မင်္ဂလာပါ
မင်္ဂလာပါ

Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။
တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်းတစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချယုံကြည်ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာပြုလုပ်ထားတဲ့ ကျန်းမာရေးစစ်ချက်တွေအရတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် မိမိခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက်အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေစဉ်ဘဝမှာတော့ ပြသနာရှိစေနိုင်ပါတယ် ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ အာသာဖြေခြင်းက စ်တ်နှစ်လိုဖွယ်ရာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ် ။
အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုမဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါတလေမှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်းရှိနိုင်ပါတယ် ။ ဒါက ယဉ်ကျေးမှု ၊ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မသန့်ဘူး ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စိတ်မသက်သာရင်တော့ စိတ်ချယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ အကြံပြုချင်ပါတယ် ။
တချို့လူတွေမှာတော့ အာသာဖြေခြင်းကို အရမ်းစွဲလမ်းတတ်ပါတယ် ။ အာသာဖြေခြင်းတစ်ခုတည်းသီးသန့်အတွက်နဲ့
ဒါဆိုရင်တော့ ဆရာဝန်တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ် ။ အမူအကျင့်ပြောင်းလဲခြင်းအနေနဲ့
ဒါ့ကြောင့် အာသာဖြေခြင်းကို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း မိမိကောင်းကျိုးအတွက် ဉာဏ်ရှိသလို အသုံးချပါလို့ ပြောရင်းနိဂုံးချုပ်ပါတယ် ခင်ဗျား။
ရေးသားသူ – Dr.Aung Kyaw Myint