brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ကဘာလဲ။

Poison ivy သည် အဆိပ်ရှိနွယ်ပင် တစ်မျိုးဖြစ်ပြီး အရေပြားယားယံကျိန်းစပ်ခြင်းကို ဖြစ်စေသည်။ အရေပြားကို နီရဲယောင်ရမ်းနာကျင်စေသည်။ ထိုဓါတ်မတည့်ခြင်းသည် အရွက်၊ ပင်စည်နှင့် အမြစ်တွင် ပါဝင်သော urushiol ဟုခေါ်သော ယောင်ရမ်းစေသော ဓါတ်တစ်မျိုးကြောင့်ဖြစ်သည်။ အပင်ကို မီးရှို့လျင် ထွက်လာသော မီးခိုးငွေ့သည်လည်း သင်၏ အဆုတ်ကို ထိခိုက်စေနိုင်သည်။

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) က ဘယ်လောက်အဖြစ်များသလဲ

အဆိပ်ရှိသော အပင်နှင့် ထိတွေ့မိသော သူများ သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါရှိသော သူများ၏ အရေပြားတွင် ရှိသော အဆိပ်နှင့် ထိတွေ့မိသောသူများတွင် ထိုဓါတ်မတည့်ခြင်းများဖြစ်နိုင်သည်။ ထပ်မံသိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်သည် ထိုအဆိပ်နှင့် ဓါတ်မတည့်လျင် အဓိကအားဖြင့် အရေပြားတွင် အနီကွက်များပေါ်ခြင်း၊ အရေကြည်ဖုများထွက်ခြင်း၊ ကဲ့သို့သော လက္ခဏာများ အဓိကဖြစ်တတ်သည်။ လက္ခဏာများသည် ရက်များစွာမှ ရက်သတ္တပတ်များအထိကြာမြင့်နိုင်သည်။ အခြားသောလက္ခဏာများအနေဖြင့် ယားယံခြင်း၊ အနည်းငယ်နာကျင်ခြင်းများလည်း ဖြစ်နိုင်သည်။ ထို့အပြင် အပင်ကို မီးလောင်သည့်အတွက် ထွက်လာသော မီးခိုးကို ရှူရှိုက်မိသည့်အခါ အသက်ရှူကြပ်ခြင်းလည်း ဖြစ်စေနိုင်သည်။

အထက်တွင် ဖော်ပြမထားသည့် လက္ခဏာများလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် လက္ခဏာများနှင့် ပတ်သတ်၍ စိုးရိမ်မှုရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အောက်ပါအချက်များထဲမှ တစ်စုံတစ်ရာဖြစ်ပါက သင်၏ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။

• အနီကွက်များသည် သင်၏ မျက်လုံး၊ ပါးစပ် သို့မဟုတ် လိင်အဂါၤများသို့ ပျံ့နှံ့သွားလျှင်၊

• အရေပြားယောင်ရမ်းလာလျှင်၊

• ဝက်ခြံဖုများပြည်တည်လာလျှင်၊

• ၃၈ ဒီဂရီထက်ကျော်လွန် အဖျားတက်လျှင်၊ သင်၏ ဆရာဝန်နှင့် ပြသပါ။

အကြောင်းရင်းများ

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ကိုဘာတွေကဖြစ်စေသလဲ

အဆိပ်ရှိသော အဆီ သို့မဟုတ် အပင်၏ အစိတ်အပိုင်း တစ်ခုခုနှင့် ထိတွေ့မိသည့်အခါ ဓါတ်မတည့်မှုများ ဖြစ်နိုင်သည်။ အပင်ကို တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် အဆိပ်ရှိနေသော တစ်စုံတစ်ရာကို ထိတွေ့မိခြင်းလည်း ဖြစ်နိုင်သည်။ အဆိပ်ဓါတ်သည် အဝတ်အစားများ၊ အမွှေးအတောင်များ၊ အသုံးအဆောင်များတွင် ကပ်နေတတ်ပြီး အချိန်အကြာကြီး အဆိပ်ဓါတ်ရှိ နေတတ်သည့်အတွက် အနီကွက်များ ဖြစ်ပေါ်စေနိုင်သည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

poison ivy အဆိပ်သင့်မှု ဖြစ်နိုင်ချေများစေသော အကြောင်းများစွာရှိသည်။ ဥပမာအားဖြင့်

• လယ်သမားများ၊

• သစ်တောစောင့်များ၊ ပန်းခြံစောင့်များ၊

• ဥယျာဉ်ခြံလုပ်သူများ၊

• မီးသတ်သမားများ၊

• တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများ၊

• ဓါတ်ကြိုးများ၊ဖုန်းလိုင်းများ တပ်ဆင်သူများ ပါဝင်ပါသည်။

ထို့အပြင် တောထဲသို့ camping သွားခြင်း၊ ငါးမျှားသွားခြင်း သို့မဟုတ် နေရာအသစ်များသို့ ခရီးထွက်ခြင်း များသည်လည်း အဆိပ်သင့်မှုဖြစ်နိုင်ချေများသည်။

