သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်း (၆)မျိုးကို အောက်မှာ ဖော်ပြပေးထားပါတယ်။
သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်း (၆)မျိုးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ ကတော့
ဒါဟာ ကိုယ်ဝန်ရဖို့အတွက် အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ကွန်ဒုံး ဒါမှမဟုတ် အခြားသော သားဆက်ခြားနည်းလမ်းတွေ မသုံးဘဲ အချိန်မှန်မှန် လိင်ဆက်ဆံပေးပါ။
ဒါပေမယ့် နေ့တိုင်းကြီး လိင်ဆက်ဆံဖို့မလိုသလို သားဥကြွေချိန်ကိုလည်း အရမ်းကြီးမယုံစားပါနဲ့။ ဒီလိုအချက်တွေပေါ် အရမ်းကြီးစိတ်ရောက်နေရင်လည်း လိင်ဆက်ဆံရာမှာ စိတ်မပါဖြစ်တတ်ပါတယ်။
တလလုံးတောက်လျှောက် လိင်ဆက်ဆံနိုင်တယ်ဆိုပေမယ့် သင့်ရာသီစက်ဝန်းကိုလည်း သိထားသင့်ပါတယ်။ မမျိုးဥနဲ့ အဖိုသုက်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိမှာဖြစ်ကာ ဒီအခြေအနေဟာ ရာသီစက်ဝန်းရဲ့ ၁၄ရက်ပတ်လည်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
တလလုံး စိတ်ပါသလို လိင်ဆက်ဆံနိုင်ပေမယ့် ကိုယ်ဝန်ရနိုင်ခြေ အများဆုံးအချိန်ကိုလည်း မမေ့ပါနဲ့။ တကယ်လို့ သင့်အနေနဲ့ ရာသီစက်ဝန်းကို အတိအကျမသိဖူးဖြစ်နေရင် သားဥကြွေချိန်ကို သိဖို့ ဆေးစစ်တံလေး အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် သင့်ရာသီစက်ဝန်းနဲ့ သားဥကြွေချိန်ကိုပဲ စိတ်ထဲအရမ်းကြီးစွဲမနေပါနဲ့။ ဒီလိုမျိုးစွဲနေရင် သင်နဲ့ သင့်အဖော်အတွက် ဖိစီးမှုတွေ များပြားလာနိုင်လို့ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေက စားကောင်းသောက်ဖွယ်မျိုးစုံကို သိကောင်းသိမှာဖြစ်ပေမယ့် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုတော့ သိချင်မှသိမှာပါ။ အထူးသဖြင့် ကိုယ်ဝန်ရနိုင်ခြေ များစေတဲ့ အစားအသောက်တွေပေါ့။
သင့်အနေနဲ့ အစားအသောက်အုပ်စုအမျိုးမျိုးက အစာတွေကို စုံလင်အောင် အချိုးအစားကျကျ စားပေးရပါမယ်။
အသွင်ပြောင်းဆီနဲ့ ပြည့်ဝဆီလို့ခေါ်တဲ့ အဆီတွေ (ဥပမာ အသင့်စား အစာတွေ)ကို တတ်နိုင်သမျှ ရှောင်ရမှာဖြစ်ပြီး မပြည့်ဝဆီ ပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသောက်ရပါမယ်။
ပရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အသီးအရွက်တွေ (ဥပမာ ပဲပိစပ်၊မြေပဲ စသည်)၊ အသားတွေကိုလည်း များများစားပေးရမှာ ဖြစ်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ အနှံတွေ၊ ဂျုံတွေ၊ အသီးအရွက်နဲ့ သစ်သီး စသည်)ကို များများစားပါ။ အချိုနဲ့ အငန်တွေကို လျှော့စားပါ။
မှန်ကန်သင့်တော်တဲ့ ကိုယ်အလေးချိန်ဟာ ကိုယ်ဝန်အလွယ်တကူရဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ ပုံမှန်ကိုယ်အလေးချိန်ဆိုတာဟာ BMI လို့ခေါ်တဲ့ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း ၁၈.၅ နဲ့ ၂၅ ကြားကို ဆိုလိုပါတယ်။
သင့်အနေနဲ့ ထိန်းသိမ်းထားသင့်တဲ့ ကိုယ်အလေးချိန်ပမာဏအကြောင်း ပိုမိုသိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပိန်လွန်းရင် ဒါမှမဟုတ် ဝလွန်းရင် ဟော်မုန်းပမာဏနဲ့ သားဥကြွေခြင်းကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါလိမ့်မယ်။
အဝလွန်တဲ့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာလည်း ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားရဲ့ သုက်ကောင်တွေလောက် အရည်အချင်းမပြည့်မီတာကြောင့် သူတို့ကလည်း ကိုယ်အလေးချိန် ထိန်းဖို့ လိုပါတယ်။
စိတ်လက်ဖြေလျှော့ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းဟာ ကိုယ်ဝန်အမြန်ရအောင် အားပေးကူညီနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ သားဥကြွေခြင်းကို နှောင့်နှေးစေပြီး ရာသီစက်ဝန်းကို ကြာရှည်စေပါတယ်။
အမျိုးသားတွေမှာဆိုရင်တော့ စိတ်ဖိစီးမှုဟာ သုက်ရည်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးခြင်း၊ အနှိပ်ခံခြင်း ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
ဒါတွေမှရယ်မှ မဟုတ်ပါဘူး။ သင့်ကို သက်သောင့်သက်သာရှိစေပြီး ကိုယ်လက်ပြေလျော့စေတာမှန်သမျှကို လုပ်ဆောင်နိုင်ပါတယ်။ တခုရှိတာက အချို့လူတွေဟာ ဆေးလိပ်သောက်တာ ဒါမှမဟုတ် အရက်သောက်တာမျိုးလုပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချတတ်ကြပါတယ်။
ဆေးလိပ်နဲ့ အရက်တွေဟာ အင်မတန်ဆိုးရွားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့အပြင် မျိုးအောင်ခြင်းကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ဒါမျိုးကိုတော့ အားမပေးပါဘူး။ အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အမျိုးသမီးတွေမှာ သားဥကြွေခြင်းကို ထိခိုက်စေပြီး အမျိုးသားတွေမှာတော့ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။
အိပ်ရေးဝဝအိပ်ခြင်းဟာ သင့်စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ မျိုးအောင်နိုင်စွမ်းအားနည်းတဲ့ အမျိုးသမီးတွေမှာ leptin ဆိုတဲ့ ဟော်မုန်းပမာဏနည်းပါးနေတယ်ဆိုတာကို လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။
သင်ပင်ပန်းနွမ်းနယ်တဲ့အခါ သင့်ခန္ဓာကိုယ်ကနေ leptin ဟော်မုန်းထွက်ရှိမှု နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ခုနှစ်နာရီလောက် ရအောင် အိပ်ပါ။
သင့်အနေနဲ့ ကိုယ်ဝန်အမြန်ရချင်တယ်ဆိုရင် ဆေးရုံဆေးခန်းကို သွားရောက်မပြသခင် အထက်မှာဖော်ပြခဲ့တဲ့ သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေကို အရင်စမ်းကြည့်သင့်ပါတယ်။
သင့်စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာအောင်ထားပြီး အကျင့်ဆိုးတွေကို ရပ်တန့်ကာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးရပါမယ်။ ဒါ့အပြင် စိတ်ရှည်ရှည်နဲ့ ကြိုးစားပေးမယ်ဆိုရင် သင်ဖြစ်ချင်တဲ့အရာ မကြာခင် တကယ်ဖြစ်လာမှာပါ။