ကလေးများတွင် မိဘများထိန်းကျောင်းရန်လိုအပ်သည့်ကျွမ်းကျင်မှုများလိုအပ်သည်။ ပထမတစ်ချက်မှာ သွားတိုက်နည်းဖြစ်သည်။ ပုံမှန်နေထိုင်မှုစနစ်တွင်ပါဝင်ပြီး တတ်နိုင်သမျှ ငယ်စဉ်လုပ်ဆောင်နိုင်ရန်အရေးကြီးသည်။ ပုံမှန်သွားတိုက်ခြင်းသည် ကလေးများသာမက လူကြိးများတွင်လည်းအရေးကြီးသည်။ သွားရှိအဖက်များ ဘက်တီးရီးယားများဖယ်စေရုံမက သွားရောဂါများကိုလည်းကာကွယ်ပေးသည်။ မိသားစုရှိလူကြီးတစ်ယောက်ယောက် ဥပမာ မိဘ နှင့် အဖိုးအဖွားများက ကလေးအားထိုအကျင့်ရရန် အားပေးသင့်သည်။
တကယ်တော့ကလေးတိုင်း သွားမှန်ကန်စွာတိုက်နည်း အဖက်များဖယ်နည်း ဘက်တီးရီးယားမရှိအောင်လုပ်နည်းများသိရန်အရေးကြီးသည်။ အောက်ပါအချက်များကသင့်ကိုကူညီပေးနိုင်သည်။
ဘယ်အချိန်မှာစသွားတိုက်ရမလဲ။
ပထမဆုံးသွားစထွက်လာသည်နှင့် ကလေးသွားတိုက်ပေးခြင်ကကောင်းသောအချက်ဖြစ်သည်။ ခြောက်လလောက်တွင်စတင်သည်။ ကလေးသွားပေါ်သို့နူးညံသောအရာ ဥပမာ အဝတ်ဆို သို့မဟုတ် သေးသောသွားတိုက်ဆေးနှင့်ရေကိုအသုံးပြုတိုက်ပေးနိုင်သည်။ တနေ့နှစ်ခါ မနက် ည တိုက်ပေးနိုင်သည်။ သွားနှစ်ခြမ်းလုံးကိုသန့်ရှင်းရေးလုပ်ရန်မမေ့ပါနှင့်။
ကလေးများအတွက် သွားတိုက်တံပုံစံကလည်းအရေးကြီးသည်။ ပျော့သေးပြီး အမွေးထောင်နေသောသွားတိုက်တံပုံစံမျိုးဖြစ်သင့်သည်။
သွားတိုက်ဆေးရွေးချယ်ရာတွင်-
ကလေးများ ဝမှ ၁၈လ ရေသာသုံးပါ သွားတိုက်ဆေးမသုံးပါနှင့်။
၁၈လမှ ၆နှစ် ဖလိုရိုက်နည်းသောသွားတိုက်ဆေးသုံးပါ။
၆နှစ်အထက် ဖလိုရိုက်စံနှုန်းထားပါသောသွားတိုက်ဆေးသုံးပါ။
ဖလိုရိုက်နှင်ထိ၍မရသောကလေးများ သို့မဟုတ် သွာထွက်ခြင်းနှေးနေသူများတွင် သွားတိုက်ဆေးသုံးရန် ညွန်ကြားချက်သည် ကျွမ်းကျင်သူမျာ၏အကြံပြုချက်အပေါ်မူတည်သည်။ သွားဆရာဝန် ကျန်းမာရေးပညာရှင်များ၏အကြံဉာဏ်ကိုယူပါ။
ကလေးကသွားတိုက်နေချိန် အငြိမ်မနေလိုပါက အောက်ပါအချက်များကသင့်ကိုအကူအညီပေးနိုင်သည်။
ကလေးကိုသင့်ပေါင်ပေါ်သို့တင်ပြီး မျက်နှာအဝေးတွင်ထားပါ။
