လုံခြုံစိတ်ချရမှုနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် Chaulmoogra အမှုန့်၊ အဆီနဲ့ လိမ်းဆေးတွေကို Psoriasis နဲ့ နှင်းခူနာတွေ အစရှိတဲ့ အရေပြားပြဿနာတွေကို ကုသဖို့ အသုံးပြုကြပါတယ်။
Chaulmoogra oil ကို အနာကြီးရောဂါကုသမှုမှာ အကြောထဲထိုးသွင်းပြီး အသုံးပြုကြပါတယ်။ အနာကြီးရောဂါကုသဖို့ ပထမဆုံးအသုံးပြုတဲ့ ဆေးတွေမှာ ပါဝင်တဲ့ပစ္စည်းတွေဟာ Chaulmoogra စေ့တွေမှာ ပါဝင်ပစ္စည်းတွေနဲ့ တူနေတာကြောင့် ဒါဟာ အံ့သြစရာတော့ မရှိပါဘူး။ တိရိစ္ဆာန်တွေမှာ လုပ်ထားတဲ့လေ့လာမှုတွေမှာတော့ သူဟာ အနာကြီးရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တယ်လို့ ဆိုပါတယ်။
သူ့မှာ စိတ်တည်ငြိမ်စေပြီး အဖျားကျစေတဲ့ အစွမ်းရှိပါတယ်။ အရေပြားရောဂါတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
Chaulmoogra oil ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် လေ့လာမှု အချို့က သူ့မှာ အနာကြီးရောဂါကုသနိုင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှု အတော်များများကတော့ သူဟာ အနာကြီးရောဂါဖြစ်စေတဲ့ mycobacterium laprae ကို တိုက်ခိုက်တဲ့ အာနိသင်ရှိတယ်ဆိုတာ အတည်ပြုထားကြပါတယ်။
Chaulmoogra oil ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
Chaulmoogra ဟာ cyanide ပါဝင်ပြီး cyanide အဆိပ်သင့်မှု ဖြစ်နိုင်တာကြောင့် ပါးစပ်ကသောက်ရင် စိတ်မချရပါဘူး။
အနာကြီးရောဂါကုသဖို့ အသုံးပြုမယ်ဆိုရင်လည်း ပိုမို စိတ်ချရပြီး ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေ ရှိတယ်ဆိုတာ သိထားသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Fe Chaulmoogra oil ကို ကလေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်လည်း သူ့ကို မသုံးသင့်ပါဘူး။
Chaulmoogra oil ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• ဗိုက်နာခြင်း၊ အရေပြား ယားယံခြင်း
• ဆေးထိုးထားတဲ့နေရာ အရေပြားအောက်မှာ အနည်ထိုင်ခြင်း
သူဟာ ပါးစပ်ကသောက်မယ်ဆိုရင် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ လည်ချောင်းတစ်ဆို့ဆို့ဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ဦးခေါင်းနဲ့ ကြွက်သားနာကျင်ခြင်းနဲ့ အကြောသေခြင်းတွေ ဖြစ်နိုင်ပါတယ်။
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
Chaulmoogra oil ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Chaulmoogra oil ကို ထိုးဆေးအနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် 15ml ထိုးပေးနိုင်ပါတယ်။
Chaulmoogra oil ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Chaulmoogra oil ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အဆီ၊ ထိုးဆေး၊ လိမ်းဆေးဆီ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