ဘလူးဘယ်ရီသီးက အာဟာရရော ကျန်းမာရေး အကျိုးကျေးဇူးပါ များတာပါ။ ကြွက်သားတွေမျာ ဒဏ်ဖြစ်ရင် မြန်မြန် သက်သာစေသလို ကြွက်သားတွေ တောင့်တင်းနေတာကိုလည်း ပြေလျော့စေပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါတွေအပြင် ဘလူးဘယ်ရီက နှလုံး ကျန်းမာစေသလို ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ အချိုတည်းစရာ အသီးလေးတစ်မျိုးပါ။
ငှက်ပျောသီးက ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး ငှက်ပျောသီးမှာ ပျက်စီးသွားတဲ့ ကြွက်သားတွေကို အသစ်ဖြစ်ပေးစေဖို့ ထောက်ကူပေးတဲ့ glycogen ပါယင်နေပါတယ်။
ကြွက်သားတွေကို ပြေလျော့စေသလို။ ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။