ကလေးတစ်ယောက်အချိုကြိုက်တာက အပြစ်မဟုတ်ပေမယ့် အချိုကြိုက်တဲ့ကလေးကို အလိုလိုက်ပြီး အချိုတွေကျွေးမိနေရင်တော့ မိဘတစ်ယောက်လိုက်နာရမယ့်တာဝန်ကို ပျက်ကွက်နေတာပါ။ ဒီတော့ မိဘတာဝန်ကျေစေဖို့ ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အချိုမကဲစေဖို့သတိထားပေးဖို့လိုမှာပါ။
ကလေးတစ်ယောက်အချိုကြိုက်တာက အပြစ်မဟုတ်ပေမယ့် အချိုကြိုက်တဲ့ကလေးကို အလိုလိုက်ပြီး အချိုတွေကျွေးမိနေရင်တော့ မိဘတစ်ယောက်လိုက်နာရမယ့်တာဝန်ကို ပျက်ကွက်နေတာပါ။ ဒီတော့ မိဘတာဝန်ကျေစေဖို့ ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အချိုမကဲစေဖို့သတိထားပေးဖို့လိုမှာပါ။

ကလေးတစ်ယောက်မွေးဖွားလာရင် အရင်ဆုံးမှီဝဲတဲ့ အာဟာရကမေမေ့နို့ချိုပါ။မေမေ့နို့ရဲ့ အရသာကချိုတဲ့အရသာရှိနေတာကြောင့် ကလေးက အချိုကြိုက်တာအဆန်းတော့မဟုတ်ပါဘူး။ နို့စို့နေရင်းကနေ အစားစစားချိန်ရောက်ပြီဆိုရင်လည်း ချိုတဲ့အသာရှိတဲ့ ဖရုံသီး၊ မုန်လာဥနီတို့ကို စစားကြတာပါ။နောက်တစ်ခုက အဆီမပါတဲ့ အသားတွေပါ။ ဒီအခါမှာ ကလေးခံစားမိမှာကလည်း အချိုအရသာပါပဲ။ ဒါကြောင့် အချိုကို ကလေးတွေက စွဲလမ်းရတာပါ။ ဒါကြောင့် မိသားစုနဲ့ ထမင်းလက်ဆုံမစားနိုင်သေးခင်အထိ ကလေးနှစ်သက်စွာစားသုံးမယ့်အရသာက အချိုပါ။ ဒါကြောင့် ကလေးတွေ အချိုကြိုက်တာက အဆန်းတော့မဟုတ်ဘူးပေါ့။
ကလေးကအချိုကြိုက်တယ်ဆိုပြီး သဘာဝအချိုစားတာက ထိခိုက်တာမဖြစ်နိုင်ပေမယ့် ကလေးက သဘာဝအချိုမဟုတ်ဘဲပြုပြင်ထားတဲ့ အချိုတွေကို စွဲလမ်းနှစ်ခြိုက်စွာ စားသုံးမယ်ဆိုရင်တော့ ကလေးမှာ အခုလိုပြဿနာတွေခံစားရနိုင်ပါတယ်။
ကလေးကို အာဟာရပြည့်စေချင်လို့ကျွေးမိနေတဲ့ အချို့သောအစားအစာတွေမှာ အချိုပါဝင်မှုများနေနိုင်ပါတယ်။ မသိဘဲကျွေးမိနေနိုင်တဲ့အချိုများတဲ့ အစားအစာတွေကတော့
ကလေးက ငယ်စဉ်အရွယ်မှာ စစားဖူးတဲ့အရသာက အချိုဖြစ်တာကြောင့် အချိုကြိုက်တာအဆန်းမဟုတ်ပေမယ့် solid food စစားချိန်မှာ အချိုမကြိုက်အောင်ပျိုးထောင်ဖို့ကတော့မေမေတို့တာဝန်ပါ။ ဒါကြောင့် ကလေးကို solid foods စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင် အချိုစွဲလမ်းတာမျိုးမဖြစ်စေဖို့ ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။
