brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Arginine

အသုံးပြုပုံများ

ဘာအတွက်အသုံးပြုကြသလဲ

Arginine ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဓါတုပစ္စည်းပဲ ဖြစ်ပါတယ်။ အစားအစာကနေရရှိပြီး ကိုယ်ခန္ဓါအတွက် ပရိုတိန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ နီတဲ့အသား၊ ကြက်ဘဲ၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာလည်း ထုတ်လုပ်နိုင်ပြီး အောက်ပါရောဂါတွေအတွက် သုံးပါတယ်။

– နှလုံးရောင်ပြီး အလုပ်မလုပ်တော့တဲ့ရောဂါ၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးသွေးလွှတ်ကြောရောဂါ

– နှာစေးအအေးမိခြင်း

– ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း

Arginine ကို ဆေးညွှန်းမလိုဘဲ မိမိဖာသာသုံးစွဲနိုင်တဲ့ ဆေးများစွာနဲ့ရော အညွှန်းပါတဲ့ ဆေးပေါင်းများစွာနဲ့ပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။ ကျောက်ကပ်လဲလှယ် ထားပြီးချိန်မှာ ကျောက်ကပ်စနစ်ပိုကောင်းလာအောင် ကူညီပါတယ်။ အားကစားသမားတွေ စွမ်းဆောင်ရည်ကို တက်လာစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ လမပြည့်ဘဲမွေးတဲ့ကလေးတွေမှာ အစာလမ်းကြောင်း ရောင်ရမ်းတာကို ကာကွယ်ပေးပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးနှင့်ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် လေ့လာချက်တချို့အရ

– နှလုံးနဲ့သွေးကြောဆိုင်ရာ လုပ်ဆောင်ချက်တွေ

– ပန်းသေပန်းညှိုးပြသနာတွေ

– တခြား သွေးကြောရောဂါ၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးချို၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေနဲ့ ပတ်သက်မှု ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုများခြင်းဟာ ဦးနှြေက်ကို အဆိပ်ဓါတ် ဖြစ်စေပါတယ်။ သဘာဝဆေးဖက်ဝင်အပင်အတွက် လိုက်နာရမယ့်အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘယ်လောက်စိတ်ချရလဲ

ရောဂါမျိုးစုံရှိတဲ့ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်တွေမှာ သွေးကြောထဲ arginine ပေးခြင်းကြောင့် လမပြည့်ဘဲမွေးခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ မိခင်ရောကလေးပါ သေဆုံးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

နှလုံးရောဂါ၊ အသည်းရောဂါ၊ ရေယုန်၊ ပန်းနာ၊ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်ရောဂါ စတာတွေမှာ မသုံးရပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

arginine မှာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။

– ပျို့အန်ခြင်း၊ အစားပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပိုသွားခြင်း

– ကျောက်ကပ်ပြသနာကြောင့် သွေးတွင်း ယူရီးယား နိုက်ထရိုဂျင်များလာခြင်း၊

– သွေးယိုခြင်း၊ သွေးတွင်း သကြားဓါတ် ပြောင်းလဲခြင်း၊ ပိုတက်ဆီယမ် များလာခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပုံမှာ တဦးနဲ့ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

အသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

arginine ဟာ သင့်ရဲ့လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါး၊ ကျန်းမာရေးအခြေအနေတွေအပေါ် ဓါတ်ပြုပြောင်းလဲခြင်းတွေ ရှိနိုင်ပါတယ်။ အပင်များ အကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပါ။

arginine ဟာ သွေးပေါင်ကျစေပါတယ်။ သွေးပေါင်ကျဆေးတွေနဲ့ တွဲသောက်ရင် သွေးပေါင် အရမ်းနည်းသွားတတ်ပါတယ်။

အောက်ပါဆေးတွနဲ့ တွဲသုံးရင် သတိပြုသင့်ပါတယ်။

– ဆီးချိုဆေးများ

– သွေးတိုးကျဆေးများ (ဆေးဖက်ဝင်အပင်များ အပါအဝင်)

– နှလုံးသို့ သွေးစီးဆင်းမှုများစေသော ဆေးများ

– သွေးခဲခြင်းကို နှေးစေသော ဆေးများ

– Viagra

– ဆီးဆေးများ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Arginine ကို သောက်ဆေးအနေနဲ့ အခြေအနေပေါ် မူတည်ပြီး တရက်ကို ၆ ဂရမ်ကနေ ၃၀ ဂရမ်အထိ သောက်နိုင်ပါတယ်။ ၃၀ ဂရမ်ကျော်ပြီးတော့ မသောက်သင့်ပါဘူး။ သောက်သုံးဖို့ ပမာဏဟာ တဦးနဲ့တဦး မတူနိုင်ပါဘူး။ သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ သဘာဝဆေးဘက်ဝင်အပင်တွေက ထုတ်ထားတဲ့ ပစ္စည်းတွေဟာ အမြဲတမ်းတော့ အန္တရာယ်မကင်းပါဘူး။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

PasteTextHere

အောက်ဖော်ပြပါ ဆေးဝါးပုံစံများဖြင့် ရရှိနိုင်ပါတယ်။

– ဆေးပြားများ

– ဆေးတောင့်များ

– သွေးကြောတွင်းသွင်းသောဆေးများ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။