ကိုရီးယားဆန်ဆန်လှချင်နေတဲ့ဒီခေတ်ထဲမှာ မုတ်ဆိတ်သပ်သပ်ရပ်ရပ်လေးထားပြီးယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ ကိုကိုတွေများရှိနေသေးလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ဒီဆောင်းပါးလေးထဲမှာ မုတ်ဆိတ်ထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့။ ဘာတွေဂရုစိုက်သင့်လဲဆိုတာကိုပြောပြပေးမယ်နော်။
ရို့စ်မယ်ရီအဆီနဲ့ အုန်းဆီကိုရောစပ်ထားတဲ့ အဆီကို ဦးရေပြားမှာလူးပေးမယ်ဆိုရင် ဆံပင်သန်စေနိုင်သလို မုတ်ဆိတ်မွှေးထွက်တဲ့နေရာမှာလိမ်းပးမယ်ဆိုရင် မုတ်ဆိတ်ကို သန်စေမှာပါ။ အသုံးပြုရမယ့်နည်းလမ်းကတော့ရို့စ်မယ်ရီအဆီ တစ်ဆကို အုန်းဆီ ၁၀ ဆနဲ့ရောပြီး မုတ်ဆိတ်ထွက်မယ့်နေရာမှာ လူးပေးရပါမယ်။ပြီးရင် ၁၅ မိနစ်ကနေ မိနစ် ၂၀လောက်ထားပေးပြီးရေအေးနဲ့ဆေးချလိုက်ပါ။ အရေပြားမှာ ဓါတ်မတည့်မှုတစ်စုံတရာဖြစ်မယ်ဆိုရင် မျက်နှာသစ်ဆေးသုံးပြီးဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် အသုံးပြုပေးနိုင်ပါတယ်။ အချိုးအစားမှန်ကန်ဖို့တော့ ဂရုစိုက်ပါနော်။
မုန်းညှင်းဆီထုတ်တဲ့ မုန်းညှင်းစေ့ပင်ရဲ့ အရွက်ကို ဇီးဖြူသီးအဆီအနှစ်နဲ့ရောစပ်ပြီး
မျက်နှာကို လူးပေးမယ်ဆိုရင်လည်း မုတ်ဆိတ်ထွက်စေမှာပါ။ မုတ်ဆိတတ်ထွက်တဲ့နေရာကိုပဲ လူးပေးဖို့လိုပါမယ်။ ဇီးဖြူသီးအဆီအနှစ် ခွက် ၄ ပုံတစ်ပုံစာကို မုန်ညှင်းစေ့ပင်အရွက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပြီး ကြိတ်ခြေပေးပါ။ ရလာတဲ့အနှစ်ကို မုတ်ဆိတ်ထွက်မယ့်နေရာမှာ လူးပေးပါ။ပြီးရင် မိနစ် ၂၀လောက်ထားပေးပါ။ မျက်နှာသစ်ဆေးခပ်ပျော့ပျော့တစ်ခုကိုသုံးပြီးရေအေးကိုသုံးလို့ သန့်စင်ဆေးကြောပါ။နေ့တိုင်းအသုံးပြုပေးလို့ရပါတယ်။ တစ်ခါလုပ်ထားပြီးသားအနှစ်ကိုရေခဲသေတ္တာထဲမှာ ၂ ရက်ကနေ ၃ ရက်အထိထားပေးဖို့ရပါတယ်။
ဒိနည်းလမ်းက မုတ်ဆိတ်တွေကိုမြန်မြန်ဆန်ဆန်သန်လာစေမယ့်နည်းတစ်ခုပါ။ အလွယ်တကူလည်းလုပ်လို့ရတဲ့နည်းတစ်ခုပေါ့။ သံပရာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောစပ်လို့ မျက်နှာပေါ်က မုတ်ဆိတ်ထွက်မယ့်မေးရိုးတလျှောက်ကိုလိမ်းပေးရမှာပါ။ရောစပ်ထားတဲ့အနှစ်ကို ခပ်ပါးပါးလေးလူးပေးပြီး ၂၅ မိနစ်ကနေ နာရီဝက်ကြာထားပေးပါ။ပြီးရင်တော့ မျက်နှာသစ်ဆေးခပ်ပျော့ပျော့နဲ့ ရေအေးကိုအသုံးပြုလို့ မျက်နှာကိုဆေးကြောသန့်စင်လိုက်ပါနော်။နောက်တဆင့်ကတော့ မျက်နှာကိုရေခြောက်အောင်သုတ်ပြီး
အစိုဓါတ်ထိန်းခရင်မ်လေးတစ်ခုခုလိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးလို့ရပါတယ်။
မုတ်ဆိတ်ပေါက်ဆေးတွေလည်းရှိပေမယ့် သဘာဝပစ္စည်းတွေနဲ့ အန္တရာယ်ကင်းကင်းလေး စမတ်ကျလှပချင်တယ် အမျိုးသားတွေအတွက်တော့ ဒီနည်က အဆင်ပြေမှာပါနော်။ မုတ်ဆိတ်ထွက်စေဖို့က ဒီနည်းတွေကိုအသုံးပြုလို့ရတဲ့အပြင် အိပ်ချိန်၊အစားအသောက်တွေကိုဂရုစိုက်ဖို့လိုသလို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါဦးမယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။