ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။ ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

ဓာတ်မတည့်ရောဂါများ

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓါတ်မတည့်မှုကလည်းရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓါတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြေကာင့် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။ ဘာကြောင့် သင့်မှာ တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုဖြစ်နေတာလဲ၊ များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ဓါတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။ အလားတူပဲ သင့်မှာ သင့်အမေရဲ့ မျက်နှာနဲ့ အဖေ့အပြုးံတွေရှိနေတယ်မဟုတ်လား။ ဖြစ်နိုင်တာကတော့ ဓါတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ အခြားသော ဓါတ်မတည့်မှုတွေ သို့မဟုတ် ရင်ကြပ်ရောဂါတွေ ရှိနေခဲ့ရင် အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုကလည်း ပိုဖြစ်နိုင်ပါတယ်။ ဓါတ်မတည့်မှုဖြစ်တတ်တဲ့လူတွေမှာ တုံ့ပြန်မှုအားအရမ်းကိုကောင်းတဲံ့ (Oversensitive) ခုခံအားစနစ်ရှိကြပါတယ်။ သူတို့ရဲ့ခန္ဓါကိုယ်ဟာ အန္တရာယ်မရှိတဲ့အရာတွေကိုလည်း အလွန်အကျွံတုံ့ပြန်တတ်ကြပါတယ်။ […]


အစာဓာတ်မတည့်ခြင်း

ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာကို ဘယ်လိုရှာဖွေကြမလဲ။

တစ်ခါတလေမှာ သင်က အစားအသောက်တွေကို ကောင်းကောင်းကြီးစားသောက်ပြီး နောက်တစ်ရက်မှာကျတော့ အော့အန်ပြီး မအီမသာဖြစ်နေတာမျိုးဆို ဘယ်အဆင်ပြေပါ့မလဲ။ ဒါမှမဟုတ် ဓာတ်မတည့်တဲ့ လက္ခဏာတွေပေါ်လာတာက နေ့တောင် မကူးဘူးဆိုရင်ရော… ဆိုလိုချင်တာက သင်ကတော့သင်စားနိုင်သလောက် ပုံမှန်စားလိုက်တာပါပဲ ။ ပြီးတော့မှ တစ်ခုခုလွဲမှားပြီး သင့်မျက်နှာကြီးရောင်လာတယ်ဆိုရင်.. ဘာတွေမှားနေတယ်ဆိုတာ သိရဖို့အတွက် တစ်ခါတလေမှာလည်း ဖြုတ်ထုတ်သတ် လမ်းစဉ်လိုက်ဖို့ လိုပါတယ်။ ( Elimination diet လုပ်ဖို့ လိုပါတယ်။ ) Elimination diet ဆိုတာဘာလဲ။ အထက်ဖော်ပြပါ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပြီဆိုရင် ဒီလမ်းစဉ်က သင့်ကို ဘယ်စားစရာက ပြဿနာဖြစ်စေတာလဲဆိုတာကို ထောက်ပြပေးနိုင်ပါလိမ့်မယ်။ ဒီလမ်းစဉ်ကို စပြီဆိုတာနဲ့ သေချာရမှာတစ်ခုကတော့ ဆရာဝန်ရဲ့ထောက်ပံ့မှုသေချာရှိဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ မကုန်ခမ်းနေဖို့ပါပဲ။ သတိထားရမှာတစ်ခုရှိပါသေးတယ်။ ဘာလဲဆိုတော့ ဒီ Elimination diet ကို သင့်မှာ anaphylaxis ဒါမှမဟုတ် […]


အစာဓာတ်မတည့်ခြင်း

အပြင်မှာ ညစာထွက်စားမယ်ဆိုရင် အစာနဲ့ဓါတ်မတည့်မှုအတွက် အပြင်မထွက်ခင် ဘယ်လို စီမံရမလဲ

