Cholestasis လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းလတွေမှာဖြစ်တတ်ပြီး လက်တွေ၊ ခြေထောက်တွေနဲ့ တခြားနေရာတွေမှာ အလွန်အမင်းယားယံခြင်းကိုဖြစ်စေတယ်။
နေရထိုင်ရခက်စေပေမယ့် မိခင်တစ်ယောက်အတွက် သိသာတဲ့ဘေးဖြစ်စေခြင်းမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဖွံ့ဖြိုးနေတဲ့ရင်သွေးငယ်လေးကိုတော့ ထိခိုက်ကောင်းထိခိုက်နိုင်ပါတယ်။ ဒါကြောင့် များသောအားဖြင့် ဆရာဝန်တွေက စောစောမွေးခိုင်းတတ်တယ်။
Cholestasis ဆိုတာ အသည်းကနေထုတ်ပေးတဲ့ အစာခြေရာမှာသုံးသော အရည်တစ်မျိုးစီးဆင်းမှု ယိုယွင်းခြင်းဖြစ်တယ်။ ကိုယ်ဝန်ဆောင်ခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ တခြားနာမည်တွေကတော့ obstetric cholestasis ၊ intrahepatic cholestasis လို့ခေါ်တတ်ကြတယ်။
Cincinnati ကလေးဆေးရုံကဆေးကုသမှုစင်တာအရတော့ ကိုယ်ဝန်ဆောင် ၁၀၀၀ မှာ တစ်ယောက်ဖြစ်တယ်လို့ဆိုပြီး ဆွီဒင်နိုင်ငံသားတွေနဲ့ ချီလီနိုင်ငံသားတွေမှာ ပိုအဖြစ်များတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။
တွေ့ရလေ့ရှိတဲ့လက္ခဏာတွေကတော့ –
တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့-
တခြားလက္ခဏာတွေလည်းရှိနေနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။
ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။
အကြောင်းအရင်းကတော့မသေချာပါဘူး။ မျိုးရိုးနဲ့ ဗီဇကြောင့်ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟော်မုန်းကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်ထွက်တဲ့ ဟောမုန်းတွေက အသည်းကနေထုတ်တဲ့ အစာခြေရည်စီးဆင်းမှုကို ထိခိုက်စေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ထိုအရည်တွေအသည်းမှာပုံလာတဲ့အခါမှာ သွေးတွင်းကိုစီးသွားပြီး တစ်သျူးတွေမှာစုပုံကာ ယားယံခြင်းကိုဖြစ်စေပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်းအားဖြင့် အသည်းလုပ်ဆောင်ချက်၊ bile acid ပမာဏ၊ bilirubin ပမာဏတို့ကို စစ်ဆေးပြီး ရောဂါသတ်မှတ်ပါလိမ့်မယ်။
မိခင်နဲ့ကလေးဆေးကုသမှုအဖွဲ့အစည်းက TBA ဆိုတဲ့ bile acid စုစုပေါင်း သို့ သွေးတွင်း bile acid ၁၀ micromol/L နဲ့အထက်ရှိမယ်ဆိုရင် intrahepatic cholestasis လို့သတ်မှတ်ပါတယ်။
ကုသမှုရဲ့ဦးတည်ချက်ကတော့ ယားယံခြင်းကို သက်သာစေဖို့ဖြစ်တယ်။ ဆေးတစ်ခုခုမသောက်ခင်မှာတော့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။
ကုသမှုတချို့ကတော့ –
ကုသမှုတွေကိုဆရာဝန်ကအောက်ပါအချက်တွေနဲ့ ညှိပြီးဆုံးဖြတ်ပါလိမ့်မယ်-
မသုံးသင့်တဲ့ကုသမှုတွေကတော့-
Cholestyramine လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့ ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲပါတယ်။ အရင်တုန်းက ထိုဆေးကို cholestasis အတွက်သုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ တခြားကုသမှုတွေလောက် အာနိသင်မရှိခြင်း၊ ဘေးထွက်ဆိုးကျိုးများရှိခြင်း( Cholestasis ရှိသော ကိုယ်ဝန်သည်များတွင် နည်းနေသော ဗီတာမင်-ကေ ပိုနည်းစေခြင်းကဲ့သို့) တွေရှိတယ်လို့ လေ့လာမှုတချို့က ပြထားပါတယ်။
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