White cohosh ဟာ သဘာဝဆေးဖက်ဝင် အပင်တမျိုး ဖြစ်ပြီး အပင်ရဲ့ အစိတ်အပိုင်းအားလုံးဟာ အဆိပ်အတောက်ဖြစ်စေပေမယ့် အောက်ပါရောဂါအခြေအနေတွေကို ကုသဖို့ အသုံးပြုလေ့ရှိကြပါတယ်။
ဓမ္မတာလာစေရန်။
အမျိုးသမီးရောဂါများကို ကုသရန်၊မီးဖွားရလွယ်ကူစေရန်။
အအေးမိ၊ချောင်းဆိုးရောဂါများကို ကုသရန်။
ဆီးလမ်းကြောင်းပြဿနာများကို ကုသရန်။
ယားယံခြင်း။
အစာအိမ်ပြဿနာများ။
အချို့သော သေအံ့ဆဲဆဲလူနာတွေကို white cohosh သုံးပြီး အသက်ကယ်ဖို့ ကြိုးစားလေ့ရှိကြပါသေးတယ်။white cohosh ကို အခြားသော ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်သေးတာမို့ အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ထံ မေးမြန်းသင့်ပါတယ်။
ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။
အောက်ပါအချက်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် :
white cohosh အပင်ရဲ့ အစိတ်အပိုင်းအားလုံးက အဆိပ်အတောက် ဖြစ်စေတာမို့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ လုံးဝအသုံးမပြုရပါဘူး။
အပင်ရဲ့ အစိတ်အပိုင်းအားလုံးက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။
white cohosh ဟာ အရေပြား ရောင်ရမ်းခြင်း၊အရည်ကြည်ဖု ထခြင်းများ ဖြစ်စေနိုင်တာမို့ အသားနဲ့တိုက်ရိုက်ထိခြင်းကို ရှောင်ရှားရပါမယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
white cohosh ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ် (အထူးသဖြင့် သင့်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ရှိနေရင်)။ ဘာလို့လဲဆိုတော့ white cohosh ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတဲ့အတွက် အဆိုပါပြဿနာတွေကို ပိုဆိုးလာနိုင်စေလို့ပါ။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အပင်မြစ် တဆနဲ့ 80%အယ်လ်ကိုဟော နှစ်ဆကို ရောနိုင်ပြီး အမြစ်ခြောက်အတွက်ဆိုရင်တော့ အပင်မြစ် တဆနဲ့ အယ်လ်ကိုဟော ငါးဆကို ရောပါ။ ပြီးရင် ၁၀စက် ကနေ ၁၅စက်ခန့် ပမာဏကို တနေ့ကို လေးကြိမ်လောက် သုံးစွဲနိုင်ပါတယ်။ အခြားသော တင်ချာများနည်းတူပါပဲ white cohosh အမြစ်ကို မသုံးစွဲမီ အနည်းဆုံး တလလောက် ဒီအတိုင်းထား ထားရပါမယ်။ လူနာတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
အနှစ်ပြုတ်ရည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