ့ရောဂါတွင် သင်သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မှတ်မိကာ သိကျွမ်းသူများကိုလည်း မှတ်မိသော်လည်း သင်၏မှတ်ဉာဏ်အချို့ပျောက်ဆုံးသွားမှုအား မလျော့ပါးသွားစေပါ။ ထိုကဲ့သို့ အတိတ်မေ့ခြင်းသည် ခဏသာဖြစ်ပြီး ပြန်ကောင်းသွားသောအခါ မှတ်ဉာဏ်သည်အကောင်းပကတိသာဖြစ်သည်။ Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အတိတ်မေ့ခြင်းရောဂါသည် အဖြစ်နည်းပါးကာ အန္တာရယ်ပေးနိုင်စွမ်းလည်းနည်းပါးပြီး ပြန်ဖြစ်ရန်လည်းခဲယဉ်းတတ်သည်။ ထပ်မံသိရှိလိုပါက သင်၏ဆရာဝန်နှင့် ဆက်လက်ဆွေးနွေးပါ။ လက္ခဏာများTransient […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း