များသောအားဖြင့်တော့ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတာက သင့်မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အပြင်မှာ ပျော်ပျော်ပါးပါးစားသောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ သင် အေးအေးဆေးဆေး စားလို့ရမယ့်အချိန်ဟာ သင်နဲ့မတည့်တဲ့အရာတွေအားလုံး တတ်နိုင်သမျှ သင်နဲ့အဝေးကြီးမှာ ရှိတာ သေချာတဲ့အချိန်ပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ သတိထားမှုတွေနဲ့ဆိုရင်တော့ နာမည်ကြီးစားသောက်ဆိုင်တွေမှာ တစ်ခေါက်တစ်ခါတော့ ညစာ စားနိုင်ပါသေးတယ်။ စားသောက်ဆိုင်ရွေးချယ်ခြင်း သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဘယ်မှာစားမယ်ဆိုတာရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တာက နာမည်ကြီးစားသောက်ဆိုင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စနည်းနာဖို့တော့ လိုအပ်ပါဦးမယ်။ သင့်လိုပဲ အစာနဲ့ဓါတ်မတည့်သူတွေကို သူတို့ဘယ်နေရာတွေမှာ စားလေ့ရှိလဲဆိုတာကို မေးခြင်းအားဖြင့်လည်း စဉ်းစားနိုင်ပါသေးတယ်။ နေရာစဉ်းစားပြီးပြီဆိုတာနဲ့ သင့်နဲ့ သင့်လျော်၏ မလျော်၏ဆိုတာအတွက် စားသောက်ဆိုင်ရဲ့ မီနူးကို စစ်ဆေးပါ။ တကယ်လို့ ဘယ်နေရာကို ရွေးချယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် အကောင်းဆုံးကတော့ ဘယ်လိုစားသောက်ဆိုင်တွေကို ရှောင်ကြဉ်ရမလဲဆိုတာနဲ့ စတင်လိုက်ပါ။ ဒီထဲမှာ - ဘူဖေးဆိုင်တွေပါ ပါပါတယ်။ ဒီနေရာတွေမှာ စားစရာတွေအများကြီးရှိသလောက် သင်နဲ့မတည့်တဲ့စားစရာတွေကလည်း တခြားအရာတွေနဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

ဆိုးရွားသော ဓါတ်မတည့်ခြင်း

လူအများစုကတော့ ဓါတ်မတည့်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။ အထူးသဖြင့် ရာသီအလိုက်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကို ခံစားနေရတဲ့သူတွေကပေါ့။ သူတို့အတွက်တော့ ဓါတ်မတည့်ခြင်းဆိုတာ အနှောက်အယှက်တစ်ခုပါပဲ။ သင်အပြင်ထွက်တိုင်းမှာ အမြဲတမ်း နှာခေါင်းပိတ်၊ နှာစေး၊ နှာချေပြီးချောင်းဆိုးနေတာကြောင့် တစ်သျှူးကို အမြဲတမ်းဆောင်သွားရတဲ့အဖြစ်ကြီးကို မြင်ယောင်ကြည့်လိုက်စမ်းပါ။ ဒါ့အပြင် အချို့သော ဓါတ်မတည့်ခြင်းတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးပြင်းထန်နေတတ်ပြီး လူတစ်ယောက်ရဲ့ အသက်ကိုတောင် ရန်ရှာနိုင်ပါတယ်။ တကယ်လို့ သင့်မှာ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ဓါတ်မတည့်တာမျိုးဖြစ်နေပြီလို့ သံသယရှိရင် စစ်ဆေးမှုခံယူဖို့ အရေးကြီးလှပါတယ်။ သင့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အရည်ပြားစစ်ဆေးမှုတစ်ခု (ပုံစံကတော့ အမျိုးမျိုးရှိတာပေါ့ )သို့မဟုတ် သွေးစစ်တာမျိုးကို လုပ်ခိုင်းပါလိမ့်မယ်။ ၁။ အရည်ပြားစစ်ဆေးခြင်း အရည်ပြားစစ်ဆေးတဲ့နေရာမှာ ပုံစံ သုံးမျိုးရှိပါတယ်။ - အရည်ပြားဖောက်ပြီးစမ်းသပ်ခြင်း ( Skin Prick Test) ဆရာဝန်က ရွေးချယ်ထားတဲ့ ဓါတ်မတည့်စေတဲ့ပစ္စည်းကို အရည်ပြားပေါ်တင်ပြီး ခြစ်ရာအနည်းငယ်ထင်အောင်လုပ်ပါလိမ့်မယ် ။ ဒါမှမဟုတ် အပ်လေးတွေနဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း (Hay fever) တစ်ဖြစ်လဲ allergic rhinitis တွေဟာ အအေးမိခြင်းနဲ့ တူညီတဲ့ လက္ခဏာမျိုးရှိတတ်ပါတယ်။ ဥပမာ - နှာစေးတာ၊ မျက်လုံးယားတာ၊ နှာချေတာနဲ့ နှာခေါင်းပိတ်တာလိုမျိုးပေါ့။ ဒါပေမဲ့ အအေးမိတာကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပြီး hay fever ကတော့ပန်းဝတ်မှုန်၊ ကြောင်မွေး သို့မဟုတ် ခွေးမွေးတွေ၊ ဖုန်မှုန့်တွေတွေလိုမျိုး ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့အရာတွေကြောင့် ဖြစ်ရတာပါ။ ဒါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝတွေ၊ အလုပ်မှာ ကျောင်းမှာ စွမ်းဆောင်ရည်တွေ ပြတဲ့နေရာတွေမှာတော့ အနှောက်အယှက် အတော်ပေးနိုင်ါတယ်။ ဒါဆိုရင် ဒီ hay fever ကို ပုံမှန်အအေးမိတာကနေ ဘယ်လိုခွဲခြားမလဲ။ လက္ခဏာတွေကတော့ ဓါတ်မတည့်မှုတွေဖြစ်စေတဲ့အရာတွေ (ဥပမာ- ဖုန် သို့မဟုတ် ဝတ်မှုန်တွေ)ကို ကာလကြာရှည်ရှူရှိုက်မိပြီးနောက် ဒီအရာတွေနဲ့ […]


