brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖြူဝင်းလှပတဲ့မျက်နှာအသားအရေအတွက် သင်ဘာတွေသိထားပြီလဲ

အသားမဖြူလို့ စိတ်ညစ်နေလား။ အသားဖြူပေမယ့် အမည်းစက်တွေ၊နေလောင်တာတွေကြောင့် အသားအရေထိန်းသိမ်းမှာလား။

ဖြူဝင်းလှပတဲ့မျက်နှာအသားအရေအတွက် သင်ဘာတွေသိထားပြီလဲ

မျက်နှာအသားအရေကိုဖြူဝင်းလှပစေတဲ့ပြီးပြည့်စုံမှုကိုလိုချင်ရင် ဘာတွေလုပ်ကြသလဲနော်။ ဘယ်လိုနည်းလမ်းတွေ၊ အလှပြင်ပစ္စည်းတွေ သုံးနေကြလဲ။ အသားဖြူကြဖို့ ကြိုးပမ်းကြတဲ့အထဲ နည်းလမ်းမမှားဖို့တော့လိုပါတယ်။ မျက်နှာအသားအရေဆိုတာ နူးညံ့လွန်းပြီး ထိခိုက်လွယ်တာကြောင့် တစ်ချက်အရွေးမှားတာနဲ့ အသားအရေပျက်စီးနိုင်ပါတယ်။ အသားဖြူဖို့၊ အသားလှဖို့ လုပ်မိနေတဲ့နည်းတွေနဲ့ပတ်သက်ပြီး ဘယ်လောက်သိထားကြသလဲ မေးခွန်းလေးတွေဖြေကြည့်ရအောင်။

၁) အသားအရေချက်ချင်းဖြူဝင်းလာတာကောင်းသလား

ကောင်းပါတယ်။

မကောင်းပါဘူး။

အဖြေမှန် – မကောင်းပါဘူး။ ရက်ပိုင်းအတွင်း သို့မဟုတ် နာရီပိုင်းအတွင်း ချက်ချင်းအသားကိုဖြူဝင်းလာစေမယ်ဆိုတဲ့ အသားဖြူဆေး(သောက်ဆေး/လိမ်းဆေး)တွေကhydroquinone /corticosteroids/ပြဒါး တို့ပါဝင်တတ်တာကြောင့် အရေပြားကိုပါးစေခြင်း၊ အရေပြားမှာသွေးကြောတွေမြင်သာလာခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ အသည်း၊ကျောက်ကပ်နဲ့အာရုံကြောထိခိုက်စေခြင်း ကိုယ်ဝန်ဆောင်တွေမှာဆိုမွေးလာမယ့်ကလေးမှာပါ မူမမှန်တာတွေဖြစ်လာစေခြင်း စတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ အသားဖြူဖို့က အရည်အသွေးအာမခံပြီး အဆင့်မြင့်စွာထုတ်လုပ်ထားတဲ့ နိုင်ငံတကာစံနှုန်းမီ အသားအရေထိန်းပစ္စည်းတွေကိုသုံးရင်း အချိန်အတိုင်းအတာတစ်ခုအထိစောင့်ရပါမယ်

၂) အသားဖြူဖို့အတွက် အခုနောက်ပိုင်းမှာ ပြင်းထန်တဲ့ Bleaching ဆေးတွေကို အသုံးပြုလာကြပါတယ်။

ဒီလိုBleachingဆေးတွေက ဘယ်လိုဆိုးကျိုးတွေရစေနိုင်ပါသလဲ။

  • အရေပြားပါးလာခြင်း
  • အနာကျက်ဖို့နှေးလာခြင်း
  • အရေပြားပိုးဝင်တဲ့ရောဂါတွေပိုဖြစ်လွယ်လာခြင်း
  • ပြဒါးဆိပ်သင့်ခြင်း
  • အရေပြားကင်ဆာ
  • အထက်ပါအားလုံး

အဖြေမှန် -ပြဒါးအဆိပ်သင့်ခြင်း။ အသားဖြူစေတဲ့ Bleaching ခရင်မ်တွေမှာပြဒါးဓါတ်ပါဝင်တာကြောင့် သုံးတာများလာရင်ပြဒါးအဆိပ်သင့်စေနိုင်ပါတယ်။ပြဒါးအဆိပ်သင့်ခြင်းကြောင့်ကျောက်ကပ်ပျက်စီးခြင်း၊အရေပြားအရောင်ပြောင်းလဲခြင်း၊အမာရွတ်ဖြစ်ခြင်း၊peripheral nervesတွေ ထိခိုက်ခြင်း၊စတာတွေဖြစ်စေနိုင်ပါတယ်။