ကလေးခေါင်းကိုသင့်ခန္ဓါကိုယ်အပေါ်ထားပြီး လက်တစ်ဖက်ဖြင့် မေးစိကိုကိုင်ဖွင့်ပါ။
သွားကို အံကိုက်အတိုင်းသန့်ရျှင်းပါ။ အဝိုင်းပုံစံတိုက်ပါ။ မျက်နှာပြင်အကုန်ကိုသန့်ရှုင်းရေးလုပ်ပါ။
သွားတိုက်ပြီးပါက သွားတိုက်ဆေးထွေးထုတ်ရန် အကြံပေးပါ။ မြိုမချစေပါနှင့်။
ပလုပ်ကျင်းခိုင်းပါ။ သွားကိုကာကွယ်ပေးနိုင်သော ဖလိုရိုက်အနည်းငယ်ကိုပါးစပ်အတွင်းမှဖယ်ပေးနိုင်သည်။ ထွေးထုတ်ရန် ကလေးငယ်များတွင်ခက်ခဲနိုင်သည်။ ဘယ်လိုလုပ်ရမလဲကိုပြသသင်ပေးသင့်သည်။
မိဘနှင့်ကလေးများအတွက်သွားတိုက်နည်းများ။
ကလေးများက သွားတိုက်ခြင်းကိုပထမကြိုက်မည်မဟုတ်ပါ။ အောက်ပါတို့မှာသွားတိုက်ခြင်းကိုအားပေးနိုင်သောနည်းလမ်းအနည်းငယဖြစ်သည်။
သွားတိုက်ခြင်းကိုဂိမ်းတခုနှင့်တွဲလုပ်ပါ။ သွားတိုက်ကစားနည်းကစားခြင်း နှင့် အကြိုက်ဆုံးအရုပ်ပေးထားခြင်းလုပ်ပေးပါ။ သန့်သောသွားတိုက်တံနှင့် အရုပ်ကို ပထမဆုံးသွားဆရာဝန်နှင့်သွားချိန်တွင်ယူသွားပါ။ အရုပ်ကိုခေါင်းဦးပေါ်တင်ထားပြီး သွားကိုစစ်ဆေးခြင်း သွားတိုက်ပုံကိုပြောပြခြင်းလုပ်နိုင်သည်။ သင့်ဆရာဝန်အား သွားဆရာဝန်အဖြစ်သရုပ်ဆောင်ခိုင်းပြီအရုပ်၏ သွားအရှေ့အနောက်ကိုတိုက်ခိုင်းပါ။
အရုပ်တွင်ကောင်းစွာလေ့ကျင့်ထားခြင်းက မိမိကိုယ်တွင်ပိုလုပ်ဆောင်နိုင်သည်။
ကလေးက အခြားသူကိုအတုခိုးသည်ကိုကြိုက်သဖြင့် သင့်မိသားစုများသွားတိုက်သည်ကိုကလေးအားပြပေးပါ။
သင့်ကလေးက သွားတိုက်ဆေးအရသာကိုမကြိုက်ပါကသွားတိုက်ဆေးမပါပဲတိုက်ခြင်းကိုအရင်လုပ်ပါ။ ထိုနောက် ဖလိုရိုက်နည်းသောသွားတိုက်ဆေးဖြင့်စတင်ပြီး အရသာကိုရင်းနှီးအောင်လုပ်ပေးပါ။
ရေချိုးခန်းတွင်သင်ခြင်းကမအောင်မြင်ပါက အိမ်ရှိအခြားနေရာကိုရှာကြည့်ပါ။
အသက်နည်းနည်းကြီးသောကလေးများတွင် ဆုချစနစ်ကိုသုံးပါ။ဥပမာသွားတနေ့နှစ်ခါတိုက်တာကို ပြဂဒိန်တွင် မှတ်စေပြီး ဆုချပေးပါ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။