မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အင်မတန်မှ စိတ်ညစ်စရာ ကောင်းပြီး အလုပ်ရှုပ်တဲ့ အချိန်တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေ ပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့မရတဲ့ ဓမ္မတာဆိုတော့ ဒီလိုထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲရှိတော့တာပေါ့ ။ ။
ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။
မိန်းမကိုယ်မှာ ကိုယ်ပိုင်အနံ့တစ်မျိုးရှိတတ်တယ်ဆိုပေမယ့် ရာသီလာချိန်မှာတော့ အနံ့ပြောင်းသွားတတ်ပါတယ်။
- ရာသီလာချိန် မိန်းမကိုယ်သန့်ရှင်းရေးကို သေချာ ဂရုစိုက်မလုပ်ဖြစ်တာ
- ဆင်းနေတဲ့ သွေးတွေuဘက်တီးရီးယားအကြိုက်ဖြစ်နေတာ
- သုံးနေတဲ့ လစဉ်သုံးပစ္စည်းကို ၆ နာရီတစ်ခါ မလဲမိဘဲ တစ်နေ့လုံးသုံးနေတာ
- ထည့်ထားတဲ့ တမ်ပွန်ကို ပြန်ထုတ်ဖို့ မေ့သွားခဲ့တာ စတာတွေက ရာသီလာချိန် မိန်းမကိုယ် အနံ့ဆိုးထွက်စေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ။
ရာသီလာတယ်ဆိုတာ ညစ်ညမ်းတဲ့အရာတော့ မဟုတ်ပေမယ့် အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေမဝင်နိုင်အောင် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။
မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကိုထိန်းညှိထားတဲ့ သဘာဝကာကွယ်မှုစနစ်ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓါတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေကြောင့်အကျိုးပြုဘက်တီးရီးယားတွေကိုထိခိုက်စေနိုင်လို့ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ်အရေပြားကို ပူတာ၊ လောင်တာ၊စပ်တာ၊ရောင်ရမ်းတာ၊ ဓါတ်မတည့်တာတွေဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ်သန့်ရှင်းရေးလုပ်တော့မယ်ဆို ဆပ်ပြာလုံးဝ မသုံးပါနဲ့။
ဒါဆို ဘာသုံးပြီး သန့်ရှင်းရေးလုပ်ရမလဲ။ ။
ဆပ်ပြာမသုံးရတော့ မိန်းမကိုယ်က ရာသီလာချိန်ထွက်နေတဲ့ အနံ့ဆိုးတွေကို တားဆီးဖို့အတွက် အမျိုးသမီးသန့်စင်ဆေးရည်လောက် ကောင်းတဲ့အရာတွေ မရှိတော့ပါဘူး။ အမျိုးသမီးသန့်စင်ဆေးရည် Feminine Wash တွေဟာ
- မိန်းမကိုယ်အတွင်းက pH နဲ့ကိုက်ညီအောင်ထုတ်ထားတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်မှုမရှိစေဘဲ pH မျှတစေလို့ အစိုဓါတ်ထိန်းပြီး ခြောက်သွေ့ယားယံတဲ့ မိန်းမကိုယ်တစ်ခု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- Prebiotic လို့ခေါ်တဲ့ (အကျိုးပြုဘက်တီးရီးယား အာဟာရ)ပါဝင်နေတာကြောင့်မိန်းမကိုယ်မှာ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အနံ့အသက်ဆိုးဖြစ်တာတွေကို ကာကွယ်ပေးနိုင်မှာပါ။
- ဒါ့အပြင် မိန်းမကိုယ်အတွက်အရေးကြီးတဲ့အကျိုးပြုဘက်တီးရီးယားအာဟာရ Prebiotic ပါဝင်တာကြောင့် အပြင်က ရောဂါပိုးတွေထပ်ဝင်မလာအောင် တားဆီးပေးဦးမှာပါ။
- ဓါတုဆိုးဆေးတွေသုံးပြီး အရောင်ပါဝင်ခြင်းမရှိတာကြောင့် ဓါတ်မတည့်မှု ဖြစ်စေမှာ မဟုတ်ပါဘူး။
- အမျိုးသမီး သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ Lactic acid က ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီးရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း တားဆီးပေးတာကြောင့် ဘက်တီးရီးယားတွေကြောင့် ထွက်တဲ့ အနံ့ဆိုးတွေ ကင်းဝေးအောင် ကူညီပေးဦးမှာပါ။
- ဒါ့အပြင် မိန်းမကိုယ်ကို လုံးဝထိခိုက်ခြင်း မရှိစေတဲ့ အနံ့သင်းသင်းလေးလည်း ပါဝင်တာကြောင့် ရာသီလာချိန် ထွက်နေတဲ့ အနံ့ဆိုးတွေကို ထိန်းပေးနိုင်မှာအသေအချာနော် ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။