၃)ပြဒါးအဆိပ်သင့်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ၊ တစ်ချက်ဖြည့်ပေးပါ

  • အိပ်မပျော်ခြင်း
  • ထိတွေ့မှုအာရုံမကောင်းခြင်း(ထုံကျဉ်ခြင်း)
  • ကတုန်ကရင်ဖြစ်ခြင်း
  • ___________
  • ကြွက်သားလှုပ်ခြင်း
  • ကြွက်သားသိမ်သွားခြင်း

အဖြေမှန် – အသားအရောင်တွေပြောင်းလဲလာခြင်း( ပါး၊ လက်ချောင်းနဲ့ခြေချောင်းထိပ်တွေမှာ အရောင်တွေပြောင်းလဲလာတတ်ပါတယ်)

၄) အသားအရမ်းညိုသူတွေ ချက်ချင်းအသားဖြူဖို့လွယ်သလား

မှန်

မှား

အဖြေမှန် – မှားပါတယ်။ မလွယ်ပါဘူး။ အသားအရောင် skin toneတွေက အဆင့်ဆင့်ရှိတာကြောင့် အသားအညိုဆုံးအဆင့်ကနေ အဖြူဆုံးအဆင့်အထိ ချက်ချင်းရောက်ဖို့မလွယ်ပါဘူး။ အသားညိုသူတွေအသားဖြူဖို့က စိတ်ချရတဲ့အသားအရေထိန်းသိမ်းမှုပစ္စည်းတွေသုံးပြီး နည်းလမ်းမှန်နဲ့အသားအရေကိုထိန်းသိမ်းရင်း အချိန်တစ်ခုအထိစောင့်ရပါတယ်။

၅)ရေနွေးနဲ့မျက်နှာသစ်တာ၊ ရေချိုးတာကောင်းသလား

မှန်

မှား

အဖြေမှန် – မှား။ရေနွေးနဲ့ရေချိုးတာ မျက်နှာသစ်တာမကောင်းပါဘူး။ သုံးမယ့်ရေကပူနေရင် အရေပြားမှာ ရှိတဲ့အစိုဓါတ်တွေအကုန်ပါ သွားပြီး သဘာဝအဆီတွေခန်းခြောက်စေလို့ ဆံပင်ကျွတ်ခြင်း၊ အရွယ်မတိုင်မီအရေးအကြောင်းတွေဖြစ်စေခြင်းတို့အပြင်ရေနွေးနဲ့မျက်နှာသစ်ရင်လည်း ချွေးပေါက်ကျယ်စေပြီး အစိုဓါတ်ထိန်းသိမ်းနိုင်စွမ်းလျော့နည်းစေပါတယ်။ အသားအရေကို နီရဲ၊ ယားယံခြင်းနဲ့အရေခွံ ကွာခြင်းတွေဖြစ်စေနိုင်လို့ရေအေးသုံးတာကောင်းပါတယ်။ လိုအပ်ရင် ကြက်သီးနွေးအဆင့်ရေခပ်နွေးနွေးကိုပဲ သုံးသင့်ပါတယ်။

၆) မျက်နှာခဏခဏသစ်တာကောင်းသလား

မှန်

မှား

အဖြေမှန် – မှား။ တစ်နေ့နှစ်ကြိမ်(မနက်+ည) မျက်နှာသစ်ရမယ်လို့ အကြံပြုကြတာမှန်ပေမယ့် မကြာခဏ မျက်နှာသစ်နေတာတော့မလုပ်သင့်ပါဘူး။ တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏရေချိုး၊ချေးတွန်းပွတ်တိုက်လွန်းတာ၊သန့်စင်တာ၊ မျက်နှာခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့အသားအရေရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေမကြာခဏထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။cleanser သုံးတာများလွန်းရင် အသားအရေပျက်စီးနိုင်ပါတယ်။

၇) အသားဖြူစေဖို့ အသားအရေထိန်းသိမ်းတဲ့နေရာမှာ ဘယ်အချက်က သက်ရောက်မှုရှိဆုံးလဲ

  • လေကောင်းလေသန့်ရရှိခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းရေး
  • အခန်းအောင်းခြင်း
  • စားသောက်မှုပုံစံ
  • ချွေးထုတ်ခြင်း

