ပြုံးလိုက်တိုင်းလှနေစေဖို့ အဓိကအရေးကြီးဆုံးအစိတ်အပိုင်းက ဘာများဖြစ်မလဲ။ နှုတ်ခမ်းလား၊ သွားလား။ ကြံ့ခိုင်ဖြူဖွေးတဲ့သွားလေးတွေက သင့်ကို ပြုံးလိုက်တိုင်းလှနေစေမှာပါ။ ဖြူဖွေးကြံ့ခိုင်တဲ့သွားတွေပိုင်ဆိုင်နိုင်စေဖို့ အရေးကြီးတဲ့အချက်တွေက သွားတိုက်ဆေးလား၊ ဒါမှမဟုတ် သွားပွတ်တံလား။ သွားဖြူအောင်လုပ်တဲ့နည်းလမ်းတွေများလား။ အရိုးရှင်းဆုံးတွေးကြည့်ရအောင်။ သွားတိုက်တံတွေ၊ သွားတိုက်ဆေးတွေ မပေါ်ခင်ကလည်း ကြံ့ခိုင်ဖြူဖွေးတဲ့ သွားတွေနဲ့ ပြုံးအလှ ပိုင်ရှင်တွေ ရှိခဲ့ဖူးတာပါပဲ။ အဲ့အချိန်တုန်းက သွားတွေကို ဖြူဖွေးကြံ့ခိုင်အောင် ဘာတွေနဲ့များ လုပ်ခဲ့ကြမလဲ။ တော်တော်များများ သတိမထားမိတဲ့အချက်တစ်ခုရှိနေတာပါ။ ဒါကတော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ သွားတွေကို ကြံ့ခိုင်ကျန်းမာစေတဲ့ အစားအစာတွေပါဝင်နေတယ်ဆိုတာပါ။
ဒီတော့ သွားတွေကျန်းမာကြံ့ခိုင်အောင် ဘာတွေများစားရမလဲလို့ တွေးနေလား။ ဒီဆောင်းပါးလေးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမှာမို့ သေချာလေးဖတ်ကြည့်ပါနော်။
သွားတွေကြံ့ခိုင်စေဖို့ စားသုံးပေးရမယ့် အစားအစာများ
ရေသောက်သုံးပေးတာက သွားနဲ့ခံတွင်းကျန်းမာဖို့ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အချိုများတဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း ရေသောက်ပေးပါ။ သွားတွေမှာ အချိုဓါတ်တွေ ကပ်ကျန်နေတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစားတစ်ခုခုစားပြီးရေသောက်ချလိုက်တာက ခံတွင်းထဲမှာ အစားအကြွင်းအကျန်တွေကျန်မနေအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
နို့မှာ ကယ်လ်ဆီယမ်၊ ပရိုတင်း နဲ့ ဗီတာမင် D တို့ပါဝင်နေတာကြောင့် သွားနဲ့ခံတွင်းကို ကျန်းမာစေပါတယ်။ ဗီတာမင် D ကသွားတွေကြံ့ခိုင်ဖို့အတွက် အရေးပါတဲ့ ကယ်လ်ဆီယမ်ကို ခန္ဓါကိုယ်က ကောင်းကောင်းမွန်မွန်စုပ်ယူနိုင်အောင် ထောက်ပံ့ပေးပါတယ်။ နွားနို့ပုံမှန် သောက်သုံးမယ်ဆိုရင် လျှာ၊ခံတွင်း၊သွားဖုံးနဲ့ အာခေါင်တွေမှာပါ အနာရောဂါကင်းစေမှာပါ။
ကန်စွန်းဥက အာဟာရဓါတ်ကြွယ်ဝတဲ့ သစ်ဥသစ်ဖုတစ်မျိုးပါ။ ကန်စွန်းဥမှာ သွားအပေါ်ယံကြွေလွှာပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး ခံတွင်းကို ကျန်းမာစေတဲ့ ဗီတာမင် A အပြည့်အဝပါဝင်နေပါတယ်။
- ချိစ်နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး
ကြံ့ခိုင်တဲ့သွားတွေပိုင်ဆိုင်ချင်တယ်ဆိုရင် ချိစ်ကမေ့ထားလို့မဖြစ်ပါဘူး။ ချိစ်မှာ ကယ်လ်ဆီယမ်ရော ပရိုတင်းပါ ကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်ကျန်းမာဖို့ တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။
- အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ
ကိုက်လန်၊ ဟင်းနုနွယ်နဲ့ အခြားသောအစိမ်းရင့်ရောင်ရှိတဲ့အရွက်တွေက သွားနဲ့သွားဖုံးတွေအတွက် အာဟာရဓါတ်တွေဖြည့်တင်းပေးပါတယ်။ ဟင်းနုနွယ်မှာဆိုရင် ဗီတာမင် A၊ ဗီတာမင် B2 နဲ့ ဗီတာမင် B12 တို့ပါဝင်နေပါတယ်။ ဒါတွေအပြင် ပန်းသီး၊ မုန်လာဥနီ နဲ့ တရုတ်နံနံတို့က တံတွေးပိုထွက်စေပြီး သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်မှာပါ။
လက်ဖက်စိမ်းရေနွေးကြမ်းဖြစ်ဖြစ် ရိုးရိုးရေနွေးကြမ်းဖြစ်ဖြစ် ခံတွင်းထဲမှာ ရှိနေတဲ့ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားရာမှာ အထောက်အကူပြုပေးပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
- ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ
ဗီတာမင် C က သွားနဲ့သွားဖုံးကို ကျန်းမာစေပြီး ခံတွင်းအနာတွေ အကျက်မြန်အောင် အထောက်အပံ့ပေးပါတယ်။ ဗီတာမင် C ချို့တဲ့လာတဲ့အခါ သွားဖုံးသွေးယိုတာနဲ့ သွားတွေနဲ့လာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီးတို့လိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေစားသုံးပေးပါ။
သွားတွေကြားမှာ ကျန်ရှိနေတဲ့ အစာအကြွင်းအကျန်တွေကိုဖယ်ရှားပေးသလို တံထွေးထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အချိုဓါတ်မပါတဲ့ ပီကေဝါးပေးတာကလည်း သွားနဲ့ခံတွင်းကျန်းမာဖို့ တော်တော်လေးအထောက်အပံ့ဖြစ်စေတယ်။
အခုပြောပြခဲ့တဲ့ အစားအစာလေးတွေကို စားသုံးပေးရင်းကျန်းမာကြံ့ခိုင်တဲ့သွားတွေပိုင်ဆိုင်ထားတဲ့ ပြုံးအလှပိုင်ရှင်လေးဖြစ်လိုက်ပါနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။