သစ်သီးတွေကို စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးပါ – ကလေးကို သကြားလုံးတွေ၊ ဂျယ်လီတွေအစား သစ်သီးလေးတွေကို အရွယ်တော်လေးတွေတုံးပေးတာ၊ အသင့်စားလို့ရအောင်ပြင်ဆင်ပေးတာမျိုးတွေလုပ်ပေးပါ။ သဘာဝအချိုကကလေးကို ထိခိုက်မှုမဖြစ်စေပါဘူး။
ဒိန်ချဉ်ကျွေးပါ – ကလေးကို အသင့်သောက်ဒိန်ချဉ်ဘူးမဟုတ်တဲ့ အချိုမစွက်ထားတဲ့ ဒိန်ချဉ်ကို ကိုယ်တိုင်ပြင်ဆင်ပြီးတိုက်ပေးပါ။ ဒါကလည်း အချိုအများကြီးမစားမိစေဖို့ ကာကွယ်ရာရောက်ပါတယ်။
ကိုယ်တိုင်ပြင်ဆင်ကျွေးမွေးပါ – ကလေးကို မနက်စာကနေစလို့ ညစာအထိ တစ်နေ့တာစားသမျှတိုင်းကို အိမ်မှာ ကိုယ်တိုင်ပြင်ဆင်ပြီးကျွေးပေးပါ။ ဒါမှ ကလေးက အချိုစားမိနိုင်ခြေနည်းသွားမှာပါ။ ချက်ပြုတ်ပြင်ဆင်ပေးတဲ့အခါ သကြားနဲ့ဆားကိုတော်ရုံသင့်ရုံပဲထည့်ပေးပါ။
မုန့်ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကိုသေချာလေးကြည့်ပါ – ကလေးအတွက်မုန့်ဝယ်မယ်ဆိုတဲ့အခါတိုင်းမေမေတွေမဖြစ်မနေလုပ်ရမှာက မုန့်မှာပါတဲ့ ပါဝင်နေတဲ့ ပါဝင်ပစ္စည်းစာရင်းကိုသေချာလေးကြည့်ဖို့ပါ။ အချိုပါဝင်မှု၊အဆီပါဝင်မှုနဲ့ တာရှည်ခံပစ္စည်းတွေ ပါဝင်နေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ဖို့လိုမှာပါ။ အချိုရှောင်ဖို့အတွက် အညွှန်းဖတ်တဲ့အခါ Sugar ၊ sucrose စတာတွေဖော်ပြထားတဲ့ သကြားပါဝင်မှုပမာဏ ကိုကြည့်ပါ။
အချိုဓါတ်ဆိုတာမှာ သကြား ဂလူးကို့စ် (Glucose) တစ်ခုတည်းရှိတာမဟုတ်ဘဲ ဆူးခရို့စ် (Sucrose) ဖရက်တို့စ် (Fructose) လို မျိုးကွဲနာမည်တွေလည်းရှိသေးလို့ အဲဒါတွေကိုပါသတိထားရပါမယ်။ ပါဝင်ပစ္စည်းတွေအပြင် တစ်ခါစားပမာဏ သို့မဟုတ် တစ်ခါသောက်ပမာဏမှာ သကြားဓါတ်ဘယ်လောက်ပါနေနိုင်မလဲဆိုတာကိုလည်း တွက်ချက်ပါ။
အချိုရည်တွေလုံးဝမတိုက်ပါနဲ့ – ကလေးကို အချိုရည်တွေ အိမ်မှာ အလွယ်တကူဝယ်ပေးထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုဆိုရင် ကလေးက တစ်ချိန်လုံး အချိုရည်တွေပဲသောက်နေပါလိမ့်မယ်။ ကလေးကို အချိုရည်တွေတိုက်မယ့်အစားကိုယ်တိုင်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေကိုပဲတိုက်ပေးပါ။