brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

ပစ္စည်းလေးတစ်ခုခုကိုပဲကောက်ကိုင်ကောက်ကိုင်၊ ကွန်ပျူတာမှာစာရိုက်ရင်းဖြစ်ဖြစ်၊ လက်ချောင်းလေးတွေကို လှုပ်ရှားရတဲ့ ကိစ္စတစ်ခုခုကိုလုပ်တိုင်း ကိုယ့်လက်ချောင်းလေးတွေက အသားအရောင် သိပ်မကောင်းလို့များစိတ်ညစ်နေလား။ ကြည့်လိုက်တိုင်းလှနေစေမယ့် လက်ချောင်းလေးေတွဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပြုပြင်ရအောင်လား။

လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

လက်ချောင်းလေးတွေလှပဖြူဝင်းနေစေဖို့ ဒီလိုလေးလုပ်ပေးပါ

ရေနွေး – လက်လေးတွေကိုရေကြက်သီးနွေးလေးထဲစိမ်ပေးပါ။ စိမ်မယ့်ရေနွေးထဲကို လာဗင်ဒါဆီ ဒါမှမဟုတ် နှင်းဆီပန်းအဆီ အနည်းငယ်ထည့်ဖို့တော့လိုပါမယ်။ ၁၀ မိနစ်လောက် စိမ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါနော်။

Vaseline – ယနေ့ခေတ်မှာ အသုံးများလာတဲ့ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးပေါ့။ လက်ကိုရေနွေးနွေးလေးထဲစိမ်ပြီးသွားရင်ဖြစ်ဖစ် ညမအိပ်ခင်ဖြစ်ဖြစ် vaselineလေးလူးပြီး လက်အိတ်လေးစွပ်အိပ်ပေးပါ။ နူးညံ့ဖြူဝင်းတဲ့လက်ကလေးပိုင်ဆိုင်နိုင်မှာပါ။

သကြားနဲ့ သံလွင်ဆီ – အမြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပေါ့။ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရောစပ်လိုက်ပါ။ ရလာတဲ့အနှစ်ကို လက်မှာ လိမ်းကျံပေးပါ။ လက်ဖမိုး၊လက်ဖဝါးပါမကျန်လူးပေးပါ။

ပဲနီလေး – ပဲနီလေးက စားလို့ပဲကောင်းတယ်ထင်နေတာဟုတ်။ စားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ အသားအရေကိုပါဖြူစင်ဝင်းပစေနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မဟုတ်ပါဘူး။နေလောင်တာနဲ့ အသားအရေခြောက်သွေ့ညိုမွဲမှုတွေကိုပါ သက်သာစေနိုင်တာပါ။ ပဲနီလေးကို တစ်ညလုံးရေစိမ်ထားပြီး ကြိတ်လိုက်ပါ။ပြီရင် ကြိတ်ထားတဲ့ ပဲနီလေးကို ခရမ်းချဉ်သီးအရည်၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့နဲ့ရောစပ်ပြီး ရလာတဲ့အနှစ်ကို လက်မှာ နှံ့နေအောင်လူးပေးပါ။ပြီးရင် ၁၅ မိနစ်လောက်ထားပေးပါ။ပြီးရင်တော့ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါနော်။

သခွားသီး – သခွားသီးအနှစ် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာကို ရှားစောင်းလက်ပပ် အနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ပြီးရင် ဗူးလေးနဲ့ထည့်ထားပြီး မနက်ခင်းတစ်ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ်နေ့စဉ်လူးပေးပါ။ပြီးရင် လက်ကို နှိပ်နယ်ပေးပါ။နေ့စဉ်ပုံမှန်လုပ်ပေးပါ။ တစ်ပတ်အတွင်းသိသိသာသာဖြူစင်ဝင်းပလာပါလိမ့်မယ်။

သံပရိုသီး – သံပရိုသီးတစ်လုံးကို အရည်ညှစ်ပါ။ပြီးရင် ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်းတို့ကိုရောစပ်ပြီး အနှစ်ဖြစ်အောင်မွှေပါ။ ရလာတဲ့အနှစ်ကို လက်မှာ လိမ်းကျံပေးပါ။ ၁၅ မိနစ်ထားပြီးရင်ရေအေးနဲ့ဆေးချလိုက်ပါ။

မုန့်ဖုတ်ဆော်ဒါ –မုန့်ဖုတ်ဆော်ဒါကိုရေနည်းနည်းနဲ့ရောစပ်လိုက်ပါ။ပြီးရင် လက်မှာလူးပေးပါ။ ၁၀မိနစ်ထားပြီးရေဆေးချလိုက်ပါ။ပြီးရင်တော့ လက်ကို အစိုဓါတ်ထိန်းခရင်မ်ပြန်လူးပေးဖို့ သတိရပါ။

Rose Water –Rose Water ကို နို့နည်းနည်းနဲ့ရောစပ်ပြီး လက်အရေပြားပေါ်မှာလူးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးရင် ဂွမ်းစမှာရေနွေးနွေးလေးစွတ်ပြီး သန့်စင်ပေးလိုက်ပါနော်။

အုန်းရည် -နေ့တိုင်း အုန်းရည်သောက်ပေးတာက အသားအရေအတွင်တော်တော်လေးကောင်းကျိုးများပါတယ်။ အုန်းရည်သောက်ရမှာ မကြိုက်ဘူးဆိုရင်လည်း အုန်းရည်ကို လက်မှာလူးပေးပါ။ အမာရွတ်ရှိရင်တောင် သက်သာစေနိုင်ပါတယ်။

ကဲ ဒီနည်းလေးတွေအတိုင်းလုပ်ကြည့်ပြီးပြစ်မျိုးမှဲ့မထင်ဖြူစင်ဝင်းပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/05/2022 ဖြစ်ပါသည်။