အမျိုးသမီးတွေအတွက် သူတို့ မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ရတာ ပျော်စရာ တစ်ခုပါ။ နှုတ်ခမ်းနီ ဆိုးတာ၊ မျက်ခုံးမွှေး ခြယ်တာ၊ အရေးအကြောင်းတွေ၊ ဝက်ခြံတွေကို အောက်ခံအရည်နဲ့ ဖုံးရတာကို သဘောကျကြပါတယ်။ မိတ်ကပ်ဆိုတာ အမျိုးသမီးတွေ သူတို့ ပိုလှတာ၊ ပိုယုံကြည်ချက် ရှိတာကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပါ။
ဂျကာတာက ရုံးတချို့မှာတောင်မှ သူတို့ဝန်ထမ်းတွေကို နေ့တိုင်း မိတ်ကပ်လိမ်းစေပါတယ်။ သူတို့ မိတ်ကပ်အိတ်မှာ နှုတ်ခမ်းနီ၊ eyeliner ၊ mascara ၊ foundation တွေက တပါတည်း ပါသင့်ပါတယ်။
မိတ်ကပ်အားလုံးမှာ သက်တမ်းကုန်ဆုံးရက် ပါတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်အချိန်မှာ လွှင့်ပစ်ပြီး အသစ်နဲ့ အစားထိုးသုံးမလဲဆိုတာ ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ပိုးကူးစက်တာတွေက သင်ဘယ်လို သိမ်းဆည်းလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် သင့်မိတ်ကပ်ဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ နေရာ ဖြစ်နိုင်တယ်ဆိုတာ စိတ်ထဲ မှတ်ထားပါ။ သုံးလို့ရမယ့် အချိန်ပမာဏကို မှတ်ဖို့ ခက်နေရင် သင့်မိတ်ကပ်ပစ္စည်းတွေအပေါ်မှာ ဝယ်တဲ့နေ့ကို ရေးချထားပါ။
Mascara ကို ဖွင့်ပြီး မျက်ခုံးမွှေးဆွဲတဲ့အတံကို ဘူးထဲ ပြန်ထည့်တဲ့အခါ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တာမို့ သတိထားဖို့ အလိုအပ်ဆုံး ပစ္စည်း ဖြစ်ပါတယ်။ ၄လကျော်ရင် ဒါမှမဟုတ် ဓါတ်ဆီနံလို ရရင် လွှင့်ပစ်ပြီး အသစ်ကို အစားထိုး သုံးပါ။ တချို့ဖြစ်ရပ်တွေမှာ ရက်၉၀ မတိုင်ခင် Mascara ခြောက်သွားရင် ပြန်စိုအောင် ရေမထည့်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒါက ဘက်တီးရီးယားတွေကို ပိုဖြစ်စေပြီး နီရဲခြင်း၊ ယားယံခြင်း၊ pinkeye နဲ့ ဝက်ခြံ စတာတွေကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေ ပြန့်ပွားပြီး ပိုမဆိုးရွားခင် မျက်လုံးမိတ်ကပ်တွေ အားလုံးနဲ့ သူ့အသုံးအဆောင်တွေကို လွှင့်ပစ်လိုက်တာ ပိုကောင်းပါတယ်။
မိတ်ကပ်ရိုးရိုးကို eyeliner တချို့ (အရည် သို့မဟုတ် ခဲတံ) အသုံးပြု အလွယ်တကူ ထိတွေ့နိုင်ပါတယ်။ လေ့လာချက်တစ်ခုက eyeliner ကို ခဲတံ အမျိုးအစားက လွဲရင် ၃လပြည့်တိုင်း လဲသင့်တယ်လို့ ပြောတဲ့အခါ အမျိုးသမီး တော်တော်များများက မလုံမလဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် သင့်မျက်လုံးအတွက် ဒါတွေကို အချိန်ကြာကြာ ထားတာက ဘက်တီးရီးယားတွေ ပိုပြန့်ပွားစေပြီး သင့်မျက်လုံးရဲ့ နုနယ်တဲ့ နေရာတွေကို ယားယံစေတတ်ပါတယ်။ ဆိုးရွားတဲ့ ဖြစ်ရပ်တွေမှာ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ စတာတွေက သင့်အမြင်အာရုံကို အနှောက်အယှက်ဖြစ်စေပြီး သင့် လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပါလိမ့်မယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ သင့် pencil eyeliner ကို မသုံးခင် ချွန်ပါ။
၃။ Liquid Foundation ( ၆လ -၁နှစ်)
