brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖြတ်ထုတ်ခြင်းနှင့် ဖြတ်ထုတ်ခြင်းမပါသော လေဆာကုထုံး နှစ်မျိုး၏ ကွဲပြားချက်

Skin resurfacing ဆိုတာကို သင် ကြားကောင်းကြားဖူးမှာပါ။ Skin resurfacingဆိုတာ လုပ်ဆောင်ချက်တူညီတဲ့ နည်းလမ်းပေါင်းစုံကို ခြုံငုံထားတဲ့ အခေါ်ဝေါ်တစ်ခုပါ။ Skin resurfacing မှာ အရေပြားအပေါ်ယံလွှာကိုခွာချပြီး အနာကျက်စေ/ အသားတက်စေကာ ကျန်းမာကြံခိုင်တဲ့ အသားအရေအသစ်တစ်ဖန်ဖြစ်လာအောင် ပြုလုပ်ခြင်းဖြစ် ပါတယ်။

ဖြတ်ထုတ်ခြင်းနှင့် ဖြတ်ထုတ်ခြင်းမပါသော လေဆာကုထုံး နှစ်မျိုး၏ ကွဲပြားချက်

လူကြိုက်အများဆုံးနည်းလမ်းကတော့ လေဆာနှင့် Skin resurfacing ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

Laser Skin resurfacing ကိုကြည့်မယ်ဆိုရင် Ablative လေဆာ နှင့် Non – ablative လေဆာဆိုပြီး (၂) မျိုး(၂) စားရှိပါတယ်။ (၂) မျိုးလုံးကို အသားအရေမညီညာခြင်း ဥပမာ ဝက်ခြံနှင့်အရေးကြောင်းများကို ကုသရမှာ အသုံးပြုနိုင်ပါတယ်။ ဒီ (၂) မျိုးမှာ မတူတဲ့ကွဲပြား ခြားနားမှုလေးတွေ ရှိပါတယ်။

မတူညီတဲ့အရေပြားအလွှာတွေကို အကျိုးသက်ရောက်မှုရှိပါတယ်။

Ablative Laser ဟာပါးလွှာတဲ့ အရေပြားအလွှာကို ဖယ်ရှားဖို့ လေဆာရောင်ခြည်သေးများကို အသုံးပြုပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် အရေပြားပထမအပြင်လွှာကို အငွေ့ပျံစေတာပါ။ အများအသုံးပြုတဲ့ Ablative Laserက တော့ Er: VAG (Erbium YAG) နှင့် Co2 ဖြစ်ပါတယ်။ Non- ablative Laser က အရေပြားအတွင်းပိုင်းကို သက်ရောက်မှုရှိပါတယ်။ အသုံးများတဲ့ Non-ablative Laser များဟာIntense Pulede Light (Ipl)၊ Visible light lasers နှင့် Near Infared Lasers ဖြစ်ပါတယ်။

မတူညီတဲ့နည်းလမ်းများရှိပါတယ်။ Ablative Laser မှာ အရေပြားပထမအလွှာကို ခွာချပြီး ခန္ဓါကိုယ်တွင်း အနာကျက်စေ၊ အသားမာတက်စေတဲ့ဖြစ်စဉ်ကို စတင်အားပေးတာဖြစ်ပါတယ်။ Non – ablative Laser မှာ အရေပြားအတွင်းပိုင်းကို သက်ရောက်မှုရှိပြီး ၎င်းအောက်ရှိ သွေးကြောငယ်များကို ပျက်စီးစေပါတယ်။ သွေကြောများကို ပျက်စီးစေတဲ့အတွက် သဘာဝဖြစ်စဉ်အတိုင်း အရေပြား ကွာကျလာတာဖြစ်ပါတယ်။

