ဆံပင်ပါးတယ်၊ ဆံပင်ကျွတ်လွန်းပြီး ထိပ်ပြောင်နေတယ်၊ နှာဖူးပြောင်နေတယ်ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ဆိုတာ အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ကျွတ်မှာပဲ ဆိုတဲ့ စကားလေးအတိုင်း ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဆိုပေမယ့် ပုံမှန်ထက်များတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်နေရင်တော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ ပြောလို့မရတော့ပါဘူး။ ဘာေ့ကြာင့်ဖြစ်ရတာလဲကို သိရဖို့နဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတဲ့ အပိုင်းတွေ ပါဝင်လာပါပြီ။
ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ တစ်ထွေးလိုက်ကြီးပါလာတာ၊ လက်နဲ့ ဆုပ်ကိုင်လိုက်ရင်တောင် ဆံပင်တွေ အလွယ်တကူပါလာတာမျိုးတွေပေ့ါ။
ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ သူတို့တွေကတော့
လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်ရမယ့်အစား ဒီပမာဏထက်ပိုပြီး ကျွတ်လာတာကို သတိထားမိတဲ့အချိန်၊ ဆံပင် အကွက်လိုက်၊ အထွေးလိုက် ကျွတ်နေတဲ့ အချိန်မျိုး ရောက်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြသပြီးပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ လိုလာပါပြီ။ ပြဿနာကို အဖြေရှာရုံနဲ့တင် မပြီးသေးပါဘူး။ ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတဲ့အပိုင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး ။
အဓိကကတော့ ဆံပင်ကျွတ်တဲ့အကြောင်းအရင်းကို အရင်ရှာပြီး အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ရင် ဆံပင်ကျွတ်တာကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ နောက်တစ်ခုကတော့ ပါးသွား ၊ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ ဆံပင်တွေ ပြန်ပေါက်လာစေဖို့၊ ပါးနေတဲ့ ဆံပင်တွေ ပြန်သန်စေဖို့အတွက် ထုတ်ထားတဲ့ ခေါင်းလိမ်းဆီတွေ လိမ်းပေးလို့ရပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။