တုပ်ကွေး ဆိုတာက မိုးလေးပဲ ဝင်ဝင် ဆောင်းလေးပဲ ကူးကူး မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ပါ။ ဒီဧည့်သည်က လာလည်ပြီး ဒီအတိုင်း နေတာ မဟုတ်ပါဘူး။ နေထိုင်မကောင်းဖြစ်စေတာပါ။
တုပ်ကွေး ဆိုတာက မိုးလေးပဲ ဝင်ဝင် ဆောင်းလေးပဲ ကူးကူး မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ပါ။ ဒီဧည့်သည်က လာလည်ပြီး ဒီအတိုင်း နေတာ မဟုတ်ပါဘူး။ နေထိုင်မကောင်းဖြစ်စေတာပါ။

တုပ်ကွေးက ပုံမှန် သူတွေမှာတောင် တော်တော်လေး ခံစားရခက်တာပါ။ ဒီလို ခံစားရခက်တဲ့ ဝေဒနာကို ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ခံအား နည်းနေတဲ့ မေမေတွေမှာဆိုရင် ပိုပြီး ပြင်းထန်နိုင်ပါတယ်။
ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေး ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံခိုင်းတာပါ။ ဒါမှလည်း တုပ်ကွေးကြောင့် မဖြစ်မှာလေ။ ကိုယ်ဝန်ဆောင် မေမေ တုပ်ကွေး မဖြစ်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
အမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးဖြစ်နိုင်ခြေ အမြင့်ဆုံးပါ။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတာကြောင့် ဖျားနာလွယ်သလို အအေးမိ တုပ်ကွေးဖြစ်နိုင်ခြေကလည်း အခြားသူတွေထက် ပိုများနေပါတယ်။
သာမန်ချိန်မှာ ဖျားနာတာလောက်ကို သိပ်ခံစားရတာမျိုး မရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ သာမန် ဖျားနာမှုကနေ ပြန်လည် ကျန်းမာလာဖို့ တော်တော်လေး အချိန်ပေးရပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြင်ပပစ္စည်းလို့ ဆိုရမယ့် ဘေဘီလေးကို လက်ခံနိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေက ကိုယ်ခံအား တုံ့ပြန်မှုကို အဆင့်နှိမ့်ထားတာကြောင့်ပါ။
တုပ်ကွေးဆိုတာက ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီလို ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကို အားနည်းနေတဲ့ ကိုယ်ခံအားက ခုခံ တုံ့ပြန်နိုင်စွမ်း နည်းနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကူးစက်ခံရလွယ်သလို ပိုပြီးလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
တကယ်လို့ ကိုယ်ဝန်လည်း ဆောင်နေမယ်။ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါအခံတွေလည်း ရှိမယ်ဆိုရင် ပိုပြင်းထန်နိုင်ပါတယ်။
တုပ်ကွေး နဲ့ ရိုးရိုး ဖျားနာတာရဲ့ ကွာခြားချက်က တုပ်ကွေး လက္ခဏာတွေက အစပျိုးချိန် သိပ်မကြာလိုက်ဘဲ ချက်ချင်းဆိုသလို ခံစားရတာပါ။ တကယ်လို့ တုပ်ကွေးခံစားရမယ်ဆိုရင်
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ မွေးဖွားမလာသေးတဲ့ ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်တာက
မေမေတွေအနေနဲ့လည်း ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာက မေမေကိုရော ဘေဘီလေးကိုပါ တုပ်ကွေးကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ တုပ်ကွေးကာကွယ်ဆေးက လက်မောင်းမှာ ထိုးနှံရမှာဖြစ်ပြီး ဆေးအာနိသင်ကတော့ ဆေးထိုးပြီး ၂ ပတ်ကနေ စပြီး ရရှိမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာက ချက်ကြိုးကနေတဆင့် ဘေဘီလေးဆီ ရောက်ရှိသွားပြီး ဘေဘီလေးကို တုပ်ကွေးကာကွယ်နိုင်မယ့် ကိုယ်ခံအားကို ရရှိစေမှာဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး တစ်ရက် ဒါမှမဟုတ် ၂ ရက်လောက်မှာတော့ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ အဖျား နည်းနည်း ရှိတာ၊ ပင်ပန်းတာမျိုးခံစားရတာ၊ ဆေးထိုးတဲ့နေရာက နာတာမျိုးကိုပဲ ခံစားရနိုင်ပါတယ်။ အခြား ကြီးကြီးမားမား ခံစားရတာမျိုး မရှိပါဘူး။
တကယ်လို့ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ တုပ်ကွေး ကူးစက်ခံရမယ်ဆိုရင် သက်သာစေဖို့
တုပ်ကွေး မဖြစ်အောင် ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကာကွယ်ဆေး ထိုးတာပါ။ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ ခပ်ဝေးဝေးနေပါ။ ဖျားနာသူတွေနဲ့ ထိတွေ့မှု မရှိအောင် ဂရုပြုပါ။
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ အသုံးအဆောင်တွေကို ပိုးသတ် သန့်စင်ပါ။ အာဟာရပြည့်ဝ မျှတအောင် စားသုံးပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ် စေချင်ပါတယ်။