Laser မှာအသုံးပြုတဲ့လှိုင်းအလျားများ မတူညီကြပါ။ Ablative Laser မှာ အရေပြားမျက်နှုာပြင်ကို လုပ်ဆောင်ရတဲ့အတွက် ကြိမ်နှုန်းမြင့်မားတဲ့အလျားကို အသုံးပြုရ ပါတယ်။ ဥပမာအားဖြင့် Co2 Laserဟာ လှိုင်းအလျား (၁၀,၆၀၀) (သို့) အရေပြားကို ဖောက်ထွက်နိုင်လောက်တဲ့ ပြင်းအားရှိရမည်။ သို့သော်လည်း အရေပြားအထူအပါးနှင့် အရေပြားအထူးကုများ အသုံးပြုသော စက်ပစ္စည်းများပေါ် မူတည်ပြီး Laserနှင့်ကု၍ရမရ ဆုံးဖြတ်ရတာတွေလည်း ရှိပါတယ်။ အချို့စက်များမှာဆိုရင် ရလဒ်အပြည့်ရရှိဖို့ အမျိုးအစားမတူတဲ့ လှိုင်းအလျားကို ပေါင်းစပ်ထားတာလည်း ရှိပါတယ်။

မတူညီတဲ့ ဘေးအန္တရာယ်တွေရှိပါတယ်။ Ablative Laser ဟာသင့်ဒူးကို အရေပြားပါးလာအောင် လုပ်သောနည်းနှင့် ဆင်တူတဲ့အတွက် ပိုမိုပြင်းထန်တဲ့ ဘေးအန္တရာယ်တွေ့ရှိနိုင်ပါတယ်။ Ablative Laserကြောင့် ဖြစ်နိုင်တဲ့ အများစုသော ဘေးအန္တရာယ်ကတော့ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ ရောဂါပိုးကူးစက်နိုင်ပြီး ဝက်ခြံများဖြစ်ခြင်း၊ အသားအရေအရောင်ပြောင်းခြင်းနှင့် အမာရွတ်ကျန်ခဲ့ခြင်း တို့ဖြစ်ပါတယ်။ Non-ablative Laser ကတော့ အနာဖြစ်စေတာမဟုတ်တဲ့အတွက် ဘေးအန္တာရာယ် ပိုမိုနည်းပါး ပါတယ်။

Non-ablative Laser ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဘေးအန္တရာယ်အများစုကတော့ ရောဂါပိုးကူးစက်ခြင်း၊ အသားအရေအရောင်ပြောင်းခြင်း၊ အနည်းငယ်မျှ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်းနှင့် အမာရွတ်ကျန်ခဲ့ဲခြင်းတို့ဖြစ်ပါသည်။

ပြန်လည်ကောင်းမွန်တဲ့အချိန်ကွဲပြားမှု ရှိပါတယ်။ Ablative Laser ဟာအနာဖြစ်စေတဲ့အတွက် ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူရပြီး ရောဂါပိုးမဝင်နိုင်အောင်လည်း သတိထားရပါတယ်။ စစချင်းမှာ Laserအသုံးပြုထားတဲ့ အရေပြားနေရာမှာ နီမြန်းရောင်ရမ်းနိုင်ပါတယ်။

သို့သော် လည်း ပြန်လည်ကောင်းမွန်လာတဲ့အခါမှာ ကျန်းမာကြံခိုင်တဲ့အသားအရေကို ရရှိမှာဖြစ်ပါတယ်။ Non-ablative Laser မှာတော့ အရေပြားခွာချတာမျိုးမရှိပါ။ ဒါကြောင့် သဘာဝအတိုင်း အရေပြားဟာ သူဘာသာသူကွာကျလာမှာ ဖြစ်ပါတယ်။ အရေပြားဆဲလ်အသေများက ချွေးပေါက်များကို ပိတ်ပြီး ရောဂါပိုးမဝင်အောင် မိမိမျက်နှာကို သန့်ရှင်း စင်ကြယ်စွာ ထားဖို့လိုအပ်ပါသည်။

သင်နှင့်သင့်လျော်အပ်စပ်တဲ့ ကုသမှုကိုခံယူရန်အတွက် သင့်ရဲ့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လုပ်ငန်းဆောင်တာများ ပြင်ဆင်ပုံပြင်ဆင်နည်းနှင့် ကုသမှုခံယူပြီး အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများကိုပါ သင့်ဆရာဝန်ကညွှန်ကြား ပြသပေးမှာဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။