
သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းအကြောင်း ကြားဖူးတဲ့သူရှိသလို ၊ အဲဒီ ပစ္စည်းလေးကို ကိုယ်တိုင် အသုံးပြုနေတဲ့ သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ သန္ဓေတားပစ္စည်း အကုန်လုံးနီးပါးဟာ ကိုယ်ဝန်ကို တားဆီးပေးနိုင်ကြသလို ပုံမှန် လာနေတဲ့ ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတတ်တယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ ဒီဆောင်းပါးလေးထဲမှာ သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းက ရာသီစက်ဝန်း အပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတဲ့ အကြောင်း ပြောပြပေးတော့မှာပါ။
IUCD ဆိုတာ သားအိမ်တွင်းကို ထည့်ထားရတဲ့ သန္ဓေတားပစ္စည်းလေးဖြစ်ပီး ဆရာဝန်ထည့်ပေးမှရတဲ့ သန္ဓေတားပစ္စည်းလေးပါ။
ဟော်မုန်းပါတဲ့ IUCD
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဟော်မုန်းပါတဲ့ IUCD တွေဟာ ရာသီစက်ဝန်းကို နှောင့်ယှက်နိုင်တယ်ဆိုတာ သိသာပါတယ်။ လူတစ်ယောက်ချင်းစီ ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။
ရာသီလာနေတဲ့အချိန် သင်ကတော့ IUCD ကို မထည့်ချင်ပေမယ့် ဆရာဝန်တော်တော်များများက IUCD ကို ရာသီလာနေတဲ့အချိန် ထည့်ပေးတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့
ဟော်မုန်းပါတဲ့ IUCD တွေက ရာသီလာနေစဉ် ထည့်ရင် ကိုယ်ဝန်ကို တန်းပြီး ကာကွယ်ပေးပါတယ်။ အခြားရက်တွေမှာထည့်မယ်ဆိုရင်တော့ IUCD ရဲ့ အာနိသင်ရဖို့အတွက် ၇ရက်စောင့်ရမှာ ဖြစ်လို့ အတူနေတာကို ၇ရက်ရှောင်ရပါမယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးသုံးပါ။
Copper IUCD ကျတော့ ရာသီစက်ဝန်းအပေါ်မှီခိုတာမျိုး မရှိဘဲ ထည့်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝန် ကို တန်းပြီး တားဆီးပေးပါတယ်။ အကာအကွယ် မသုံးဘဲ အတူတူ ၅ ရက်လောက်နေပြီးမှ Copper IUCD ထည့်မယ်ဆိုရင်တောင် သူက ကိုယ်ဝန်ကို တားဆီးပေးပါသေးတယ်။
နောက်တစ်ခု အရေးကြီးတာက တစ်လတစ်ခါ ရာသီလာတိုင်း IUCD သူ့နေရာ အတည်တကျမှာ ရှိနေလား မရှိတော့ဘူးလားဆိုတာကို အဖြေပေးတဲ ကြိုးလေးကို စစ်ပေးဖို့ပါ။ ကြိုးကို မစမ်းမိတော့ဘူးဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားပါ။ ဘာကြောင့်လဲဆိုတော့ IUCD ဟာ ရာသီသွေးနဲ့ အတူ ကိုယ်ခန္ဓါ အပြင်ဘက်ကိုထွက်သားတာဖြစ်နိုင်သလို ဗိုက်ထဲပေါက်ပြီး ရောက်သွားတာမျိုးလဲ ဖြစ်တတ်လို့ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။