ဘက်တီးရီးယားဆိုတာ ရေဓါတ်ပါတဲ့ ထုတ်ကုန်တွေကို သဘောကျကြပါတယ်။ foundation ရဲ့ seal ကို ဖွင့်ပြီးတာနဲ့ ဒါပစ္စည်းဟာ တစ်နှစ် တာရှည်ခံပါတယ်။ foundation အရည် ပုလင်းထဲကို သင့်လက်ချောင်းတွေ မနှစ်ပါနဲ့၊ ပူပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင်ရဲ့ အဝေးမှာ ထားပါ။ အပူက ပိုးကောင်းတွေ ပေါက်ဖွားမှုကို အဖြစ်မြန်စေနိုင်ပြီး အရောင် သို့မဟုတ် အနံ့ကို ပြောင်းစေနိုင်ပါတယ်။ ဒါက ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။
၄။ Concealer (၂ နှစ်)
ဒါက အပြစ်အနာအစာတွေကို ဖုံးအုပ်ဖို့ပါ။ သင့်ရဲ့ concealer အရောင်ပြောင်းသွားတာနဲ့ လွှင့်ပစ်ပါ။ stick concealer နဲ့ powder concealer တွေက ၂နှစ်လောက် တာရှည်ခံပါတယ်။
၅။ Face powder (၂ နှစ်)
တကယ်လို့ ပေါင်ဒါတွေမှာ လက်ဖက်စိမ်း၊ ရှားစောင်း၊ chamomile လိုမျိုး အပင်တွေက ထုတ်ယူထားတဲ့ ရေ ပါဝင်မယ်ဆိုရင် အဲ့ဒီ ပေါင်ဒါဘူးကို ဖွင့်ပြီး ရေချိုးခန်းလိုမျိုး ပူနွေးစိုစွတ်တဲ့ နေရာမှာ ဖွင့်ထားမိရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါလိမ့်မယ်။ အရောင်ပြောင်းတာ၊ ထူးဆန်းတဲ့ အနံ့တွေကို သတိထားပါ။
၆။ နှုတ်ခမ်းနီ (၁ နှစ်)
ဒီထုတ်ကုန်က ကောင်မလေးတွေနဲ့ အမျိုးသမီးတွေကြားမှာ ရေပန်းစားပါတယ်။ အရောင်စုံကာလာစုံနဲ့ matte နှုတ်ခမ်းနီတွေက သင့်ကိုနေ့ဒဓူဝနဲ့ အချိန်တိုင်းမှာ ကြည့်ကောင်းစေဖို့ စုဆောင်းစေမှာပါ။ နှုတ်ခမ်းနီ ၃ချောင်းကနေ ၆ချောင်းလောက် သုံးတဲ့ အမျိုးသမီးတွေက သူတို့ နှုတ်ခမ်းနီတွေကို ၃နှစ်ကျော်တဲ့အထိ သိမ်းထားတတ်ကြပါတယ်။ နှုတ်ခမ်းနီအများစုမှာ ရေဓါတ်မပါဝင်ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းနဲ့ ဆက်တိုက်ထိတွေ့တာကနေ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ နှုတ်ခမ်းနီကို အထိအတွေ့ပြောင်းရင်၊ အရောင်မစွဲရင် သုံးဖို့ မသင့်တော့ပါဘူး။
ဒါ့အပြင် lip-gloss တွေကို သုံးရင် အစင်းတွေနဲ့ ဆွဲသလို ခံစားရပါလိမ့်မယ်။ lip-stick နဲ့ gloss တွေကို တစ်နှစ်တစ်ခါ လဲပါ။ မျှသုံးတာကို အထူးသဖြင့် သင်ဖျားနေရင် ရှောင်ပါ။ အဲ့က ဘက်တီးရီးယားတွေက သင့်ရဲ့ ခုခံမှုစနစ်ကို ထိခိုက်စေနိုင်လို့ပါ။
မိတ်ကပ်ကို ဘက်တီးရီးယားရန်က ကာကွယ်ဖို့ နည်းလမ်းများ
၁။ ရေဓါတ်ပါတဲ့ မိတ်ကပ်တွေက ဘက်တီးရီးယား ပေါက်ဖွားနိုင်ချေ ပိုများတာ သတိရပါ။
၂။ သင့်အရည်မိတ်ကပ်ကို ရေချိုးခန်း ဒါမှမဟုတ် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ မထားပါနဲ့။
၃။ အပူကို ရှောင်ပါ၊ အေးတဲ့နေရာမှာ သိမ်းထားခြင်းကို ရှောင်ပါ။
၄။ အနံ့ ဆိုးရင် ဒါမှမဟုတ် အရောင်ပြောင်းရင် လွှင့်ပစ်ပါ။
၅။ သက်တမ်းကုန်ရက်မပါရင် သုံးတဲ့ကြာချိန်ကို သိဖို့ ဝယ်တဲ့ရက်ကို မှတ်ထားပါ။
၆။ သင်လိုသလောက်သာ ဝယ်ပါ။ တစ်ခါတည်း အများကြီးဝယ်ရင် ပိုက်ဆံတွေ ဖြုန်းတီးရာရောက်ပါတယ်။ ပတ်ဝန်းကျင်ကို ကယ်တင်ပါ။
ကိုယ်ပိုင် မိတ်ကပ်ပဲ သုံးပါ။ မိတ်ကပ် မျှသုံးတာက staphylococcus aureus နဲ့ staphylococcus epidermis လို ဘက်တီးရီးယားတွေ ပွားနှုန်းကို မြန်စေနိုင်ပါတယ်။