အဖြေမှန် – အစားအသောက်ဆင်ခြင်ခြင်း။ အသားအရေလှဖို့ ၊အသားဖြူဖို့ ထိန်းသိမ်းတဲ့အခါ အစားအသောက်ကပိုအရေးပါပါတယ်။ အငန်လျှော့စားဖို့၊အသီးအနှံ၊အသီးအရွက်များများစားဖို့၊ရေများများသောက်ဖို့၊ အဆီလျှော့စားဖို့၊ဆေးလိပ်အရက်ရှောင်ဖို့စတာတွေ သတိထားဆင်ခြင်ရပါမယ်။ အပေါ်ယံအရေပြားအတွက် ဂရုစိုက်ထိန်းသိမ်းတဲ့နည်းတွေလည်းလိုအပ်ပေမယ့် ခန္ဓါကိုယ်အတွင်းက သန့်စင်ပြီးကျန်းမာမှ အသားအရေကြည်လင်လှပစေမှာပါ။

၈) ချက်ချင်းအသားဖြူနိုင်သလား

မှန်

မှား

အဖြေမှန် – မှား။ ဓါတုဆေးတွေပါတဲ့အသားဖြူဆေးတွေ၊bleachingတွေက ချက်ချင်းအသားဖြူစေနိုင်တယ်ဆိုပေမယ့်ရေရှည်အတွက် ဆိုးကျိုးတွေရှိနိုင်ပြီး အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ အမှန်တကယ်အသားဖြူဝင်းလာဖို့က အသားအရေမှန်ကန်စွာထိန်းသိမ်းခြင်း၊ စားသောက်မှုပုံစံကိုဆင်ခြင်ခြင်း၊ စိတ်ချရတဲ့skin care ပစ္စည်းကောင်းတွေအသုံးပြုခြင်း၊စတဲ့နည်းလမ်းတွေနဲ့ အချိန်တစ်ခုအထိစောင့်ရပါမယ်။ တဖြည်းဖြည်းချင်းပြောင်းလဲလာတဲ့ အသားဖြူခြင်းကမှ ကျန်းမာတဲ့အလှစစ်ဖြစ်ပါတယ်။

၉)L’Oréal ရဲ့Purifying & Brightening Milky foam မှာ ထူးခြားတဲ့ပါဝင်ပစ္စည်းကဘာလဲ

  • Exfoliating Beads
  • Bergamot Extract
  • Tourmaline Gemstone
  • French Sea Salt
  • Magic Beads

အဖြေမှန်-Tourmaline Gemstone ။ ဖရဲအူလို့ခေါ်တဲ့ တွင်းထွက်ကျောက်စစ်စ် Tourmaline Gemstone ပါဝင်တဲ့Purifying & Brightening Milky foam ဟာသွေးလည်ပတ်မှုကိုအားပေးပြီးသေးငယ်လွန်းတဲ့ဆဲလ်တွေကိုနိုးကြားစေတာကြောင့် မျက်နှာကို ပန်းသွေးရောင်ဝင်းပစေပါတယ်။ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများ၊ မိတ်ကပ်အကြွင်း အကျန်များ၊ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေ ဖြူစင်ကြည်လင်စေတဲ့ မျက်နှာသစ်ဆေးဖြစ်ပါတယ်။

၁၀)L’Oréal ရဲ့ White Perfect Day Cream SPF 17 PA++ ကဘာအတွက်ကောင်းတာလဲ

  • လိမ်းပြီးပြီးချင်း ရေဓါတ်ချက်ချင်းရကာ ကြည်လင်ဝင်းပသော အသား အရေ ဖြစ်အောင် စွမ်းဆောင်ပေးခြင်း
  • ________________________
  • အသားအရေ ဖြူဝင်းကြည်လင်၍ ကျန်းမာသော အသွင်ကို ရရှိခြင်း
  • နေလောင်ဒဏ်ကို ကာကွယ်ပေးခြင်း
  • သွေးလည်ပတ်မှုကိုအားပေးခြင်း

အဖြေမှန်-Melanin ထုတ်လုပ်မှုကို ထိန်းသိမ်းပေးပြီး အစက်အပြောက် ကလေးများ လျော့ချပေးခြင်း။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/01/2022 ဖြစ်ပါသည်။