Adrenal Extract ဟာ သတ်ခံရတဲ့ နွား၊ ဝက်၊ သိုးတွေရဲ့ adrenal gland ကနေ ထုတ်လုပ်ထားတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီ Herbal ကို လျှာအောက်မှာ ထားခြင်း၊ သောက်ခြင်း၊ သွေးပြန်ကြောအတွင်း ထိုးသွင်းခြင်းအားဖြင့် အသုံးပြုနိုင်ပါတယ်။
ပါးစပ်နဲ့သောက်နိုင်ပြီး အောက်ပါအခြေအနေတွေကို ကုသဖို့ အသုံးပြုပါတယ်။
လျှာအောက်မှာ ထားခြင်းဖြင့် အောက်ပါ အခြေအနေကို ကုသနိုင်ပါတယ်။
ထိုးဆေးအဖြစ် အောက်ပါအခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။
Adrenal Extract ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။
Adrenal Extract ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် လေ့လာမှုအချို့က adrenal glands ဟာ ကျောက်ကပ် အပေါ်မှာ ရှိပါတယ်။ သူတို့ဟာ ဟော်မုန်းတွေဖြစ်တဲ့ adrenaline နဲ့ cortisol တွေကို ပြုလုပ်ခြင်းအားဖြင့် ဖိအားကို တုန့်ပြန်ပါတယ်။ တိရိစ္ဆာန်တွေက ပြုလုပ်ထားတဲ့ Adrenal Extract ကို အသုံးပြုခြင်းဖြင့် ကိုယ်ခန္ဓါရဲ့ adrenal gland လို လုပ်ငန်းဆောင်တာမျိုး လုပ်ဆောင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါက Adrenal Extract ကို စုပ်ယူမှု ရှိမရှိနဲ့ သူဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိခြင်း မရှိပါဘူး။
သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်
ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ခွဲစိတ်မှု
Adrenal Extract အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။
e
Adrenal Extract ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Adrenal Extract ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ဖည့်စွက်စာအဖြစ် ဆေးတောင့် ၃၅၀ မီလီဂရမ်ကို တစ်နေ့တစ်ကြိမ် ရေနဲ့ သောက်သင့်ပါတယ်။
Adrenal Extract ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဖည့်စွက်စာအဖြစ် ဆေးတောင့် ၃၅၀ မီလီဂရမ်ကို တစ်နေ့တစ်ကြိမ် ရေနဲ့ သောက်သင့်ပါတယ်။
Adrenal Extract ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