Corns and calluses ဆိုတာ အရေပြားဟာ သူ့ကိုယ်သူ ပွတ်တိုက်မှု နှင့် ဖိအားဒါဏ် များမှ ကာကွယ်ရန် မာကြောထူထဲလာခြင်း ဖြစ်ပါတယ်။ ခြေထောက်\ခြေချောင်းများ နှင့် လက်\လက်ချောင်းများတွင် မကြာခဏတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံ အလွန် ကြည့်ရဆိုးပါတယ်။ ထိုအရာများရှိနေခြင်းကြောင့် နေရခက်မှသာ ကုသမှုလိုလေ့ရှိပါတယ်။ လူအတော်များများတွင် ပွတ်တိုက်မှု နှင့် ဖိအားဒါဏ် ဖြစ်ရတဲ့ အကြောင်းရင်းကို လျော့ချလိုက်ပါက ထိုအနာများလည်း သက်သာပျောက်ကင်းသွားလေ့ ရှိပါတယ်။
သင့်တွင် ဆီးချိုရောဂါ သို့မဟုတ် အခြားသော သွေးစီးဆင်းမှုပုံမမှန်တဲ့ရောဂါ ပါတွဲပြီးရှိပါက ထိုအနာလေးများရဲ့ နောက်ပိုင်းဆိုးကျိုးဝင်နိုင်ချေ ပိုများပါတယ်။ ထိုအခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Corns and calluses ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
-ကြမ်းတမ်း ထူထဲသော အရေပြားနေရာလေးဖြစ်လာခြင်း
-အရေပြားမှ မာကြောဖုထလာခြင်း
-အရေပြားအောက်တွင် ထိလိုက်လျှင် သို့မဟုတ် သူ့အလိုလို နာကျင်ခြင်း
-အရေပြား ခြောက်သွေ့ အက်ကွဲလာခြင်း
Corns နှင့် Calluses မတူပါ။ Corns ဟာအရွယ်အစား ပိုမိုသေးငယ်ပြီး အလယ်တွင်မာကြောကာ ဘေးပတ်လည်၌ ရောင်ရမ်းသော အနေအထားရှိပါတယ်။ Corns ဟာ ခြေထောက်ရဲ့ အလေးချိန်မထမ်းရသော နေရာ များဖြစ်တဲ့ ခြေချောင်းများရဲ့ ထိပ်ပိုင်း၊ဘေးဘက် နဲ့ ခြေကြားများတွင် အဖြစ်များပါတယ်။ သို့သော် ခြေထောက်ရဲ့ အလေးချိန်ထမ်းရသော နေရာများမှာ လည်းတွေ့နိုင်ပါတယ်။ ဖိလိုက်ပါက နာကျင်ပါတယ်။
Calluses ကတော့ နာကျင်မှု မရှိပါဘူး။ ခြေဖဝါး ဖနောင့်အောက် သို့မဟုတ် လက်ဖဝါး၊ ဒူးခေါင်းပေါ် တို့တွင် အဖြစ်များပါတယ်။ Calluses များဟာ အရွယ်အစားနဲ့ ပုံသဏ္ဍာန် အမျိုးမျုးရှိပြီး Corns ထက်ပိုကြီးတာတွေ့ရပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)
ထို corns or calluses များ အလွန်နာကျင်မှု ရှိလျှင်သော် လည်းကောင်း၊ ရောင်ရမ်းလာလျှင်သော်လည်းကောင်း၊ သင့်တွင် ဆီးချိုရောဂါ သို့မဟုတ် အခြားသော သွေးစီးဆင်းမှုပုံမမှန်တဲ့ရောဂါ ပါတွဲပြီးရှိလျှင်သော်လည်းကောင်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အချို့သော corns and calluses များဟာ လမ်းလျှောက်ပုံ မမှန်သောကြောင့်ဖြစ်ပြီး အများစုကတော့ အလွန်ကြပ်တဲ့ ရှူးဖိနပ်များ သို့မဟုတ် ဒေါက်မြင့်သောဖိနပ်များ အစီးများသောကြောင့်ဖြစ်ပါတယ်။ ထိုဖိနပ်များဟာ ခြေချောင်းများပေါ်သို့ ဖိအားများရောက်စေပြီး အမျိုးသမီးများမှာ ခြေထောက်နဲ့ပက်သက်တဲ့ ရောဂါများ လေးဆပိုမို ဖြစ်တတ်ပါတယ်။ အခြားအကြောင်းရင်းများကတော့
