brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

စကတ်တိုတိုလေးတွေဝတ်ချင်တယ်၊ဘောင်းဘီတိုလေးတွေဝတ်ချင်ပေမယ့်ခြေသလုံးမှာ အမွေးတွေရှိနေလို့ ဝတ်ချင်ပေမယ့် မဝတ်ရဘဲဖြစ်နေတဲ့ ပျိုမေလေးတွေအတွက် ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မှာပါ။

ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

ခြေသလုံးက မလိုချင်တဲ့ အမွေးအမျှင်တွေကို ဒီနည်းတွေသုံးပြီး ဖယ်ရှားကြရအောင်

ခြေသလုံးမွေးတွေရှိနေလို့ လှလှပပမဝတ်ရတဲ့အတွက် စိတ်ပျက်နေတယ်ဆိုရင်တော့

နနွင်းနဲ့ ဆား

နနွင်းက အမွေးအမျှင်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ နနွင်းနဲ့ ဆားကြမ်းကို ရေနည်းနည်းနဲ့ရောပြီး ခပ်ပျစ်ပျစ်လေးဖော်လိုက်ပါ။ပြီးရင်ခြေထောက်မှာလူးလိုက်ပါ။ခြောက်အောင်ထားလိုက်ပါ။ပြီးရင်ရေနဲ့ဆေးချလိုက်ပါ။ ခပ်ဖွဖွလေးပွတ်ဆေးပေးပါ။ ဒီနည်းက အမွေးတွေအားလုံးကို မဖယ်ရှားနိုင်ပေမယ့် အမွေးတွေထွက်တာကိုနှေးသွားစေမှာပါ။

သကြား

သကြားနဲ့ပွတ်တိုက်ပေးတာကလည်း အမွေးအမျှင်တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ လိုအပ်မှာတွေကတော့ ပျားရည် တစ်ဇွန်းစာ၊ သကြား ပန်းကန်လုံးအသေးတစ်လုံးစာ၊ သံပရိုသီးတစ်ခြမ်းတို့လိုအပ်မှာပါ။ ပါဝင်ပစ္စည်းတွေကိုရောပြီး သကြားပျော်လာတဲ့အထိ မီးဖိုပေါ်တင်ကျိုလိုက်ပါ။ ပြီးရင် အအေးခံပြီး ခပ်နွေးနွေးလေးမှာ ပြောင်းဖူးမှုန့်နည်းနည်းနဲ့ရောလိုက်ပါ။ ရလာတဲ့အရောကို ခြေသလုံးမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် အဝတ်စခပ်ပါးပါးတစ်ခုကို အပေါ်ကထပ်လိုက်ပါ။ စက္ကန့် ၃၀ လောက်ထားပြီး မွေးညှင်းပေါက်တွေနဲ့ ဆန့်ကျင်ဘက်ကို ခပ်မြန်မြန်လေးခွာလိုက်ပါ။ ကုန်ကျစရိတ်သက်သာပြီး တာရှည်လည်းခံတဲ့နည်းလမ်းပါ။

ကြေးတွန်းကျောက်တုံး

ဒါကတော့ အရင်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းနှစ်ခုပေါ့။ အချိန်တော့ပေးရပါမယ်။ ဆဲလ်သေတွေကိုဖယ်ရှားပေးသလို ခန္ဓာကိုယ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားပေးရာမှာလည်း ထိရောက်ပါတယ်။ခြေထောက်ကိုရေစွတ်ပြီးမှကြေးတွန်းကျောက်တုံးနဲ့ ခပ်ဖွဖွလေးပွတ်တိုက်ပေးပါ။နေ့စဉ်လုပ်ပေးမယ်ဆိုရင် သိသိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။

သင်္ဘောသီး

ဒီနည်းလမ်းက အချိန်တော့ပေးရပါမယ်။ ညတွင်းချင်းတော့ သင်္ဘောသီးအနှစ်က အမွေးအမျှင်တွေကို မဖယ်ရှားပေးနိုင်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papapin အင်ဇိုင်းက အမွေးတွေကို အထွက်နည်းသွားစေပြီး အမွေးတွေထပ်ထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်း လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ကြိတ်ခြေလိုက်ပါ။ပြီးရင် နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်စာနဲ့ရောလိုက်ပါ။ ရလာတဲ့အနှစ်ကိုခြေသလုံးမှာလိမ်းပေးပြီး မွေးညှင်းပေါက်တွေထဲစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရေဆေးချလိုက်ပါ။နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ၂ ပတ် ကနေ ၃ ပတ်အတွင်း သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

ကဲ အခုပဲ ဒီနည်းလေးတွေကို သုံးပြီးခြေသလုံးပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားလိုက်ပါ။ လှပတဲ့ခြေသလုံးကိုပိုင်ဆိုင်နိုင်တဲ့လေဒီလန်းလန်းလေးလုပ်လိုက်ပါနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။