ထိုဖြစ်နိုင်ချေများမရှိခြင်းသည် သင့်တွင် အဆိပ်သင့်မှုမဖြစ်နိုင်ဟု မဖြစ်နိင်ဟု မဆိုလိုပါ။ ထိုအချက်များသည် ပြဌာန်းချက်သာလျင်ဖြစ်သည်။ ပို၍ အသေးစိတ်သိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ကို ဘယ်လိုအတည်ပြုပါသလဲ

များသောအားခြင့် အနီကွက်များသည် မကြာခင်သက်သာသွားမည်ဖြစ်သောကြောင့် ဆရာဝန်နှင့်ပြသရန် သို့မဟုတ် ဆေးရုံသွားရန်မလိုအပ်ပါ။ သို့သော် အချို့သောအခြေအနေများတွင် ဆရာဝန်မှ လူနာ၏အရေပြားကို စစ်ဆေးပြီး အရေပြားယောင်ရမ်းနာကျင်ခြင်းကို ရောဂါအမည်တပ်ပါလိမ့်မည်။

Poison Ivy (ပွိုင်ဆင် အိုင်ဗွီ အပင်) ကို ဘယ်လိုကုသပါသလဲ

အကောင်းဆုံးမှာ အဆိပ်နှင့်မထိတွေ့အောင်နေခြင်းဖြစ်ပါသည်။ အဆိပ်ပင်ကို သိအောင်လုပ်ထားပြီး တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားရမည်။ အပြင်သွားသည့်အခါ သို့မဟုတ် ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်သည့်အခါ လက်အိတ်စွပ်ခြင်း၊ အကျီၤလက်ရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ခြင်းဖြင့် အဆိပ်နှင့် မထိတွေ့အောင်ကာကွယ်နိုင်ပါသည်။

အနီကွက်များသည် နှစ်ပတ်မှသုံးပတ် အချိန်အတွင်းတွင် ပြန်ပျောက်သွားနိုင်ပါသည်။ အကယ်၍ မပျောက်ပဲ အခြားနေရာများသို့ ပျံ့သွားပါက ဆရာဝန်မှ corticosteroid (prednisone) ဆေးကို ပေးပါလိမ့်မည်။ အနီကွက် သို့မဟုတ် အရေကြည်ဖုများကို ပိုးဝင်လျင် ဆရာဝန်မှ ပိုးသတ်ဆေးများပေးပါလိမ်မည်။ ထို့အပြင် calamine ပါဝင်သောယားယံခြင်းကို သက်သာစေသောလိမ်းဆေးများကို လိမ်းခြင်းဖြင့် အရေကြည်ဖုနှင့် အနီကွက်များကြောင့်ဖြစ်သော အရေပြားလောင်ခြင်းကို သက်သာစေသည်။ ပြင်းထန်သောအခြေအနေများတွင် အနီကွက်များ မျက်နှာသို့မဟုတ် လိင်အဂါၤများသို့ ပျံ့နှံ့သွားပါက ဆရာဝန်မှ စတီးရွိုက်ဆေးကို ထိုးဆေး သို့မဟုတ် သောက်ဆေးအနေဖြင့် ပေးနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသခြင်းများ

poison ivy ကိုနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသခြင်းများဖြင့် မည်ကဲ့သို့ သက်သာအောင်လုပ်နိုင်ပါသနည်း။

အောက်ပါတို့သည် poison ivy အဆိပ်သင့်ခြင်းကို သက်သာအောင်ပြုလုပ်ရန် နည်းလမ်းများဖြစ်သည်။

• ဆရာဝန် ညွှန်ကြားထားသော စတီးရွိုက်ဆေးကို နေ့စဉ်သောက်ပါ။ သောက်ဆေးအနေဖြင့် ဓါတ်မတည့်ခြင်းကို သက်သာစေသောဆေးများကို လိုအပ်သလို သောက်နိုင်ပြီး၊ ယားယံခြင်းသက်သာသွားသည့်အခါတွင် သောက်ဆေးကို ရပ်လိုက်နိုင်ပါသည်။

• စတီးရွိုက် လိမ်းဆေးကို အရေပြားကို ခြောက်သွေ့စေရန်နှင့် သန့်ရှင်းစေရန်လိမ်းပေးနိုင်သည်။ ပမာဏသည် သင်၏ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာနိုင်ပါသည်။

• လိုအပ်လျင် ယားယံခြင်းကို သက်သာစေသော လိမ်းဆေးရည်များကို လိမ်းနိုင်ပါသည်။ သို့သော် စတီးရွိုက်ဆေးလိမ်းထားပြီး တစ်နာရီအတွင်းမလိမ်းရပါ။

• အဖျားတက်ခြင်း၊ ပျို့အန်ခြင်း နှင့် ဝမ်းပျက်ခြင်းများဖြစ်လျင် သို့မဟုတ် အနီကွက်များပိုဆိုးလာလျှင် သို့မဟုတ် အနီကွက် များထပ်ထွက်လာလျှင် ဆရာဝန်နှင့် ပြသပါ။

သင့်တွင် ထပ်မံသိရှိလိုသည်များရှိလျင် သင်၏ ဆရာဝန်နှင့် ပြသပြီး သင့်အတွက် အကောင်းဆုံးဖြစ်မည့် နည်းလမ်းများကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။