နှာခေါင်းနှင့် မျက်လုံး

Nonallergic Rhinitis (ဓါတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nonallergic Rhinitis (ဓါတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း) ကဘာလဲ။ နှာခေါင်းရဲ့အတွင်းပိုင်းဟာ ဓါတ်မတည့်လို့မဟုတ်ပဲ ရောင်ရမ်းခြင်းဖြစ်ပါတယ် ။ ဓါတ်မတည့်ခြင်းကြောင့်မဟုတ်တဲ့နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်းတွင်နှာချေခြင်း သို့ နှာရည်ယိုခြင်း စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ Nonallergic Rhinitis (ဓါတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဓါတ်မတည့်ခြင်းကြောင့် နှားခေါင်းအမြှေးပါးရောင်ရမ်းခြင်းဟာ ကလေးနဲ့အရွယ်ရောက်ပြီးသူတွေမှာဖြစ်ကြပြီး အသက် ၂၀ နောက်ပိုင်းမှာပိုပြီးအဖြစ်များပါတယ် ။ ဓါတ်မတည့်ခြင်းကြောင့် နှာခေါင်းအမြှေးပါးရောင်ခြင်းဟာ ဓါတ်မတည့်ခြင်းကြောင့်မဟုတ်တဲ့နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်းထက်ပိုပြီး အဖြစ်များပါတယ် ။ ဒါပေမယ့် ၂ မျိုးစလုံးဟာလက္ခဏာတွေ ၊ ကူးစက်ပုံတွေ၊ ကုသမှုပုံစံတွေတူကြပါတယ် ။ နှာခေါင်းယားယံခြင်းနှင့် ရုတ်တရက်နှာချေခြင်းတွေဟာဓါတ်မတည့်ခြင်းကြောင့်မဟုတ်တဲ့ နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်းမှာပိုပြီးအဖြစ်များပါတယ် ။ ဒီလိုအခြေအနေဟာအဖြစ်များကြပါတယ် ။ အန္တရာယ်ရှိသည်များကိုလျှော့ချ၍ရောဂါသက်သာအောင်စီမံနိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများNonallergic Rhinitis (ဓါတ်မတည့်ခြင်းကြောင့်မဟုတ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကယ်၍သင့်တွင်ဓါတ်မတည့်ခြင်းကြောင့်မဟုတ်ပဲနှာခေါင်းအတွင်းအမြှေးပါးရောင်ရမ်းခြင်းဖြစ်ပါက ရောဂါလက္ခဏာများပေါ်လာပြီး တစ်နှစ်လုံးဖြစ်နေတတ်ပါတယ် ။ ယာယီလက္ခဏာများရှိသလို အမြဖြစ်နေမယ့်လက္ခဏာများလည်းရှိပါတယ်။ ရောဂါလက္ခဏာတွေကတော့… နှာပိတ်ခြင်း ၊ […]


