ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေးကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။
ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေးကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။

သေချာစိုက်ထားတာ မဟုတ်တာတောင် အကောင်းဆုံး ရှင်သန်နေတဲ့ ဒီအပင်လေးတွေကို ငယ်ငယ်ကတော့ ဆင်နှာမောင်းလေးနဲ့ တူလို့ ချစ်စရာလေးဆိုပြီး ဆော့ဖို့ ခူးကြပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်ကတော့ ဒီအပင်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။
အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ အပင် တစ်မျိုးပါ။
တောင်အမေရိက မျိုးရင်းပင် တစ်မျိုးပါ။ အပူပိုင်း နဲ့ သမပိုင်း ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။
အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ကို လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများစွာကတည်းက ဆေးဝါးကုသမှုမှာ အသုံးပြုခဲ့တာပါ။ ဒီဆင်နှာမောင်း ပင်လေးကို
ကြွက်နို့ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အရွက်ကို ရေစင်အောင်ဆေး ကြိတ်ခြေပြီး ကြွက်နို့ပေါ်မှာ အုံထားပေးရမှာပါ။ အပေါ်ကနေ ပတ်တီးစ ခပ်ပါးပါးလေး စည်းထားပေးရင်တော့ အကောင်းဆုံးပါ။
ဆင်နှာမောင်းပင်လေးကို နောက်ထပ် အသုံးပြုလို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ပါ။ အရွက်ကို မီးအုံးပြီးဖြစ်ဖြစ် ကြိတ်ခြေပြီး ဖြစ်ဖြစ် ရောင်ရမ်းနေတဲ့နေရာမှာ အုံပေးပြီး အဝတ် ခပ်ပါးပါး ဒါမှမဟုတ် ပတ်တီးစလေးနဲ့ စည်းထားပေးရုံပါ။
ဆင်နှာမောင်းပင်ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အဆစ်ရောင်နာ၊ လေးဖက်နာတို့ကြောင့် ကိုက်ခဲတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
ဒီ ဆင်နှာမောင်းပင် လေးကို အရေပြားမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အနာ၊ ယားနာ၊ နှင်းခူ၊ ဝဲ၊ ခရုသင်း စတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
နွေရာသီမှာ ဖြစ်တတ်တဲ့ ယားယံစေတဲ့ အရေပြားပေါ်က မိတ်တွေ သက်သာစေဖို့အတွက်လည်း ဆင်နှာမောင်းပင်ကို အသုံးပြုပေးလို့ ရပါသေးတယ်။
ဒါတွေအပြင် ဆင်နှာမောင်းပင်ကို
ဒီ အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် လေးက ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးတွေ များပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အများကြီး သုံးမိမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။