brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရွယ်ရောက်ပြီးသူများတွင် အဘယ့်ကြောင့် ဝက်ခြံအမာရွတ် ဆက်ရှိနေပါသနည်း

ဝက်ခြံသည် သင့်ပုံပန်းသွင်ပြင်နှင့် သင့်ယုံကြည်မှုကို ထိခိုက်စေနိုင်သော အရေပြားရောဂါ ဖြစ်ပါသည်။ သေချာစွာ မကုသသော ဝက်ခြံသည် သင့် အရေပြားပေါ်တွင် အမာရွတ် ဖြစ်ကျန်နိုင်ပါသည်။

အရွယ်ရောက်ပြီးသူများတွင် အဘယ့်ကြောင့် ဝက်ခြံအမာရွတ် ဆက်ရှိနေပါသနည်း

ဝက်ခြံအမာရွတ်

အမာရွတ်များသည် ဝက်ခြံမှရသော မလိုလားအပ်သော ရလဒ်များ ဖြစ်သည်။ သင့်အရေပြားပေါ်မှ ဝက်ခြံ အမာရွတ်သည် သင်ငယ်စဉ် ဆယ်ကျော်သက် အရွယ်မှ ဝက်ခြံကြောင့် ဖြစ်နိုင်သကဲ့သို့ ယခုဖြစ်သော ဝက်ခြံမှရသော အမာရွတ်လည်း ဖြစ်နိုင်ပါသည်။

ဝက်ခြံ အမျိုးအစားများစွာ ရှိသည့်အတွက် အမာရွတ်လည်း အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အမာရွတ်အများစုသည် ဝက်ခြံဖြစ်ပြီး ရက်အနည်းငယ်၊ သီတင်းပတ် အနည်းငယ်၊ လအနည်းငယ် အကြာတွင် ပျောက်သွားတတ်သည်။ ပိုဆိုးသော အမာရွတ်များသည် အရည်အိတ်များ ဖြစ်ခြင်း၊ အဖုအကျိတ်လိုမျိုး ဖြစ်ခြင်း ကဲ့သို့သော ပြင်းထန်သော ဝက်ခြံပေါက်ခြင်းမှ ဖြစ်သည်။ ဝက်ခြံ အမာရွတ်သည် အချိုင့်ပုံစံ သို့မဟုတ် အဖုပုံစံဖြင့် ဖြစ်ပေါ်တတ်သည်။

ဆယ်ကျော်သက်အရွယ်မှ ဝက်ခြံအမာရွတ်များ

သင် အပျိုဖော်ဝင်ချိန်တွင် ဝက်ခြံအများကြီး ထွက်နိုင်ပါသည်။ အမာရွတ် အများစုသည် ဝက်ခြံ ပျောက်ပြီးနောက်တွင် ပျောက်သွားတတ်ကြသည်။ သင့်အသားအရေသည် အသက်ငယ်ရွယ်ချိန်တွင် ပျက်စီးခြင်းမှ အလွယ်တကူ ပြန်ကောင်းသွားနိုင်သည့် အတွက် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပါလိမ့်မည်။ သို့သော် ၎င်းသည် သင့် ဝက်ခြံ အမျိုးအစား၊ သင့်ကျန်းမာရေး အခြေအနေ၊ သင့်ကုသမှုတို့ ပေါ်တွင်လည်း မူတည်ပါသည်။ ဝက်ခြံကို ညှစ်ခြင်း၊ ဆိတ်ခြင်းတို့သည် အမာရွတ်ကို ပိုဖြစ်စေပါသည်။

လက်ရှိအမာရွတ်များ

ဆယ်ကျော်သက် များသာမက လူကြီးများတွင်လည်း ဝက်ခြံနှင့် အမာရွတ်များ ရှိနိုင်ပါသည်။ ဤအချိန်တွင် ဖြစ်သော ဝက်ခြံသည် ပိုမိုပြင်းထန်ပြီး သင့် အသားအရေသည်လည်း သင့်ကဲ့သို့ပင် အသက် ကြီးလာသောကြောင့် အမာရွတ်များ ပျောက်ရန် ခက်လာသည်။ သင့်အသားအရေကို နုပျိုစေရန်အတွက် လိုအပ်သော ပရိုတင်းတစ်မျိုး သင့် အသားအရေတွင် နည်းလာခြင်းကြောင့်လည်း ဖြစ်သည်။

ဝက်ခြံအမာရွတ်ကို ကာကွယ်ရန် နည်းလမ်းကောင်းများ

သင့်ကိုယ်ကို ဝက်ခြံ မပေါက်စေရန် မကာကွယ်နိုင်သော်လည်း အမာရွတ် မဖြစ်စေရန် ကာကွယ်နိုင်သည်။ အောက်ပါတို့သည် အကြံပြုချက်တချို့ ဖြစ်ပါသည်။

  • ဝက်ခြံကို လိုအပ်သလို ကုသသင့်သည်။ မကုသဘဲထားလျှင် နောက်ပိုင်းတွင် အမာရွတ် ဖြစ်ကျန်နိုင်သည်။
  • ဝက်ခြံ ပျောက်သွားပြီး နောက်တွင်လည်း ဆက်ကုသနေသင့်သည်။ ထိုအချိန်တွင် သင့်အသားအရေသည် အပြည့်အဝ ပြန်မကောင်းသေးပါ။ ဆေးကုသမှုရပ်ရမည့် အချိန်ကို သင့် ဆရာဝန်က ပြောပါလိမ့်မည်။
  • ဝက်ခြံကို ညှစ်ခြင်း၊ ဆိတ်ခြင်းသည် ဝက်ခြံကို ပိုဆိုးစေသောကြောင့် မပြုလုပ်ရပါ။ ဝက်ခြံ အများကြီးထွက်လာလျှင် အမာရွတ် ကျန်နိုင်သည်။

သင့်အသားအရေကို သန့်ရှင်းသောရေ၊ မျက်နှာသစ်ဆေးတို့ဖြင့် သန့်ရှင်းအောင်ထားပါ။

ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်သည် ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ မည်သူမှ ဖြစ်လိုမည် မဟုတ်ပေ။ လူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီး လူကြီးဖြစ်စေ ဝက်ခြံကြောင့် အမာရွတ် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့် ဝက်ခြံကို အမာရွတ် မဖြစ်ရန် ဂရုစိုက်ပြီး၊ အမာရွတ် ဖြစ်သွားပါကလည်း ပျောက်ကင်းစေရန် ကုသသင့်ပါသည်။

Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေး အကြံပြုချက်များ၊ ရောဂါအမည် တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။