အစာဓာတ်မတည့်ခြင်း

ပြင်းထန်အစာဓါတ်မတည့်မှုအတွက် အရေးပေါ်အစီအစဉ်

အစာဓါတ်မတည့်မှုရှိသူတွေအတွက် သူတို့ရဲ့လက္ခဏာတွေဟာ အပျော့စားမသက်မသာဖြစ်မှုကနေပြီး အပြင်းစား အသက်အန္တရာယ်ပေးနိုင်သည်ထိရှိကြပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ မတည့်တဲ့အစားအစာတွေနဲ့ မတည့်နိုင်တဲ့ ဓါတ်မတည့်ပစ္စည်းတွေကိုရှောင်ဖို့ပါပဲ။ ကံမကောင်းစွာနဲ့ပဲ သင်က သေချာ ရှောင်ရှားမယ်ဆိုရင်တောင် သင့်ကို ဓါတ်မတည့်မှုဖြစ်စေမယ့် အရာတစ်ခုကို သင်မသိလိုက်ဘဲ ထိတွေ့မိနိုင်ပါသေးတယ်။ မတော်တဆ ထိတွေ့မှုတွေအတွက် အရေးပေါ်အစီအစဉ်ထားရှိခြင်းက သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။   ဆေးဝါးများ ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းဟာ ချက်ချင်းကုသဖို့အရေးပေါ်လိုအပ်တဲ့ အခြေအနေပါ။ epinephrine auto injector ကို အမြဲတမ်းသင်နဲ့မကွာ ဆောင်ပါ။ တကယ်လို့သင်က ပြင်းထန်တဲ့ အစာဓါတ်မတည့်မှုရှိတယ်လို့ သတ်မှတ်ခံရရင် သင့်ဆရာဝန်က ဒီလို ဆေးမျိုးကိုပဲညွှန်းဆိုပါလိမ့်မယ်။ ပြီးတော့ ဒါကို အမြဲဆောင်ထားသင့်ကြောင်းဆိုပါလိမ့်မယ။် ဒီပစ္စည်းဟာ epinephrine ပါဝင်တဲ့ ဆေးထိုးပိုက်ထည့် ပိတ်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်းပါပဲ။ ဒီဆေးထိုးဖို့အတွက် ဆရာဝန်တွေကို အကူအညီတောင်းဖို့မလိုအပ်ပါဘူး။ ဒီပစ္စည်းဟာ အများပြည်သူနဲ့ အသက်အရွယ်မရွေး အလွယ်တကူအသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတာပါ။ လိုအပ်လာတဲ့အချိန်တွေမှာ ဒီဆေးကို […]


အခြား ဓာတ်မတည့်ခြင်းများ

ဓါတ်မတည့်ခြင်း အမျိုးအစားများ

ဓါတ်မတည့်ခြင်းတွေဟာ အထိခိုက်လုံးဝမခံနိုင်တဲ့သူတွေမှာ မလိုလားအပ်တဲ့အရာတွေ အပေါ် ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က အလိုအလျောက်တုံ့ပြန်တဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဓါတ်မတည့်ခြင်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ခေါင်းကိုက်ခြင်း နဲ့ အသားအရည် နာကျင်ရောင်ယမ်းခြင်းတွေဖြစ်စေပါတယ်။ ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ဓါတ်မတည့်မှုဖြစ်နိုင်ချေအများဆုံးလဲဆိုတော့… မျက်လုံးတွေ၊ နှာခေါင်း၊ အဆုတ်၊ အရည်ပြားနဲ့ အစာအိမ်တို့ပါ။ ဓါတ်မတည့်မှုတွေကတော့ အများကြီးပါပဲ။ ဥပမာ- အစားအသောက်နဲ့ဓါတ်မတည့်ခြင်း၊ anaphylaxis (ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း)၊ အင်းဆက်ဓါတ်မတည့်ခြင်း၊ ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်း၊ ဆေးမတည့်ခြင်း၊ အဖု(အပြင်လိုက်)ထခြင်း၊ ဖောခြင်း ၊ ရောင်ခြင်း စတာတွေဟာ ကိုယ်နဲ့ ဓါတ်မတည့်တဲ့အရာနဲ့ ထိတွေ့ရုံလောက်နဲ့တောင် ဖြစ်ပွားနိုင်ပါတယ်။   အစားအသောက်ဓါတ်မတည့်ခြင်း အစားအသောက်ဓါတ်မတည့်တဲ့ လက္ခဏာဟာ အများအားဖြင့်တော့စားပြီး မိနစ်ပိုင်းကနေ တစ်နာရီအတွင်းမှာ ဖြစ်တတ်ပါတယ်။ အခြားအရာတွေထက် ဒီတုံ့ပြန်မှုက ပိုပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။   ဝတ်မှုံနှင့် ဓါတ်မတည့်ခြင်း သစ်ပင်တွေနဲ့ မြက်တွေကထွက်တဲ့ အမှုန့်လေးတွေဟာ လေထဲမှာပြန့်လွင့်နေပြီး […]


