အရေပြားပြုပြင်ခြင်းဟာ အသားအရေကို တောက်ပြောင်ပြီး နူးညံ့စေဖို့ အထောက်အကူပြုစေတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။ အရေပြားကုသမှုမပြုခင် သင့်ရဲ့ အသားအရေ အမျိုးအစားနဲ့ ပတ်သက်ပြီး ဆရာဝန်၊ ဒါမှမဟုတ် အသားအရေကျွမ်းကျင်သူတဦးဦးနဲ့ တိုင်ပင်သင့်ပါတယ်။
အရေပြားပြုပြင်ခြင်းဟာ အသားအရေကို တောက်ပြောင်ပြီး နူးညံ့စေဖို့ အထောက်အကူပြုစေတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။ အရေပြားကုသမှုမပြုခင် သင့်ရဲ့ အသားအရေ အမျိုးအစားနဲ့ ပတ်သက်ပြီး ဆရာဝန်၊ ဒါမှမဟုတ် အသားအရေကျွမ်းကျင်သူတဦးဦးနဲ့ တိုင်ပင်သင့်ပါတယ်။

သင့်အရေပြားကို ပြန်လည်နုပျိုအောင်ဖန်တီးဖို့ သင့်တော်သလားဆိုတာ သိနိုင်ဖို့ အောက်ပါအချက်အလက်များကို လေ့လာကြည့်ပါ။
အသားအရေကို ပြန်လည်ပြုပြင်ခြင်းမပြုခင် အရေပြားအထူးကုဆရာဝန်ဟာ အရေပြားကို သေချာစစ်ဆေးပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ သင့်တော်မယ်လို့ အတည်ပြုပြီးရင် စတင်နိုင်ပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့ အရေးအကြောင်းတွေ၊ ဝက်ခြံအမာရွတ်တွေအတွက် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။
သင့်အရေပြားပြန်လည်နုပျိုဖို့အတွက် အကောင်းဆုံး နည်းလမ်းတခုကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ ပိုးဝင်ခြင်း၊ အရေပြားယားယံခြင်း၊ အမာရွတ်ဖြစ်ခြင်း စတဲ့မလိုလားတဲ့အရာတွေကို လျှော့ချနိုင်စေပါတယ်။ အောက်ပါအရေပြားပြသနာတွေကို သေချာလေ့လာပြီး ဒီနည်းလမ်းတွေ သင့်မသင့် ဆုံးဖြတ်ရပါမယ်။
မျက်နှာပေါ်မှာ အရေးအကြောင်းတွေမြင်ရပြီး မျက်နှာလှည့်ပြောင်းတဲ့အခါ အပြောင်းအလဲ မရှိပါဘူး။
အရေးအကြောင်းတချို့ဟာ အသားအရေအောက်မှာ မြုပ်နေတတ်ပြီး မျက်နှာကိုလှုပ်ရှားတိုင်းမှာ ထင်ထင်ရှားရှား ပေါ်လာတတ်ပါတယ်။
အမည်းရောင်၊ အညိုရောင် အစက်အပြောက်များ ဖြစ်လာတတ်ပါတယ်။
ဝက်ခြံနဲ့ တခြားထိခိုက်ခြင်းများကြောင့် အမာရွတ်များ ဖြစ်လာတတ်ပါတယ်။ အရောင်မထင်ရှားဘဲ ရှိတတ်သလို အရောင်လည်း ရင့်နေတတ်ပါတယ်။
သွေးကြောများဟာ အရေပြားပေါ်မှာ ထင်ရှားလာပြီး သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။
ကော်လဂျင်နဲ့ အလက်စတင်ဓါတ်တွေ လျော့နည်းလာရင် ဖြစ်တတ်ပါတယ်။
တကယ်တော့ အသားအရေပြန်လည်ပြုပြင်နိုင်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ နည်းလမ်းတချို့ဟာ ထိထိရောက်ရောက် သိပ်မဖြစ်စေတာမို့ လိုချင်တဲ့အတိုင်းအတာရအောင် မကြာခဏ ပြန်လည်ပြုပြင်ရပါတယ်။ တခြားနည်းလမ်းတွေဟာလည်း အာနိသင်ပြင်းတာမို့ တခြားဆိုးကျိုးတွေနဲ့ ကြုံရနိုင်ပါသေးတယ်။ ဒါကြောင့် ကျန်းမာရေးအခြေအနေမှန်သမျှကို နားလည်တတ်ကျွမ်းသူများနဲ့ ဆွေးနွေးသင့်ပါတယ်။ ဆေးဝါးနဲ့ မတည့်ခြင်းတွေ၊ လတ်တလော သောက်ခဲ့တဲ့ဆေးဝါးတွေ စတာတွေ ပါဝင်ပါတယ်။ အဲဒီအခါ နားလည်တတ်ကျွမ်းသူတွေဟာ ပိုမိုတိကျအောင်ဆုံးဖြတ်ပြီး သင့်တော်မယ့် နည်းလမ်းတွေ ရွေးချယ်လာနိုင်ပါလိမ့်မယ်။
လူတိုင်းဟာ ဒီနည်းလမ်းကို မပြုလုပ်နိုင်သလို အသားအရေအမျိုးအစားတိုင်းနဲ့လည်း ကိုက်ညီမှု မရှိနိုင်ပါဘူး။ အောက်ပါအခြေအနေတွေမှာ အရေပြား ပြုပြင်ခြင်း မပြုလုပ်သင့်ပါဘူး။
– ဝက်ခြံထူလွန်းသောအခါ
– ဝက်ခြံအရေပြားနက်လွန်းသောအခါ
– isotretinoin (acnotin or Accutane) ဝက်ခြံဆေးများ ၂နှစ်အတွင်း အသုံးပြုဖူးထားသောအခါ
– ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်နေသောအခါ
– ပါးစပ်တွင်အနာများ ပေါက်နေသောအခါ (ရေယုန်)
– ကိုယ်ခံအားနည်းနေသောအခါ၊ ဆီးချို (သို့) မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်နေသော ရောဂါရှိနေသောအခါ
– မျက်နှာအသားအရေပေါ် ဓါတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနေသောအခါ
– အမာရွတ်ကြီးလွန်းသောအခါ
အချုပ်ပြောရရင်တော့ သင့်တော်တဲ့ကုသမှုအတွက် ဆရာဝန် ဒါမှမဟုတ် အရေပြားအထူးကုနဲ့ တိုင်ပင်သင့်ပါတယ်။ ကုသမှုဟာ တဦးချင်းအသားအရေပေါ် မူတည်ရုံသာမက ကျန်းမာရေးအခြေအနေပေါ်မှာလည်း မူတည်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။