ဘေဘီလေး တစ်ယောက်ကို ကောင်းကောင်းမွန်မွန် အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်ရတာက အနုစိတ်လွန်းတဲ့ အနုပညာ ဖန်တီးမှု တစ်ရပ်ပါ။ ဒီဖန်တီးမှုကို မိဘတိုင်းက အကောင်းဆုံး လုပ်ချင်ကြပါတယ်။ ဘေဘီလေး ကြီးပြင်းအရွယ်ရောက်လာချိန်မှာနေ့ရက်တိုင်းက မိဘတွေအတွက် စိတ်လှုပ်ရှားခံစားမှု အပြည့်ပေါ့။ ဒီခံစားချက်က ဘာနဲ့မှမတူတဲ့ ခံစားချက်ပါနော်။ ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် က ဘာတွေလဲ။ ပုံမှန်ဖွံ့ဖြိုးအောင် ဖေဖေမေမေတို့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။
ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်
ကလေးတစ်ယောက်ကို မမွေးခင်ကတည်းက စိတ်လှုပ်ရှားနေမိသူတွေက ဖေဖေနဲ့မေမေပါ။ ကလေးလေး မွေးလာပြီဆိုရင်လည်း ဘယ်လိုလေးများ ကြီးပြင်းလာမလဲ ဆိုပြီး နေ့ရက်တိုင်းမှာ စိတ်ကူးပုံဖော်နေရတာလည်း အမောပဲနော်။ စိတ်ကူးပုံရိပ်လေးတွေကို အကောင်းဆုံး ဖော်ဆောင်နိုင်စေဖို့ ဘေဘီလေးရဲ့ လအလိုက် ဖွံ့ဖြိုးမှုတွေကို ပြောပြပေးမယ်နော်။
မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးရဲ့ ပထမဆုံး တစ်နှစ်တာ ကာလအတွင်းမှာ
လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ မှတ်တိုင်အတွက်
- ဘေဘီလေးနဲ့ လက်ဖဝါးချင်း ဘယ်ညာခေါ်ရိုက်ပေးရင်း ကစားရတဲ့ ကစားနည်းလေးတွေ ကစားပေးပါ။
ဘာသာစကားနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ မှတ်တိုင်အတွက်
- တာ့တာ့ နှုတ်ဆက်တတ်အောင်
- မိဘတွေကို ဖေဖေ မေမေ ဒါမှမဟုတ် အခြား ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားလုံးတွေကို ပြောတတ်အောင်
- မလုပ်ရဘူး၊ မရဘူးဆိုတာတွေကို သိနားလည်အောင် သင်ပေးပါ။
သိမြင်မှု စွမ်းရည်ဆိုင်ရာ မှတ်တိုင်အတွက် [သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း]
- တစ်ခုခုကို ခွက်အလွတ်ထဲ ထည့်ပြီး ကစားစေတာ
- တူဝါးဆော့တာ၊ အရုပ်လေးတွေကို စောင်နဲ့ အုပ်ထားပြီး အုပ်လိုက် လှန်လိုက် ဆော့တာမျိုးတွေ လုပ်ပေးပါ။
လှုပ်ရှားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မှတ်တိုင်အတွက်
- မတ်တတ်ရပ်နိုင်အောင် ထူမပေးပါ
- တစ်ခုခုကို ကိုင်ပြီး လမ်းလျှောက်တတ်အောင်
- ခွက်ထဲကနေ သောက်တတ်အောင်
- လက်ညှိုးနဲ့ လက်မသုံးပြီး စားစရာလေးတွေကို ယူတတ် စားတတ်အောင် သင်ပေးပါ။
အခု ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို သိသွားပြီ ဟုတ် …..
ဘေဘီလေးရဲ့ ပထမ တစ်နှစ်တာက စိတ်လှုပ်ရှားစရာတွေ ပြည့်နေသလို သင်ကြားပေးရတာတွေ၊ ဂရုစိုက်ပေးရတာတွေက အများကြီးပါ။ တာထွက်ကောင်းမှာ ပန်းဝင်ကောင်းမှာဆိုတော့ ဖေဖေမေမေတို့အနေနဲ့ မှတ်တိုင်တွေ စိုက်ထူမယ့် ဘေဘီလေးကို အကောင်းဆုံး ဖြစ်အောင် ဂရုစိုက် ပျိုးထောင်ပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေကြောင်း…………..
Takeaway
ဘေဘီလေးရဲ့ ပထမနှစ်တာ ကာလမှာ မိဘတွေက သေသေချာချာလေး ဂရုစိုက်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေနိုင်သလို မေမေဖေဖေတို့နဲ့ ဘေဘီလေးရဲ့ ကြားထဲမှာ ရင်းနှီးမှု တိုးပြီး ချစ်ခင်ယုံကြည်မှုလည်း တိုးပွားစေမှာပါ။