အခြား ဓာတ်မတည့်ခြင်းများ

ဝတ်မှုန်အဖျားရောဂါ

Hay Fever ဆိုတာဘာလဲ။ Hay Fever ကို allergic rhinitis သို့မဟုတ် ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်းလို့လည်းခေါ်ကြပါတယ်။ လက္ခဏာတွေကတော့ ရာသီအလိုက်ဖြစ်ကြတာဖြစ်ပြီးဆိုလိုတာက သင့်ကို ဓါတ်မတည့်စေတဲ့ ဝတ်မှုန်တွေက သူတို့ရဲ့ အမြင့်ဆုံး လယ်ဗယ်ကို ရောက်နေတယ်ဆို လက္ခဏာက ပိုဆိုးမှာပါ။ hay fever ဆိုတာ အဖြစ်အများဆုံးတွေထဲက တစ်ခုပါပဲ။ လူ ၅ယောက်မှာ ၁ယောက်ဖြစ်ပါတယ်။ hay fever ဖြစ်စေတဲ့ အချို့သော ဓါတ်မတည့်စေတဲ့ပစ္စည်းတွေမှာတော့ တိရစ္ဆာန်အမွေး ဖုန်မှုန့် မှိုစပိုး ဝတ်မှုန် မြက် စတာတွေ ပါဝင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကဘာတွေလဲ။ Hay fever ဆိုတာလည်း ဓါတ်မတည့်တာတစ်မျိုးပဲမို့ ဓါတ်မတည့်စေတဲ့ပစ္စည်းနဲ့ထိတွေ့ပြီးမကြာခင်မှာ လက္ခဏာပေါ်တတ်ပါတယ်။ လက္ခဏာတွေက အပျော့စားကနေ အပြင်းစားထိရှိပြီး အောက်ပါလက္ခဏာတွေ ပါဝင်နိုင်ပါတယ်။ နှာချေခြင်း ချောင်းဆိုးခြင်း ယားယံခြင်း (အများအားဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊လည်ချောင်းနဲ့ အရည်ပြား) နှာစေးခြင်း နှာပိတ်ခြင်း ခေါင်းကိုက်ခြင်း နှာခေါင်းနဲ့ပါးတွေမှာ ဖိအားများအား နားလေထွက်ခြင်း၊နားအူခြင်း လည်ချောင်းနာခြင်း မျက်ရည်ကျခြင်း၊ မျက်လုံးရောင်ခြင်း၊ မျက်လုံးနီရဲနေခြင်း မျက်ကွင်းညိုခြင်း အနံ့ခံမရခြင်း အင်ပြင်ထခြင်း Hay fever […]


အခြား ဓာတ်မတည့်ခြင်းများ

ရာသီလိုက် ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကိုဘယ်လို ထိန်းချုပ်မလဲ

ဓါတ်မတည့်တဲ့ တုံ့ပြန်မှုဆိုတာ အန္တရာယ်မရှိတဲ့အရာတွေကို ခန္ဓါကိုယ်က မှားယွင်းတိုက်ခိုက်တဲ့အခါမှာ ဖြစ်လာတဲ့အရာပါ။ ကျန်းမာနေတဲ့ ခုခံအားစနစ်ဟာ ကျူးကျော်လာတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ပွားစဉ်တွေမှာတော့ ခုခံအားစနစ်ဟာ အန္တရာယ်မရှိတဲ့ အရာတွေ ဥပမာ - ပန်းဝတ်မှုံ သို့မဟုတ် မှိုတွေကို Immunoglobulin E (IgE)လို့ခေါ်တဲ့ အထူးအဆင့် antibody (special class of antibody) တွေကို ထုတ်လွှတ်ပေးခြင်းအားဖြင့် တိုက်ခိုက်ပါတော့တယ်။ အပင်မှထွက်သော ဝတ်မှုန် (Plant Pollen) Ragweed နဲ့ အခြားသော ပေါင်းပင်တွေ ဥပမာ - Curly dock, Lambs quarters, pigweed, plantain, sheep sorrel နဲ့ sagebrush တွေဟာ ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်းတွေ အဓိကဖြစ်စေတဲ့ အရာတွေပါပဲ။ Ragweed […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း