Lobelia ကို အောက်ပါကျန်းမာရေးအခြေအနေအတွက် အသုံးပြုပါတယ်။

Lobelia ကို အခြားအခြေအနေများအတွက်လည်း အသုံးပြုပါသေးတယ်။ ထပ်မံသိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပါ။
Lobelia မှာ အကျိအချွဲတွေကို နည်းပါးစေခြင်းအားဖြင့် ချောင်းဆိုးရ၊ အသက်ရှုရ လွယ်ကူအောင် လုပ်ပေးတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်သမားတွေမှာပေါ့။ Lobelia မှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးက နီကိုတင်းလို အစွမ်းရှိပါတယ်။
Lobelia ဘယ်လို အလုပ်လုပ် တယ်ဆိုတာ အတိအကျဖော်ပြနိုင်တဲ့ လေ့လာတွေ့ရှိချက်တွေ မရှိသေးပါဘူး။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးပေးပါ။
အောက်ပါ အကြောင်းအရာများ ဖြစ်နေပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Lobelia သောက်သုံးခြင်းက အခြားတွေဆေးဝါးသောက်သုံးခြင်းလောက် တိကျဖို့မလိုပါဘူး။ ဘယ်လောက်ဘေးကင်းတယ်ဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါအုန်းမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ကလေးများအတွက်။ ကလေးတွေကို Lobelia ပေးရင် စိတ်ချလား မချရဘူးလားဆိုတာကတော့ မသိရသေးပါဘူး။ ကလေးကျန်းမာရေး ကျွမ်းကျင်သူတို့ရဲ့ ညွှန်ကြားမှုအောက်တွင်သာ ယင်းဆေးကို အသုံးပြုပါ။
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်။
Lobelia ကို သောက်ဆေးအဖြစ် သုံးမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ စိတ်မချရပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အဓိကဖြစ်စေတာကတော့ အော့အန်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၊ နို့တိုက်နေစဉ်အတွင်းမှာ Lobelia ကို မသုံးပါနှင့်။
လူတိုင်းတော့ ယင်းဆိုးကျိုးတွေကို မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့နှင့် တိုင်ပင်ဆွေးနွေးပေးပါ။
Lobelia လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ကျန်းမာရေးအခြေအနေများဖြင့် အချင်းချင်း သက်ရောက်မှုတွေ ရှိပါတယ်။ အသုံးမပြုခင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများ။ စိတ်ကျရောဂါ ပျောက်ဆေးများ၊ လစ်သီယမ်၊ စိတ်ငြိမ်ဆေးနှင့် ဆေးကြွဆေးများ ( ADADH တို့အတွက် ဆေးဝါးများ)
နီကိုတင်း အစားထိုးများ။ နီကိုတင်း ပလာစတာ၊ နီကိုတင်း ပီကယ်။
Chantix ( varencline) ။ Chantix ဟာ ဆေးလိပ်ဖြတ်ဆေးတစ်မျိုးပါ။ ယင်းဆေးက ဦးနှောက် ထဲမှာရှိတဲ့ ဒိုပါမင်း အနည်းအများအပေါ် သက်ရောက်ပါတယ်။
ဆေးရွက်ကြီး။ စီးကရက်နဲ့ မီးခိုးမထွက်သော ဆေးရွက်ကြီးများ
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ဆေးလိပ်ဖြတ်ရန်အတွက်။ Lobelia တစ်နေ့ကို 5mg နှစ်ကြိမ်သို့မဟုတ် lozenges 0.5mg
အပွင့်တို့ကို ရိုးရိုးရှင်းရှင်း အသုံးပြုပုံ။ အအေးမိ ချောင်းဆိုးခြင်းအတွက်2g ကနေ 4g အတွင်း လက်ဖက်ရည် အဖြစ် နေ့စဉ်သောက်ပေးပါ။
သောက်ရမည့်Lobelia ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ Lobelia သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။
Lobelia ကို အောက်ပါပုံစံများဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ဆေးစစ်ချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