ခြေထောက် ပုံသဏ္ဍာန်မမှန်ခြင်း၊ ရှူးဖိနပ်များကို ခြေအိတ်မပါဘဲ စီးခြင်း တို့ပဲဖြစ်ပါတယ်။
သင့်တွင် ထိုရောဂါဖြစ်ပြီး ဘာကြောင့်ဖြစ်မှန်းသေချာမသိပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ ကြက်နို့ သို့မဟုတ် ပြင်ပပစ္စည်း တစ်ခုခုဝင်နေခြင်း လည်းဖြစ်နိုင်သောကြောင့်ပါ။ ခြေထောက်ဟာ စိုစွတ်မှုနှင့် အကြာကြီး ထိတွေ့ပါက မှို နှင့် ဘက်တီးရီးယားများလည်း ကပ်တွယ်နေနိုင်ပါတယ်။ အထူးသဖြင့် ထို corns များမှာ ကွဲအက်ရာများရှိပါက ထိုမှတစ်ဆင့် ဘက်တီးရီးယားပိုးများ ဝင်ပြီး ပြည်တည်တတ်ပါတယ်။
corns and calluses ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
-Bunion ဟုခေါ်သော ပုံမှန်မဟုတ်သော အရိုးဖုလေးဟာ ခြေမရဲ့ အောက်ခြေအဆစ်တွင် ပေါ်လာခြင်း
-ခြေမ ဟာတိရစ္ဆာန် လက်သည်းကဲ့သို့ ပုံသဏ္ဍာန် မမှန်ခြင်း
-အခြားသော ခြေထောက် ပုံမမှန်ခြင်းများ- Bone spur ဟူသော အခြေအနေတွင် ခြေထောက်သည် ရှူးဖိနပ်နှင့် အမြဲလို ပွတ်တိုက်မိနေခြင်း
-လက်အိတ်ဝတ်သင့်သောနေရာများတွင် လက်အိတ်မဝတ်ဘဲ ပစ္စည်းများကို ကိုင်တွယ်အသုံးပြုခြင်း ကြောင့် မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ခြင်း
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ corns and calluses မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က ရောဂါဖြစ်သော ခြေထောက်များကို အခြားသော ကြွက်နို့ကဲ့သို့ အရေပြားရောဂါများ ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ်။ corns or calluses သံသယဖြစ်ပါက Xray ဓါတ်မှန်ရိုက်ခိုင်းပါလိမ့်မယ်။
corns and calluses ကိုကုသရာတွင် အရေးကြီးဆုံးမှာ ထိုရောဂါကိုဖြစ်စေသော အကြောင်းရင်းကို ရှောင်ကြဉ်ခြင်းဖြစ်ပါတယ်။ ဥပမာ- အရမ်းမကြပ်သော ရှူးဖိနပ်များသာဝတ်ဆင်ခြင်း၊ လက်အိတ်ဝတ်သင့်သောနေရာများတွင် လက်အိတ်ဝတ်၍ ပစ္စည်းများကို ကိုင်တွယ်အသုံးပြုခြင်း စတဲ့ မိမိကိုယ်မိမိ ကာကွယ်တဲ့နည်းလမ်းများကို သုံးသင့်ပါတယ်။
ထိုသို့ နည်းလမ်းများသုံးသော်လည်း မသက်သာဘဲ ပိုဆိုးလာခြင်း သို့မဟုတ် နာကျင်လာပါက ဆရာဝန်နှင့် သွာရောက်ကုသနိုင်ပါတယ်။
-ဆရာဝန်မှ ထိုထူထဲနေသော အရေပြားကို ခွဲစိပ်ခန်းသုံး ဓါးလေးကိုအသုံးပြု၍ လှီးထုတ်နိုင်ပါတယ်။ ထိုနည်းကို မိမိဘာသာမိမိ သို့မဟုတ် ဆရာဝန်မဟုတ်ဘဲ မလုပ်သင့်ပါ။ ပိုးဝင်၍ ပိုဆိုးသွားနိုင်ပါတယ်။
