Alpha-Linolenic Acid သာ အပင်တွေမှာပါတဲပ omega 3 fatty acid တစ်မျိုးဖြစ်ပါတယ်။ သူ့ကို flaxseed oil, canola oil, soy, perilla နဲ့ walnut oil တွေမှာ တွေ့ရပါတယ်။
Alpha-Linolenic Acid ဟာ အောက်ပါအခြေအနေတွေအတွက် လူသိများပါတယ်။
Alpha-Linolenic Acid ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။
Alpha-Linolenic Acid ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က အောက်ပါအချက်တွေကို ဖေါ်ပြခဲ့ပါတယ်။
နှလုံးရောဂါ
လေ့လာမှုတစ်ခုက Alpha-Linolenic Acid ကို အစားအသောက်မှာ များပြားစွာ စားသောက်သူတွေဟာ သေစေနိုင်တဲ့ နှလုံးရပ်ခြင်းမျိုးဖြစ်နှုန်းနည်းတယ်လို့ ဆိုပါတယ်။
အခြား လေ့လာမှု တစ်ခုကတော့ Alpha-Linolenic Acid ပမာဏ များပြားစွာ စားသုံးတဲ့ အမျိုးသမီးတွေဟာ Alpha-Linolenic Acid နည်းနည်းသာ စားသုံးသူတွေထက် ရုတ်တရက် နှလုံးရပ်သေဆုံးနှုန်း ၄၆% ပိုများတယ်လို့ ဆိုပါတယ်။
အခြား လေ့လာမှုတစ်ခုကတော့ Alpha-Linolenic Acid ကို ပိုစားတဲ့သူတွေမှာ နှလုံးရောဂါကြောင့် သေနိုင်ခြေ လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။
သွေးပေါင်တက်ခြင်း
လေ့လာမှုတစ်ခုက Alpha-Linolenic Acid များပြားစွာ စားခြင်းဟာ သွေးပေါင်တက်နှုန်းကို ၃၀% လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
ပန်းနာရင်ကျပ်ရောဂါ
လေ့လာမှုတစ်ခုက Alpha-Linolenic Acid ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ပန်းနာရင်ကျပ်ရှိသူတွေမှာ အဆုတ်လုပ်ငန်းဆောင်တာ တိုးတက်စေတယ်လို့ ဆိုပါတယ်။
သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်
ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Alpha-Linolenic Acid ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
Alpha-Linolenic Acid ကို အစာမှာထည့်စားတဲ့ ပမာဏလောက်အသုံးပြုရင် လူကြီးတွေမှာ စိတ်ချရပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Alpha-Linolenic Acid ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အချို့ဆေးတွေဟာ Alpha-Linolenic Acid နဲ့ ဓါတ်ပြုနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ကလေးငယ်တွေမှာ
လူကြီး
Alpha-Linolenic Acid ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Alpha-Linolenic Acid ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