ကိုယ်ဝန်လွယ်ရတာကတော်တော်လေးစွန့်စားရတဲ့အလုပ်ပါ။ ၉ လလွယ် ၁၀ လဖွားတဲ့ ကလေးတစ်ယောက်ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ အစစအရာရာဂရုစိုက်ရပါတယ်။ ကိုယ့်ရဲ့ အစားတစ်လုတ်က အခန့်မသင့်ရင် ကိုယ့်ရဲ့ မျှော်လင့်ချက်လေးကို ရိုက်ချိုးလိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် ဗိုက်ထဲကဘေဘီလေးကျန်းမာစေဖို့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ အစားအသောက်ကို မဖြစ်မနေဂရုစိုက်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့မေမေရောဘေဘီလေးပါကျန်းမာစေဖိုပ ကိုယ်ဝန်ဆောင် အစောပိုင်းအချိန်မှာ ဘာတွေရှောင်သင့်လဲဆိုတာကိုပြောပြပေးပါရစေ။
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ လုံးဝမစားသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ…….
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ အရင်ကဘယ်လောက်ကြိုက်ကြိုက်၊ စားချင်စိတ်ဘယ်လောက်ပဲပြင်းပြနေပါစေ၊ဘေဘီလေးကိုလွယ်ထားရချိန်မှာ ဒီအစားအစာတွေနဲ့ဝေးဝေးနေပါ၊လို့ အကြံပြုပါရစေနော်။
ဂဏန်း– ဂဏန်းက ကယ်လ်ဆီယမ်ကြွယ်ဝပေမယ့် ကိုလက်စထရောပါဝင်မှုများပါတယ်။ ဂဏန်းစားသုံးတာက သားအိမ်ကြွက်သားတွေ ကျုံ့ဆန့်မှုကိုဖြစ်စေနိုင်ပြီး ကိုယ်တွင်သွေးယိုစီးမှုနဲ့ ကိုယ်ဝန်ပျက်ကျတာတွေကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဂဏန်းကို အလွန်အကျွံမစားသင့်ပါဘူး။
နှမ်း – ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ နှမ်းအဖြူရော၊ အနက်ကိုပါလုံးဝမစားသင့်ပါဘူး။ နှမ်းကို ပျားရည်နဲ့တွဲစားမိမယ်ဆိုရင် ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်အစောပိုင်းကာလမှာ နှမ်း၊ နှမ်းဆီတို့ကိုရှောင်ပါ။
အသည်း – အသည်းက ဗီတာမင် A ကြွယ်ဝစွာပါဝင်ပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတစ်ခုပါ။ နည်းနည်းပါးပါး ဆိုရင် ပြဿနာ မရှိပေမယ့် အများကြီးစားမိမယ်ဆိုရင် ကိုယ်တွင်းမှာretinol လို့ခေါ်တဲ့ ဗီတာမင် A1တွေများလာပြီး ကလေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ပြင် ကလီစာတွေကိုလည်း တတ်နိုင်ရင် ရှောင်သင့်ပါတယ်။
ရှားစောင်းလက်ပပ် – ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေနဲ့ မသင့်တော်တာတော့အမှန်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရှားစောင်းလက်ပပ်စားမိမယ်ဆိုရင် သားအိမ်ကြွက်သားတွေကို ကျုံ့ဆန့်တာ၊သွေးဆင်းတာတွေကိုဖြစ်စေနိုင်သလို အပြင်းထန်ဆုံးအနေနဲ့ ကိုယ်ဝန်ပျက်ကျတာတွေကိုဖြစ်စေနိုင်ပါတယ်။
ကဖင်း– ကဖင်းက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ်အလွန်အကျွံစားသုံးမှုက ကိုယ်ဝန်ပျက်ကျစေနိုင်သလို ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှုတွေဖြစ်စေနိုင်ပါတယ်။ ကဖင်းကကော်ဖီမှာဲ ပါတာတော့မဟုတ်ပါဘူး။ လက်ဖက်ရည်၊ လက်ဖက်သုပ်။ ချောကလက်၊ ရေနွေးကြမ်းတို့မှာလည်း ကဖင်းဓါတ်ပါနေနိုင်ပါတယ်။ လုံးဝမသောက်ရတာတော့ မဟုတ်ပေမယ့် တစ်နေ့ကို ၂ခွက် ၃ခွက် ထက်တော့ မပိုသင့်ပါဘူး။
အယ်လ်ကိုဟော – သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုသောက်သုံးတာက ကိုယ်ဝန်ပျက်ကျတဲ့အထိဆိုးရွားတဲ့ ရလဒ်ကိုဖြစ်စေနိုင်ပါတယ်။
မက်မွန်သီး –ကိုယ်ခန္ဓာအပူချိန်ကိုတိုးစေပြီး ကိုယ်တွင်းသွေးယိုစီးမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ အလွန်အကျွံစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ မက်မွန်သီးကို စားမယ်ဆိုရင်လည်း အခွံနွှာပြီးမှ စားသင့်ပါတယ်။
ဒါတွေကိုလည်း သတိထားသင့်ပါတယ်
ဒါတွေအပြင်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ
- ပိုးသတ်မထားတဲ့နွားနို့သောက်တာ
- ကြက်ဥ၊ ဘဲဥအစိမ်းတွေစားတာ
- ပြုပြင်ထားတဲ့ အသားတွေစားတာ
- အမြန်စား၊ အသင့်စားအစားအစာတွေစားတာ
- ပင်လယ်စာတွေ အစိမ်းစားတာ
- ပြဒါးပါဝင်မှုများတဲ့ငါးတွေစားတာ
- ဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေသောက်တ
- ဟင်းခတ်အမွှေးအကြိုင်တွေ အလွန်အမင်းစားသုံးတာ
- သေချာမကျက်တဲ့ အသား၊ငါးတွေစားတာမျိုးတွေကို မလုပ်သင့်ပါဘူး။