brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Black Root

အသုံးပြုပုံများ

ကို ဘာအတွက်အသုံးပြုကြသလဲ

Black root ဆေးပင်အမြစ်ကို အန်ဆေး၊ ဆီးဆေး၊ ဝမ်းနှုတ်ဆေး၊ အရောင်ကျဆေး အဖြစ်အသုံးပြုပြီး အသားဝါခြင်းကို သက်သာစေရန်အတွက်လည်း အသုံးပြုကြသည်။ အသည်းရောဂါနှင့် သည်းခြေအိတ်ရောဂါများတွင် လည်း အသုံးပြုကြသည်။ အန်စေရန်အတွက်လည်း အသုံးပြုကြသည်။ ယခုခေတ်တွင် အသုံးနည်းသွားပြီဖြစ်သည်။

ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် Black root သည် သည်းခြေအိတ်မှ အူလမ်းကြောင်းသို့ သည်းခြေရည် စီးဆင်းမှုကို များစေကြောင်း လေ့လာမှုအချို့တွင် ပြဆိုထားသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သည်ခြေကျောက်တည်ခြင်း၊ သို့မဟုတ် သည်းခြေပြွန်ပိတ်ခြင်း စသော သည်းခြေအိတ် တွင် ပြသနာရှိလျှင် Black root ကို မသုံးသင့်ပါ။ ၎င်းသည် သင့်အခြေအနေကို ပိုဆိုးစေပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်းရောင်ယမ်းခြင်းများတွင် Black root သည် အစာခြေလမ်းကြောင်းကို လှုံ့ဆော်သောကြောင့် အန်ခြင်းနှင့် ဝမ်းနှုတ်ဆေးကဲ့သို့ အာနိသင်များဖြစ်စေသည်။ ဤအာနိသင်များသည် သင့်တွင် အူလမ်းကြောင်းရောင်ခြင်းရှိလျှင် Crohn’s disease ရောဂါရှိလျှင် အန္တရာယ်ဖြစ်စေနိုင်သည်။ သင့်တွင် ဤလက္ခဏာများရှိလျှင် Black root ကို မသောက်ပါနှင့်။

လိပ်ခေါင်း- သင့်တွင် လိပ်ခေါင်းရောဂါရှိလျှင် Black root ကို မသုံးပါနှင့်။ ဝမ်းနှုတ်ဆေးအဖြစ်လုပ်ဆောင်သောကြောင့် လိပ်ခေါင်းရောဂါကို အနှောက်အယှက်ဖြစ်စေသည်။

ရာသီပေါ်ခြင်း- သင်ရာသီလာနေချိန်တွင် Black root ကို မသုံးပါနှင့်။ ဝမ်းနှုတ်ဆေးအဖြစ်လုပ်ဆောင်သောကြောင့် နေထိုင်မကောင်းဖြစ်တတ်သည်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

က ဘယ်လောက်စိတ်ချရလဲ

အမြစ်လတ်လတ်ဆတ်ဆတ်ကို စားရန်သည် စိတ်မချရပါ။ ၎င်းသည် ကိုယ်ဝန်ပျက်ကျစေခြင်းနှင့် ကလေးမွေးလျှင် ချို့ယွင်းချက်များဖြစ်စေနိုင်သည်ဟု ယူဆရသော်လည်း သေချာမှုတော့မရှိပေ။ သို့သော် သင့်တွင် ကိုယ်ဝန်ရှိနေလျှင် ကို မသုံးပါနှင့်။ နို့တိုက်မိခင်များ နှင့် ကလေးများတွင်လည်း အသုံးမပြုသင့်ပေ။

ဘေးထွက်ဆိုးကျိုးများ

ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်တွင် အောက်ပါ ဘေးထွက်ဆိုးကျိုးများစွာရှိသည်။

• ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း

• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းအရောင်ပြောင်းခြင်း

• အသည်းကို အဆိပ်သင့်ခြင်း (အရွက်ကို အများကြီးစားလျှင်)

ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

• Black root သ ည် Atropine နှင့် ပေါင်းပြီး ရေတွင် မပျော်ဝင်နိုင်သော ဒြပ်ပေါင်းတစ်ခုဖြစ်စေသောကြောင့် Atropine ၏ အာနိသင်ကို လျော့စေသည့် အတွက် တွဲဖက်အသုံးမပြုသင့်ပါ။

• Black root သည် ဆေးများနှင့် ဓါတ်ပြုသောကြောင့် တွဲဖက်အသုံးမပြုသင့်ပါ။

• Black root သည် ဆီးဆေးများနှင့် တွဲဖက်အသုံးပြုလျှင် ပိုတက်ဆီယမ်ကို နည်းစေသောကြောင့် တွဲအသုံးမပြုသင့်ပါ။ သို့မဟုတ် ပိုတက်ဆီယမ် ဖြည့်စွက်သောက်ခိုင်းပါ။

• အသည်းကို အဆိပ်အတောက်ဖြစ်စေသော အခြားဆေးများနှင့် တွဲမသုံးရပါ။

• horsetail, licorice ကဲ့သို့သော ပိုတက်ဆီယမ်ကို ကိုကုန်စေသော ဆေးများနှင့် တွဲဖက်အသုံးမပြုရပါ။

• AST, ALT, alkaline phosphatase စသည့် ဓါတ်များကို စစ်ဆေးလျှင် တက်နေနိုင်သည်။

• Black root သည် ပိုတက်ဆီယမ်ကို များစေသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

black root ကို ရေအေးထဲတွင် အမြစ်ခြောက်ကို လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်းထည့်ပြီး၊ ဆူပွက်အောင်တည်ပြီး လက်ဘက်ရည် အဖြစ်သောက်နိုင်သည်။

ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ

က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• အမြစ် (အခြောက်နှင့် အစို)

• လိမ်းဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။