brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆား ကပေးတဲ့ အလှအပတရား

ဆားက ဟင်းလျာတွေ အရသာရှိအောင် ပေါ့နေတာ အရသာ ရှိသွားအောင် စားဖို့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။

ဆား ကပေးတဲ့ အလှအပတရား

ဆား ဆိုတဲ့နေရာမှာ အရောင်ချွတ် သန့်စင်ထားတဲ့ ဆားထက် သဘာဝအတိုင်း ရှိနေတဲ့ ပင်လယ်ဆားက ပိုကောင်းပါတယ်။ ဒီတော့ ဆားက အလှတရားအတွက် ဘယ်လိုထောက်ပံ့ပေးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

ဆားကပေးတဲ့ အလှအပ

ဟင်းလျာတွေကို အရသာပြည့်ဝစေတဲ့ ဆားက အလှအပအတွက် အခုလို အထောက်အကူပြုပေးနေပါတယ်။ ဆားက

အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က အလှအပအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ အခြားအရာတွေကို မသုံးချင်ရင်တောင် ရေနဲ့ဆားကို ရောပြီး အရေပြားမှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ နှိပ်နယ်တဲ့ အခါ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့ လိုပါမယ်။

အနာကျက်စေနိုင်တယ်

ဆားက အရောင်ကျစေနိုင်ပြီး အရေပြား​ပေါ်က အနာတွေကို ကျက်စေနိုင်ပါတယ်။ ဆားရည်နဲ့ ရေချိုးတာက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

အနာတွေကို ဆားရည်နဲ့ ဆေးကြောပေးတာက အနာကျက် မြန်စေပါတယ်။

အသားအရေကို glow စေတယ်

အသားအရေ glow ပြီး ကျန်းမာစေဖို့ဆိုရင် ထိုက်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဖို့ လိုပါမယ်။ တစ်နေ့တာမှာ ဆားနည်းနည်း ထည့်ထားတဲ့ ရေတစ်ခွက်စာလောက် သောက်ပေးပါ။

ဒီလို သောက်ပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ကိုယ်တွင်းက ရောင်ရမ်းတာကို သက်သာစေတယ်။ သဘာဝအတိုင်း အသားအရေကို glow ချင်တယ်ဆိုရင် ဆား နည်းနည်းထည့်ပြီး ရေသောက်ပေးလို့ ရပါတယ်။

ဝက်ခြံ သက်သာစေတယ်

မျက်နှာက ဝက်ခြံကို သက်သာစေဖို့ဆိုရင် ဆားကို အသုံးပြုပေးလို့ ရပါတယ်။ ဆားက အရေပြားကို အစိုဓာတ် ထိန်းပေးသလို ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေ အများကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရှိနေတဲ့ ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။

အသားအရေအတွက်အပြင်

  • ခြေဖဝါးလေးတွေ နူးညံ့ပြီး အနာအဆာ ကင်းစေဖို့၊
  • အနံ့အသက် ကင်းစေဖို့ ၊
  • သွားတွေ ကြံ့ခိုင်ပြီး လှပစေဖို့၊
  • ခံတွင်း အနံ့ဆိုး ကင်းစေဖို့၊
  • ဆံသားတွေ ကျန်းမာစေဖို့၊
  • ဦးရေပြား ကျန်းမာစေဖို့အတွက်လည်း ဆားကို အသုံးပြုပေးလို့ ရပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။