-ဆရာဝန်က 40% Salicylic acid ဆေးပါသော Patch ကို အနာပေါ်သို့ အုပ်ထားခိုင်းနိုင်ပါတယ်။ ထို patch များကို ဆရာဝန် အညွှန်းမပါဘဲ လည်းဝယ်ယူနိုင်ပါတယ်။ ဆရာဝန်က ထို patch ကို ဘယ်လောက်ကြာ တစ်ခါ လဲရမည်ကို ပြောပါလိမ့်မယ်။ ထို patch ကို အသုံးမပြုခင် သန့်ရှင်းသော လက်သည်းတိုက်သည့် တံစဉ်း လိုပစ္စည်းများ သုံးကာ အနာကိုပါးအောင် လုပ်နိုင်ကြောင်း ဆရာဝန်က ရှင်းပြပါလိမ့်မည်။ အနာ ကြီးပါက Salicylic acid ကို Gel ပုံစံဖြင့် လည်း ဝယ်ယူအသုံးပြုနိုင်ပါသည်။
-သင့်တွင် ခြေထောက် ပုံစံမမှန်သော ရောဂါတစ်မျိုးရှိပါက ဆရာဝန်မှ orthotics ဟုခေါ်သော သင့်အတွက် သီးသန့် ပြုလုပ်ထားသော ရှူးဖိနပ်အတွင်းထည့်သေ ပစ္စည်းလေးကို အသုံးပြုခိုင်းနိုင်ပါတယ်။
-ခွဲစိပ်မှုကိုတော့ ပြုလုပ်ရခဲပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက corns and calluses ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် corns and calluses ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍ သင့်မှာ ဆီးချိုရောဂါ ရှိပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အခြားမည်သည့် ရောဂါကြီးကြီးမားမားမှ မရှိပါက အောက်ပါတို့ကို အသုံးပြုကြည့်နိုင်ပါတယ်။
-ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော ဂွမ်းဖတ် ကို corns and calluses ဖြစ်သောနေရာပေါ် အုပ်ထားခြင်း။ သို့သော် ဆေးပါသော ဂွမ်းဖတ်များ၊ corns and calluses ဖြတ်သော ဆေးများကိုတော့ ဆရာဝန် အညွှန်းနှင့်သာ ဝယ်ယူသင့်ပါတယ်။ ထို salicylic acid ဆေးသည် ပုံမှန် အရေပြားနှင့် ထိတွေ့ပါက အရေပြား ပျက်စီးတတ်ပြီး အထူးသဖြင့် ဆီးချိုရောဂါ ရှိပါက ပိုးဝင်တတ်ပါတယ်။
-ရောဂါဖြစ်သော နေရာကို သန့်ရှင်းသော၊ ဆပ်ပြာပါသော၊ ရေနွေးထဲ စိမ်ပေးခြင်းဖြင့် corns or calluses ပျော့လာနိုင်ပါတယ်။ ထိုအခါ သန့်ရှင်းသော အနေအထားတွင် ထူနေသော အရေပြားကို အလွယ်တကူ ဖယ်ထုတ်နိုင်ပါသည်။
-သန့်ရှင်းသော လက်သည်းတိုက်သည့် တံစဉ်း လိုပစ္စည်းများ သုံးကာ အနာကိုပါးအောင် လုပ်နိုင်ပါသည်။ သို့သော် ဆီးချိုရှိပါက ဒီနည်း အသုံးမပြုသင့်ပါ။
-အရေပြားကို အစိုဓါတ် ထိန်းညှိပေးခြင်း – အစိုဓါတ် ထိန်းညှိပေးသော ခရင်မ် များလိမ်းပေးခြင်းဖြင့် ခြေထောက် နှင့် လက် အသားအရေကို နူးညံ့အောင်ထားနိုင်ပါတယ်။
– အရမ်းမကြပ်သော ရှူးဖိနပ်များသာဝတ်ဆင်ခြင်း၊ ရှူးဖိနပ်ဝတ်တိုင်း ခြေအိတ်ဝတ်ဆင်ခြင်း။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