
လက်ဖဝါးယားရတာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။
လက်မှာ ဝဲဖြစ်ချင်သလိုလို ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားကခြောက်သွေ့လာနိုင်ပါတယ်။ ဖုလေးတွေပေါက်ပြီးရင် အရေပြားကပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီးခံစားနေရမှာမဟုတ်ပါဘူး။
ဒီလိုမျိုးအဖြစ်များရတဲ့အကြောင်းရင်းက ဓါတုပစ္စည်းတွေနဲ့ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓါတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။
အလှလက်စွပ်နဲ့တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ဓါတ်မတည့်ခြင်း၊ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ဓါတ်မတည့်မှုဖြစ်တတ်တာများပါတယ်။
လူတစ်ယောက်မှာဆီးချိုရောဂါရှိနေတဲ့အခါသွေးတွင်းသကြားဓါတ်ပမာဏမြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေဖြစ်လာတာတွေဖြစ်တတ်ပါတယ်။
primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေဖြစ်လာစေနိုင်ပါတယ်။PBCကြောင့် အသည်းနဲ့အစာအိမ်ကိုဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့အစာအိမ်ကြားမှာရွေ့လျားနေတဲ့သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ်ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးအကွက်တွေဖြစ်တာ၊မအီမသာဖြစ်တာ၊အရိုးနာကျင်တာ၊ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေရှိနိင်ပါတယ်။
လက်ဖဝါးယားတယ် ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါးယားတာမျိုးလည်းရှိနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီမို့ အသားခြောက်တာမျိုး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။