brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက စားလိုက်ရင် အရသာရှိရုံ အားပြည့်စေရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်မှာ ခံစားရနိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု ကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု သက်သာစေဖို့

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ဆိုရင် ဒါတွေ စားပေးလို့ရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီ၊ ငရုတ်ကောင်း၊ ဘယ်ရီသီး၊ တရုတ်နံနံ စတာတွေမှာ အပင်ထွက် ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ quercetin ပါဝင်နေပါတယ်။ ဒီဓာတ်ကပဲ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးတာပါ။

ကီဝီသီး

နာနတ်သီး

နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်း တစ်မျိုး ပါဝင်နေပါတယ်။ ဒီ အင်ဇိုင်းက ပန်းနာရင်ကျပ်လိုမျိုး ဓာတ်မတည့်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

တူနာ

တူနာ၊ ဆယ်လ်မွန်၊ မက်ကာရယ် တို့မှာ Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်နေပါတယ်။ Omega-3 fatty acid ကရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်မှုကို ကာကွယ်ချင်တယ်ဆိုရင် တစ်ပတ်ကို ၂ ကြိမ် ငါးစားပေးပါ။

ကီဖာ

ရာသီဥတုကြောင့်ဖြစ်တဲ့ဓာတ်မတည့်မှု ကို ကာကွယ်ဖို့ ကီဖာ စားလို့ရသလို ဒိန်ချဉ်၊ ကင်ချီ စတာတွေကိုလည်း စားပေးလို့ရပါတယ်။

သဘာဝ ပျားရည် 

သဘာဝ ပျားရည် စစ်စစ်က ဆေးဖက်ဝင်သလို ဓာတ်မတည့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့အခါ လိမ်းပေးလို့ရသလို ဓာတ်မတည့်မှုကို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ ရပါတယ်။

အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားသုံးပြီး ရာသီဥတု ပြောင်းလဲချိန်မှာ ခံစားရနိုင်တဲ့ ဓာတ်မတည့်မှုကို ကာကွယ်လိုက်ပါ။ အားလုံးကို စားဖို့ မလိုဘဲ တစ်ခု ဒါမှမဟုတ် ၂ ခုကနေ ၃ ခုလောက်ကို ပုံမှန် စားသုံးပေးရင်ကို အဆင်ပြေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 09/03/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။